【 နိုင်ငံတကာဆောင်းပါး 】တရုတ်၏ အာကာသ မှတ်တိုင်များ

【 နိုင်ငံတကာဆောင်းပါး 】တရုတ်၏ အာကာသ မှတ်တိုင်များ

၂၀၂၂ ခုနှစ်ဟာ တရုတ်နိုင်ငံအတွက် အာကာသစခန်းနဲ့ပတ်သက်ပြီး အောင်မြင်မှုအသီးအပွင့် အလွန်များခဲ့သော နှစ်တစ်ခု ဖြစ်ခဲ့ပါတယ်။ နိုဝင်ဘာလတွင် စတင်ခဲ့သော Shenzhou-15 မစ်ရှင်ကလည်း အာကာ သစခန်းဆောက်လုပ်မှု နောက်ဆုံးအဆင့်ကို အဆုံးသတ်နိုင်ခဲ့ပြီး စခန်းရဲ့အသုံးပြုခြင်းနှင့် တိုးတက်မှုအတွက် ပထမအဆင့်ကို စတင်နိုင်ခဲ့ပါတယ်။

၂၀၂၂ တွင် တရုတ်ဟာ ပထမဆုံး အာကာသစခန်းဆောက်လုပ်ရန် မစ်ရှင် ၆ ခုကို ပြုလုပ်ခဲ့ပါတယ်။

မေလ ၁၀ ရက်နေ့တွင် Tianzhou-4 အာကာသယာဉ်ကို အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ပြီး အာကာသထဲကို စေလွှတ်နိုင်ခဲ့ပါတယ်။ လျင်မြန်သော docking နည်းပညာကို အသုံးပြုခဲ့ပြီး အာကာသစခန်းကို ရောက် ရှိရန် အချိန် ၇ နာရီခန့်ဟာ အချိန်ယူခဲ့ပါတယ်။ ထိုကုန်တင်အာကာသယာဉ်ဟာ ကုန်ပစ္စည်းများကို သယ်ဆောင်ခဲ့ပါတယ်။ထိန်းသိမ်းရေးပစ္စည်းများနှင့် သုတေသနလုပ်ငန်းဆိုင်ရာ ပစ္စည်းများ နှင့် Shenzhou-၄ အတွက် ပစ္စည်းများကိုသယ်ဆောင်ပေးခဲ့ပါတယ်။

ဇွန်လ ၅ ရက်နေ့တွင်လည်း တရုတ်ဟာ Shenzhou-14 အာကာသယာဉ်မှူးများပါဝင်သော မစ်ရှင်ကို စတင်ခဲ့ပြီး အာကာသယာဉ်မှူး ၃ ဦးပါဝင်သော မစ်ရှင်ကို စတင်ခဲ့ပြီး ထိုယာဉ်မှူးများကတော့ ချဲန်တုံ၊ လျူ ယန်း၊ ကိုင်ချူဇေ တို့ကို အာကာသစခန်းသို့ ပို့ဆောင်နိုင်ခဲ့ပါတယ်။ အာကာသယာဉ်မှူးများကတော့ စခန်းတွင် ၆ လခန့်နေခဲ့ကြပြီး ဒီဇင်ဘာလ ၄ ရက်နေ့တွင် ကမ္ဘာမြေကို ပြန်လာခဲ့ကြပါတယ်။ သူတို့ရဲ့ အာကာ သစခန်းပေါ်တွင် နေချိန်တွင် Shenzhou-14 ပေါ်က ယာဉ်မှူးတို့ဟာ အာကာသစခန်းကနေ သင်ခန်းစာကိုလည်း ပေးခဲ့ကြပါတယ်။ ပြီးတော့ အာကာသယာဉ်အပြင်ဘက်တွင် မစ်ရှင်ပေါင်း ၃ ခုကို ဆောင်ရွက်ခဲ့ကြပါတယ်။

တရုတ်ဟာ Wentian ရဲ့ ပထမမော်လ်ကျူလ်းကိုလည်း ဇူလိုင်လ ၂၄  တွင် စေလွှတ်ခဲ့ပြီး ဒုတိယ အသုတ်ကို အောက်တိုဘာလ ၃၁ ရက်နေ့တွင် စေလွှတ်ခဲ့ပါတယ်။ ဒီမော်လ်ကျူလ်းနှစ်ခုလုံးဟာ အာကာသ အ တွင်း သိပ္ပံဆိုင်ရာ သုတေသီများကို ပြုလုပ်ရာတွင် အသုံးပြုမှာဖြစ်ပါတယ်။

နိုဝင်ဘာလ ၁၂ ရက်နေ့တွင် နောက်ထပ် အာကာသယာဉ်တစ်ခုဖြစ်တဲ့ Tianzhou-5 ကိုလည်း အာကာသသို့ စေလွှတ်ခဲ့ပြီး စတင်စေလွှတ်ခဲ့ပြီး ၂ နာရီအကြာတွင် အာကာသစခန်းနဲ့ ချိတ်ဆက်နိုင်ခဲ့ပါတယ်။ ဒါဟာ အမြန်ဆုံး အာကာသစခန်းနဲ့ ချိတ်ဆက်နိုင်ခဲ့သော အာကာသယာဉ်ဖြစ်ပါတယ်။ အရေးပါသော Shenzhou-15 အတွက် ပစ္စည်းများကိုလည်း သယ်ဆောင်နိုင်ခဲ့ပြီး သိပ္ပံဆိုင်ရာ သုတေသီပစ္စည်းများကိုလည်း သယ် ဆောင်နိုင်ခဲ့ပါတယ်။

နောက်ဆုံးအဖြစ် တရုတ်ဟာ Shenzhou-15 အာကာယာဉ်ကို အာကာသယာဉ်မှူးများနဲ့အတူ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် စေလွှတ်ခဲ့ပါတယ်။ အာကာသယာဉ်မှူးများဖြစ်ကြတဲ့ ဖေကျွန်လုံ၊ ဒဲန်ချင်မင် နှင့် ဇန် လုတို့ လိုက်ပါခဲ့ကြပါတယ်။ Shenzhou-14 အာကာသယာဉ်မှူးများဟာ Shenzhou-14 နဲ့ လိုက်ပါလာသော အာကာသယာဉ်မှူးများကို ကြိုဆိုခဲ့ကြပါတယ်။ ဒါဟာ တရုတ်အာကာသစခန်းတွင် ပထမဆုံး ပြုလုပ်သော စခန်းလွှဲပြောင်းပေးခြင်း အစီအစဉ်ဖြစ်ပြီး Shenzhou-15 အာကာသယာဉ်မှူးများဟာ စခန်းတွင် ၆ လ နေမှာ ဖြစ်ပြီး အာကာသပေါ်တွင် ရေရှည်နေနိုင်ရန်လေ့လာမှု ပြုလုပ်မည် ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ အာကာသစခန်းဟာ T ပုံစံရှိလာနေပြီဖြစ်ကာ Tianhe core module နှင့် Wentian နှင့် Mengtian lab မော်လ်ကျူလ်းတို့လည်း ပါဝင်ပါတယ်။

Shenzhou-15 မစ်ရှင်ကို စတင်လိုက်ခြင်းကြောင့် အာကာသစခန်းဟာ နောက်တစ်ဆင့်ကို မြင့်တက်ခဲ့ပြီး အသုံးပြုမှုနှင့် တိုးတက်မှုအသစ်ကိုလည်း ဖော်ဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်၊ ဒီစခန်းဟာ ၁၀ နှစ်အထိ အသုံး ပြုနိုင်မည်ဖြစ်ပါတယ်။

အနာဂတ်စီမံချက်များအတွက် တရုတ်နှင့် နိုင်ငံတကာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်သော အာကာသသိပ္ပံအသုံးပြုမှုများကို စီမံထားသည့်အတိုင်း အကောင်အထည်ဖော်နေပြီဖြစ်ပါတယ်။ အခြားသော အာကာသဆိုင်ရာ ပစ္စည်းများကိုလည်း လာမယ့်နှစ်အတွင်း အာကာသသို့ သယ်ဆောင်သွားမှာ ဖြစ်ပါတယ်။

အနာဂတ်တွင် နိုင်ငံတကာ အာကာသယာဉ်မှူးများနှင့် သိပ္ပံပညာရှင်များဟာ အာကာသပေါ်တွင် နေထိုင်အလုပ်လုပ်နိုင်မည့် အခွင့်အလမ်းရရှိလာမှာ ဖြစ်ပါတယ်။

Naing

Ref:CMG: Year-end review: Milestones of China Space Station in 2022