【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်လာတဲ့ လက်ဖက်သစ်တော

【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်လာတဲ့ လက်ဖက်သစ်တော

ယူနန်ပြည်နယ်ဟာ မြန်မာနိုင်ငံနဲ့ နယ်မြေချင်းထိစပ်နေတဲ့ တရုတ်နိုင်ငံထဲက ပြည်နယ်တစ်ခုဖြစ်ပါတယ်။

ယူနန်ပြည်နယ်တွင် ကမ္ဘာပေါ်ရှိ အမျိုးမျိုးအဖုံဖုံသော မြေမျက်နှာသွင်ပြင်အနေအထားနှင့် ဂေဟစနစ်အမျိုးအစားများ အားလုံးနီးပါး ပါဝင်လျက်ရှိကာ နေရာတိုင်းမှာလည်း အရောင်အသွေးစုံလင်ပြီး ပန်းချီကားသဖွယ် ကဗျာဆန်စွာ လှပနေပါတယ်။

ယူနန်ပြည်နယ်ရဲ့ မြိုတော် ကူမင်းမြိုအပါအဝင် သဘာဝအလှတရားများနှင့် ပြည့်နှက်နေသော တာလီဒေသ (Dali)၊ ကမ္ဘာ့သဘာဝအမွေအနှစ်ဖြစ်သည့် ကမ္ဘာ့အခမ်းနားဆုံး အံ့ဖွယ်အဖြစ် တင်စားခေါ်ဝေါ်ကြသော ကျောက်တုံးတောဥယျာဉ် (Shilin)၊ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သော လိကျန်းရှေးဟောင်းမြို (Lijiang)၊ ဟားနီ တိုင်းရင်းသား (Hani) တို၏ လှေကားထစ်စိုက်ခင်းများ၊ လျှိဝှက်ဆန်းကြယ်သော လူးကူးကန် (Lugu Lake)၊ လှပသာယာသော ဆစ်ဆောင်ပန်းနားဒေသ (Xishuangbanna) တွေဟာလည်း လူသိများထင်ရှားလှပါတယ်။

ယူနန်ပြည်နယ်ထဲမှာ တည်ရှိတဲ့ ဖူအယ်မြို (Pu'er) ဟာလည်း သမိုင်းကြောင်းရှည်ကြာပြီး ဇီဝမျိုးကွဲပေါင်းများစွာရှိပါတယ်။ ရာသီဥတုသင့်တင့်မျှတပြီး ဂေဟစနစ်ကောင်းမွန်တဲ့ ဒေသဖြစ်ပါတယ်။ အဲဒီဒေသမှာ လေးနက်သော ဖူအယ်လက်ဖက်ခြောက်ယဉ်ကျေးမှု၊ ရှေးကျ၍ ဆန်းကြယ်သော ရှေးဟောင်းလက်ဖက်ရည်ကြမ်း - မြင်းလမ်းမကြီး (Tea Horse Road) ယဉ်ကျေးမှု၊ အသွင်စုံလင်သော တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု၊ လူသားနှင့် သဘာဝတရားတိုအား သဟဇာတဖြစ်စေသည့် အစိမ်းရောင်ဂေဟစနစ်ယဉ်ကျေးမှုနှင့် တစ်မူထူးခြားသော နယ်စပ်ဂိတ်ယဉ်ကျေးမှု စသဖြင့် ယဉ်ကျေးမှုများ စုံလင်စွာ တည်ရှိနေပါတယ်။

ဖူအယ်မြိုမှာရှိတဲ့ “ကျင်မိုက်တောင် (Jingmai) ရှေးဟောင်းလက်ဖက်သစ်တော ယဉ်ကျေးမှု ရှုမျှော်ခင်းကိုလည်း ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်” စာရင်းဝင်ဖို လျှောက်ထားခဲ့ကြပါတယ်။ဒီလိုနဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်းက ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာ့ဒ်မြို၌ ပြုလုပ်ခဲ့တဲ့ UNESCO ကမ္ဘာ့အမွေအနှစ်ကော်မတီ၏ ၄၅ ကြိမ်မြောက် တိုးချဲ့အစည်းအဝေးမှာတော့ တရုတ်မှလျှောက်ထားသည့် အဆိုပါနေရာကို ကမ္ဘာ့အမွေအနှစ်အမည်စာရင်းသို တင်သွင်းရန် အတည်ပြုခဲ့ပါတယ်။အဲဒီနေရာဟာ ယူနန်ပြည်နယ်၊ ဖူအယ်မြို၊ ဟွေ့မင်ရွာ အရှေ့တောင်ပိုင်းတွင် တည်ရှိတာဖြစ်ပါတယ်။

ကမ္ဘာပေါ်ရှိ ပထမဆုံးသော လက်ဖက်ယဉ်ကျေးမှုအမွေအနှစ်နေရာဖြစ်ပြီး တရုတ်နိုင်ငံ၏ ၅၇ ခု မြောက် ကမ္ဘာ့အမွေအနှစ်နေရာလည်း ဖြစ်လာပါတယ်။ အမွေအနှစ်နေရာတွေထဲမှာ ရှေးဟောင်းလက်ဖက်တော ၅ ခု၊ ရှေးဟောင်းရွာ ၉ ရွာနှင့် အခြားနေရာ ၃ ခု ပါဝင်ပါတယ်။ရှေးဟောင်း လက်ဖက်တောများဟာ  သစ်ပင်ကြီး၊ သစ်ပင်ငယ်များ အတူတကွတည်ရှိနေတာဖြစ်ပါတယ်။အမွေအနှစ်စာရင်းဝင်နေရာတွင် ရှေးဟောင်း လက်ဖက်သစ်တောများ၊ လက်ဖက်ဥယျာဉ်များ၊ သစ်တောများနှင့် ရိုးရာကျေးရွာများ ပေါင်းစပ်ထားပြီး အဆက်မပြတ် တိုးတက်နေသော ယဉ်ကျေးမှု ရှုခင်းတစ်ခုဖြစ်ပါတယ်။

တရုတ်လက်ဖက်ယဉ်ကျေးမှုဟာ ကြာရှည်သောသမိုင်းနှင့် အလွန်နက်နဲသိမ်မွေ့သော သမိုင်းအမွေအနှစ်ရှိနေသလို ကျင်မိုင်တောင် ရှေးဟောင်း လက်ဖက်သစ်တောသည်လည်း “ရှေးဟောင်း” နှင့် “သစ်တော” ထူးခြားမှုများစွာဖြင့် တည်ရှိသည့် အမွေအနှစ်နေရာလည်း ဖြစ်လာခဲ့ပါတယ်။

ဒါကြောင့် ဖူအယ်ဒေသအပါအဝင် ယူနန်ပြည်နယ်ရဲ့ ရှေးကျပြီး အရောင်သွေးစုံလင်နေတဲ့ ဂေဟစနစ်တွေနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ တည်ရှိရာ နေရာတွေကလည်း အဖိုးတန်ပန်းချီကားတစ်ချပ်အသွင် ဖန်တီးပုံဖော်ပေးနေတာဖြစ်ပါတယ်။

ခန့်မောင်