【 နိုင်ငံတကာဆောင်းပါး 】 တရုတ်နိုင်ငံ၏ စိမ်းလန်းဖွံ့ဖြိုးတိုးတက်မှု ခေတ်သစ် (၂)

【 နိုင်ငံတကာဆောင်းပါး 】 တရုတ်နိုင်ငံ၏ စိမ်းလန်းဖွံ့ဖြိုးတိုးတက်မှု ခေတ်သစ် (၂)

ဒါ့အပြင် ထိန်းသိမ်းရေး မကျူးကျော်ရ အနီရောင်စည်းလိုင်းတွေကိုလည်း သတ်မှတ်ထားပြီး ထိခိုက်လွယ်သော နေရာများ၊ သဘာဝပတ်ဝန်းကျင်အတွက် အရေးပါသော နေရာများကို ကာကွယ်ခဲ့တာကြောင့် ဒီအနီရောင်လိုင်းတွေရဲ့ ကာကွယ်မှုအောက်မှာ တရုတ်နိုင်ငံရဲ့ ကုန်းမြေ ၃၀ ရာခိုင်နှုန်းရှိနေပြီဖြစ်ပါတယ်။

ဒီလိုစနစ်တွေအောက်မှာ တရုတ်ဟာ ထိန်းသိမ်းရေးနဲ့ ပြန်လည်အသက်သွင်းရေး စီမံကိန်းကြီးများစွာကို ဆောင်ရွက်ခဲ့ပြီး ပြဿနာများကို အမြစ်ကနေဖြေရှင်းဖို့ ရည်ရွယ်ပါတယ်။

စွန့်ပစ်နယ်မြေတွေကို သစ်တောတွေ၊ မြက်ခင်းပြင်တွေအဖြစ် အသက်သွင်းခြင်း၊ ကမ်းရိုးတန်းကာကွယ် အသက်သွင်းခြင်းကဲ့သို့သော ကြီးမားတဲ့ စီမံကိန်းတွေကနေတစ်ဆင့် သစ်တော၊ မြက်ခင်းပြင်၊ စိုစွတ်နယ်မြေ၊ မြစ်ချောင်း၊ အင်းအိုင်တွေရဲ့ ဧရိယာတိုးလာစေပြီး ခြောက်သွေ့ခြင်းကို တိုက်ဖျက်လျက်ရှိပါတယ်။  

၂၀၁၂ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်းမှာ သစ်ပင်ဧရိယာပေါင်း ဟက်တာ ၆၄ သန်းကို စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်အရောက်မှာတော့ သစ်တောလွှမ်းခြုံမှုဟာ ၂၄ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ပြီး သစ်တောပမာဏဟာ ၁၉.၅ ဘီလီယံ ကုဗမီတာအထိ ရှိခဲ့ပါတယ်။ဒါကြောင့် တရုတ်ဟာ သစ်တောအရင်းအမြစ်တွေ အမြင့်ဆုံးတိုးတက်တဲ့ နိုင်ငံဖြစ်လာပြီး လူကပြုလုပ်တဲ့ သစ်တောဧရိယာအကြီးဆုံးကိုလည်း ပိုင်ဆိုင်ထားပါတယ်။ခြောက်သွေ့ခြင်းနဲ့ ကန္တာရဖြစ်တည်ခြင်းဟာလည်း လျော့နည်းလာပြီး ဒါဟာ ၂၀၃၀ ခုနှစ်မှာ ကမ္ဘာလုံးဆိုင်ရာ မြေယာ ညစ်ညမ်းစွန့်ပစ်မှု အသားတင်သုညဖြစ်စေရေး ပန်းတိုင်အတွက် များစွာအထောက်အကူပြုနေတာဖြစ်ပါတယ်။

            ၃။ အဓိကဒေသများရဲ့ သဘာဝပတ်ဝန်းကျင် အထောက်အကူပြု တိုးတက်မှုကို အားပေးခြင်း

တရုတ်နိုင်ငံဟာ ဒေသတွင်းတိုးတက်မှုအတွက် အဓိကမဟာဗျူဟာများကို လမ်းညွှန်ချမှတ်လျက်ရှိပြီး အဓိကဒေသများအား နိုင်ငံတစ်ဝှမ်း အစိမ်းရောင်လူမှုရေးနဲ့ စီးပွားရေးတိုးတက်မှုရဲ့ စွန့်ဦးတီထွင်ခြင်း စံပြများဖြစ်အောင် တွန်းအားပေးလျက်ရှိပါတယ်။

            ဆိုင်ဟမ်ဘာ - သဲကန္တာရမှ အိုအေစစ်အဖြစ် ပြောင်းလဲခြင်း

ဟေဘေးပြည်နယ်မြောက်ပိုင်း ပေကျင်းမြို့နဲ့ ကီလိုမီတာ ၃၀၀ အကွာမှာ တည်ရှိတဲ့ ဆိုင်ဟမ်ဘာဟာ ၁၉၅၀ ခုနှစ်များက အဝါရောင်သဲတွေချည်း ဖုံးလွှမ်းထားကာ သစ်ပင်တစ်ပင်မရှိတဲ့ ကန္တာရကြီးဖြစ်ခဲ့ပါတယ်။

တရုတ်ဟာ ၁၉၆၀ ခုနှစ်များမှာ ဆိုင်ဟမ်ဘာ သစ်တောဥယျာဉ် တည်ဆောက်ရေးကို စတင်ခဲ့ပြီး ပူပြင်းတဲ့ နေရောင်အောက် ကြမ်းတမ်းတဲ့ မြေပြင်ပေါ်မှာ ဒေသခံတွေဟာ အကြီးဆုံး လူလုပ်သစ်တောကို စိုက်ပျိုးခဲ့ပြီး သဲကန္တာရကို အိုအေစစ်အဖြစ် ပြောင်းလဲခဲ့ကြပါတယ်။အခုအချိန်မှာ ဆိုင်ဟမ်ဘာ သစ်တောဧရိယာပေါင်း ဟက်တာ ၇၆,၇၃၃ ရှိနေပြီဖြစ်ပါတယ်။ဒါဟာ ပေကျင်း-တိုင်ကျင်း-ဟေဘေး ဒေသရဲ့ အရည်အသွေးမြင့် တိုးတက်မှုအတွက် ခိုင်မာတဲ့ အုတ်မြစ်ဖြစ်သလို ကျေးလက်ခရီးသွားတိုးတက်ရေး၊ ဒေသခံများအတွက် အလုပ်အကိုင်ရရှိစေရေးနဲ့ ပတ်ဝန်းကျင်ဒေသမှ ပြည်သူများအတွက် အကျိုးဖြစ်ထွန်းရေးတွေကိုပါ ယူဆောင်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မှာတော့ ဒီသစ်တောဥယျာဉ်ကြီးဟာ ကုလသမဂ္ဂက ချီးမြှင့်တဲ့ ကမ္ဘာမြေဆိုင်ရာ ချန်ပီယံဆုနဲ့ ၂၀၂၁ ခုနှစ်မှာတော့ ဘဝအတွက် မြေယာဆုကို ရရှိခဲ့ပါတယ်။  

တရုတ်နိုင်ငံမြောက်ပိုင်းဒေသမှာတော့ ရေအောက်မြေကို ထိန်းသိမ်းရေးအတွက် အပြင်းအထန် ကြိုးပမ်းလျက်ရှိပါတယ်။ဒီဒေသမှာပဲ ပေကျင်းကနေ ပြောင်းရွှေ့လာမယ့် အစုအဖွဲ့တွေအတွက် မြို့ပြဒေသအသစ် ရှန်ဂန်းကို တည်ဆောက်နေပါတယ်။ဒီမြို့ကိုတော့ အရည်အသွေးမြင့် အစိမ်းရောင်တိုးတက်မှုရှိပြီး ရေ၊ မြေ၊ လေ ဟန်ချက်မျှတဲ့ ဥပမာမြို့ပြအဖြစ် ဖော်ဆောင်နေတာဖြစ်ပါတယ်။  

ဒါ့အပြင် တရုတ်နိုင်ငံရဲ့ အဓိကဖြစ်တဲ့ ယန်ဇီမြစ်ကိုလည်း ထိန်းသိမ်းစောင့်ရှောက်မှုတွေ ပြုလုပ်နေပါ တယ်။ယန်ဇီမြစ် ပြန်လည်အသက်သွင်းရေးဟာ တရုတ်နိုင်ငံ ဂေဟပတ်ဝန်းကျင်အတွက် ဦးစားပေးဖြစ်ပါတယ်။ယန်ဇီမြစ်ကြောင်းတစ်လျှောက် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးနဲ့ ပြန်လည်အသက်သွင်းရေးအတွက် ပြင်းထန်တဲ့ အားထုတ်မှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်ကနေ စတင်ပြီး မြစ်တစ်လျှောက် ဥပဒေမဲ့လုပ်ဆောင်မှုများကို ဖျက်သိမ်းခဲ့ပြီး မြစ်ကမ်းရဲ့ ၁၂ စတုရန်းကီလိုမီတာကို ပြန်လည်စိမ်းလန်းစေကာ ဧရိယာ ၄,၅၃၃ ဟက်တာကို ရေဖုံးလွှမ်းစေခဲ့ပါတယ်။ ယန်ဇီမြစ်ရဲ့ အဓိကမြစ်ကြောင်းက ရေအရည်အသွေးကလည်း ဒုတိယအကောင်းဆုံးအဆင့်ထိ တက်လာပြီဖြစ်ပါတယ်။

ဇန်နဝါရီလ ၂၀၂၁ ခုနှစ်က စတင်ပြီး ယန်ဇီမြစ်ရဲ့ အဓိကရေနယ်ပယ်တွေမှာ ၁၀ နှစ်တာ ငါးဖမ်းခွင့်ပိတ်ပင်ခြင်းကို စတင်ခဲ့ပါတယ်။ငါးဖမ်းလှေပေါင်း ၁ သိန်းကျော်နဲ့ ငါးဖမ်းသမား ၂ သိန်းကျော်ဟာ ငါးဖမ်းခြင်း ရပ်တန့်ခဲ့ကြပြီး ထိခိုက်သူတွေအတွက် အာမခံနဲ့ အကူအညီပေးခြင်း၊ အလုပ်ပြောင်းရွှေ့ပေးခြင်းများ လုပ်ဆောင်ပေးခဲ့ပါတယ်။ဒါဟာ ဇီဝဗေဒမျိုးကွဲတွေ ကာကွယ်ဖို့၊ မြစ်ရဲ့ ဂေဟလုပ်ဆောင်ချက်တွေ ပြန်ပြုပြင်ဖို့နဲ့ နိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ဖို့ အရေးပါတဲ့ လုပ်ဆောင်ချက်ဖြစ်ပြီး ယခုအချိန်အထိ မြစ်ရဲ့ ဇီဝအရင်းအမြစ်တွေ သိသိသာသာ တိုးတက်လာတာကို တွေ့ရပါတယ်။

ယန်ဇီမြစ်ကနေ ပျောက်ကွယ်သွားတဲ့ အချို့ရေသတ္တဝါမျိုးစိတ်တွေ ပြန်လည်ထွက်ပေါ်လာပြီး မြစ်လက်တက်တွေမှာပါ ငါးမျိုးစိတ်အရေအတွက်နဲ့ ငါးပမာဏတိုးလာတာကို တွေ့ရပါတယ်။ထို့အပြင် သဘာဝပတ်ဝန်းကျင်ကနေ လူမှုရေးနဲ့ စီးပွားရေး အကျိုးရှိစေမယ့် ယန်ဇီမြစ်ကမ်းရိုးတမ်း အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေး သရုပ်ပြနယ် တည်ဆောက်ရေးကိုလည်း အရှိန်မြှင့်တင်သွားမှာဖြစ်ပါတယ်။

အခြားဒေသတွေအနေနဲ့ကတော့ မြစ်ဝါမြစ်ကို ကာကွယ်ရေးဟာ တရုတ်ရဲ့ ရေရှည်မဟာဗျူဟာကျ အခြေခံအရေးပါမှုဖြစ်ပါတယ်။မြစ်ဝါမြစ်ကမ်းတစ်လျှောက်မှာ မြေပြိုတာတွေ ကာကွယ်ဖို့၊ ခမ်းခြောက်ခြင်းတွေ ထိန်းချုပ်ဖို့ ပူးပေါင်းအစီအစဉ်တွေကို ဆောင်ရွက်ခဲ့ပါတယ်။မြို့ပြနဲ့ စက်မှုတိုးတက်မှု၊ စိုက်ပျိုးရေးနဲ့ လူဦးရေဖြန့်ကြက်မှုတို့ကို ရေရရှိမှုကနေ ဆုံးဖြတ်ပေးနိုင်ပါတယ်။မြစ်ဝါမြစ်တစ်လျှောက် နယ်မြေတွေဟာ အကာအကွယ်တွေရရှိထားပြီး အထူးစက်မှုနယ်မြေတွေ တိုးတက်စေဖို့၊ အသစ်သော စီးပွားရေးနဲ့ စက်မှုများကို အင်အားဖြည့်တင်းဖို့ ရည်ရွယ်ထားပါတယ်။ဒါဟာ သဘာဝပတ်ဝန်းကျင်ကို အထောက်အကူပြုစေရုံသာမက မြစ်ကနေတစ်ဆင့် စီးပွားရေးအကျိုးအမြတ်လည်း ရရှိစေတာဖြစ်ပါတယ်။

ကွမ်တုန်း-ဟောင်ကောင်-မာကာအို ကြီးကျယ်သော ပင်လယ်ပြင်ဧရိယာမှာလည်း သဘာဝပတ်ဝန်းကျင် အထောက်အကူပြုသော၊ ကာဗွန်ထုတ်လုပ်မှု နည်းပါးသော ဆောက်လုပ်ရေးနဲ့ လုပ်ငန်းလည်ပတ်ရေး ပုံစံတွေကနေတစ်ဆင့် ရေရှည်တည်တံ့သော တိုးတက်မှုဖြစ်ပေါ်စေပြီး ထိုဒေသမှာ လုံခြုံသော၊ လှပသော သဘာဝပတ်ဝန်းကျင်၊ တည်ငြိမ်သော လူမှုအသိုက်အဝန်းနဲ့ ကြွယ်ဝချမ်းသာသော ယဉ်ကျေးမှုတို့ တည်ရှိစေရေး ဆောင်ရွက်လျက်ရှိပါတယ်။  

            ၄။ သာယာနေထိုင်ဖွယ်ကောင်းသော ပတ်ဝန်းကျင်ရှိသည့် လှပသော အိမ်တစ်လုံး တည်ဆောက်ခြင်း

တရုတ်နိုင်ငံဟာ မြို့ပြနဲ့ ကျေးလက် ဆောက်လုပ်ရေးတွေမှာ သဘာဝပတ်ဝန်းကျင် အထောက်အကူပြု ဖွံ့ဖြိုးတိုးတက်မှုကို ထည့်သွင်းပေါင်းစပ်လာပြီး လှပသော မြို့ပြများနှင့် လှပသော ကျေးလက်များကို ဖန်တီးဆောက်လုပ်နေခြင်းဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ နေချင့်စဖွယ် သဘာဝပတ်ဝန်းကျင်ရှိတဲ့ အိမ်တစ်လုံးဖြစ်အောင် ကြိုးစားဖန်တီးနေတာလည်းဖြစ်ပါတယ်။

မြို့ပြနဲ့ပတ်သက်လျှင် တရုတ်နိုင်ငံဟာ ဂေဟသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးကို ဦးစားပေးပြီး ပြည်သူဗဟိုပြုစနစ်ကို ကျင့်သုံးပါတယ်။အလုပ်လုပ်ဖို့၊ နေထိုင်ဖို့အတွက် သာယာလှပတဲ့နေရာတွေ ဖန်တီးပေးပြီး လှပတဲ့ မြို့ပြတွေဆိုတာ လူသားနဲ့ သဘာဝအကြား အတူယှဉ်တွဲနေထိုင်နိုင်တဲ့ အိမ်တစ်လုံးဖြစ်ကြောင်းကို မြှင့်တင်တွန်းအားပေးနေတာဖြစ်ပါတယ်။တောင်တန်း၊ မြစ်ချောင်း၊ ရေကန်များနဲ့ အခြားလှပတဲ့ ရှုခင်းတွေကို အသုံးချပြီး မြို့ပြမှာနေထိုင်သူတွေလည်း မွေးရပ်မြေ ကျေးလက်ဒေသကို အမှတ်ရစေအောင် ပြုလုပ်ထားပါတယ်။

၂၀၁၂ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်းမှာ မြို့ပြရဲ့ အစိမ်းရောင်ဖုံးလွှမ်းမှုဟာ ၃၉ ရာခိုင်နှုန်းကနေ ၄၂ ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့ပါတယ်။မြို့ပြရဲ့ အဆောက်အဦတွေကိုလည်း သဘာဝပတ်ဝန်းကျင် အထောက်အကူပြုစေရေး၊ ကာဗွန်ထုတ်လွှတ်မှု နည်းပါးစေရေးနဲ့ တည်ရှိပြီးသား အဆောက်အဦတွေကို ထိန်းသိမ်းရေးတို့အတွက် အားထုတ်ကြိုးပမ်းခဲ့ပါတယ်။     

ကျေးလက်ဒေသ ပြန်လည်နုပျိုခြင်းမှာဆိုရင်လည်း သဘာဝပတ်ဝန်းကျင် အထောက်အကူပြု တိုးတက်မှုက အရေးပါ ပါတယ်။ကျေးလက်ဒေသတွေမှာဆိုရင် စိုက်ပျိုးရေး၊ အွန်လိုင်းစီးပွားရေး၊ ကျေးလက်ခရီးသွား၊ ကျန်းမာရေးနဲ့ လူကြီးများစောင့်ရှောက်မှုကဲ့သို့သော စက်မှုနဲ့ စီးပွားရေး နယ်ပယ်အမျိုးမျိုး ထွက်ပေါ်လာနေပြီး ဂေဟစနစ်တွေ ကာကွယ်စောင့်ရှောက်မယ့် စီမံကိန်းတွေလည်း များစွာ စတင်နေပြီ ဖြစ်ပါတယ်။တရုတ်ဟာ ကျေးလက်ဒေသကိုလည်း နေချင့်စဖွယ်ဖြစ်အောင် ဖန်တီးနေပြီး ကျေးလက်ဒေသတွေမှာဆိုရင် ပိုမိုသန့်ရှင်းတဲ့ရေ၊ ကောင်းမွန်တဲ့လမ်းတွေ၊ လမ်းမီးတွေနဲ့ သန့်ရှင်းတဲ့ စွမ်းအင်တွေ ပို၍ရရှိလာပြီဖြစ်ပါတယ်။

တိုးတက်လာတဲ့ ပတ်ဝန်းကျင်နဲ့အညီ ကျေးလက်ဒေသတွေဟာ ပိုမိုရေရှည်တည်တံ့လာပြီဖြစ်ပါတယ်။သာမန်ကျေးလက်ဒေသတွေကို ကာကွယ်ပြီး ထိုကျေးလက်ဒေသတွေကိုပဲ တန်ဖိုးရှိရှိအသုံးချကာ ယဉ်ကျေးမှုအမွေအနှစ်နဲ့ ရိုးရာဓလေ့တွေကို မြှင့်တင်ဖို့ စွမ်းအားကုန် ကြိုးစားနေတာဖြစ်ပါတယ်။  

            မြို့ပြနှင့် ကျေးလက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခြေခံအဆောက်အအုံ မြှင့်တင်ခြင်း

တရုတ်နိုင်ငံအတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေ ဆောက်လုပ်ဖို့က အရေးပါ ပါတယ်။ဒါ့ကြောင့် မိလ္လာစုဆောင်း စွန့်ပစ်ခြင်း၊ ပြန်လည်အသုံးပြုခြင်းတို့အတွက် အဆောက်အအုံတွေကို မြှင့်တင်ပြီး စွန့်ပစ်အညစ်အကြေးများ ခွဲခြားခြင်းနဲ့ စွန့်ပစ်ခြင်းအတွက်လည်း တွန်းအားပေးခဲ့ပါတယ်။ထို့အပြင် စောင့်ကြည့် ညွှန်ကြားခြင်းကို ပိုမိုချောမွေ့စေနိုင်တဲ့ သဘာဝပတ်ဝန်းကျင် အခြေခံအဆောက်အအုံစနစ်ကို တည်ဆောက်ပြီး အစိုင်အခဲစွန့်ပစ်ပစ္စည်း၊ အန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းနဲ့ ဆေးဝါးစွန့်ပစ်ပစ္စည်းတို့ကို လုံခြုံစိတ်ချစွာ ကိုင်တွယ်ရေး လုပ်ဆောင်ခဲ့ပါတယ်။

သဘာဝပတ်ဝန်းကျင် အခြေခံအဆောက်အအုံကွန်ရက်ဟာ မြို့ပြကနေ ကျေးလက်အထိ ပုံပေါ်နေပြီဖြစ်ပါတယ်။    

ထို့အပြင် ညစ်ညမ်းမှုလျှော့ချရာမှာလည်း ဥပဒေအခြေပြုသော၊ သိပ္ပံနည်းကျသော၊ ပစ်မှတ်ထားရှိသော နည်းလမ်းကို အသုံးပြုထားပါတယ်။ရေ၊ လေနဲ့ မြေဆီလွှာ ညစ်ညမ်းမှုတွေကို ဦးစားပေးဖြေရှင်းပြီး သိသာတဲ့ရလဒ်တွေလည်း ရခဲ့ပါတယ်။

၂၀၂၁ ခုနှစ်မှာဆိုရင် နေ့ရက်တွေရဲ့ ၈၇.၅ ရာခိုင်နှုန်းမှာ သန့်ရှင်းတဲ့လေထု ရှိခဲ့ပါတယ်။စက်မှု၊ စိုက်ပျိုးရေးကြောင့် ဖြစ်လာတဲ့ ညစ်ညမ်းမှုအရင်းအမြစ်များကို ဖြေရှင်းပြီး ရေဂေဟစနစ် စည်းမျဉ်းသတ်မှတ်ရမှာလည်း အောင်မြင်မှုတွေရရှိခဲ့ပြီး လုံခြုံတဲ့သောက်သုံးရေကို အာမခံနိုင်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် မှာ အဆင့် ၃ ရှိတဲ့ မျက်နှာပြင်ထက်က ရေဟာ ၈၄.၉ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ပါတယ်။တရုတ်ဟာ နိုင်ငံရပ်ခြားရဲ့ စွန့်ပစ်ပစ္စည်းများကို ပိတ်ပင်ထားပြီး မြေဆီလွှာကို ခြိမ်းခြောက်မှုဖြစ်စေတဲ့ အစိုင်အခဲစွန့်ပစ်မှုကို သုညအထိရောက်စေရေး ပန်းတိုင်ကို အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။ပြည်သူများဟာ ပိုမိုသန့်ရှင်းတဲ့လေကို ရှုရှိုက်နိုင်ပြီး၊ ပိုမိုသန့်ရှင်းတဲ့ရေကို သောက်သုံးနိုင်ပြီး ပိုမိုလုံခြုံတဲ့ အစားအသောက်များကို စားသုံးနိုင်ပြီဖြစ်ပါတယ်။သာယာလှပတဲ့ ပတ်ဝန်းကျင်မှာ နေခြင်းအားဖြင့် ပြည်သူများဟာ ပျော်ရွှင်မှုနဲ့ အလှတရားကို အမှန်အကန်ခံစားနိုင်မှာဖြစ်ပါတယ်။  

            အပိုင်း ၃ ။     ။ စက်မှုစနစ်များကို ထိန်းညှိတိုးတက်စေခြင်း

တရုတ်ဟာ တီထွင်ဆန်းသစ်မှုရှိခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ သဘာဝပတ်ဝန်းကျင် အထောက်အကူပြုခြင်း၊ ပွင့်လင်းခြင်းနဲ့ မျှဝေခြင်းရှိတဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဒဿနကို ကတိကဝတ်ပြုထားတာပဲဖြစ်ပါတယ်။

အရင်းအမြစ်များကို အလွဲသုံးစားလုပ်ခြင်းကို ပြင်းထန်စွာ ကန့်ကွက်ပြီး စက်မှုစနစ်များတွင် ဘက်ပေါင်းစုံထိန်းညှိနိုင်ရေးနဲ့ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို အရေးပေးတာကြောင့် တိုးတက်မှုလမ်းကြောင်းဟာ မှန်ကန်သင့်လျော်ပြီး အရည်အသွေးမြင့် တိုးတက်မှုကို ရရှိတာဖြစ်ပါတယ်။  

            ၁။ မဟာဗျူဟာကျ စက်မှုနယ်ပယ်များ ထွန်းကားခြင်းကို တွန်းအားပေးခြင်း

တရုတ်နိုင်ငံဟာ စက်မှုစနစ်များ၊ သဘာဝပတ်ဝန်းကျင် အထောက်အကူပြုပြီး ကာဗွန်ထုတ်လွှတ်မှုနည်းပါးသော စီးပွားရေးသို့ ကူးပြောင်းခြင်းများတွင် သိပ္ပံနဲ့ နည်းပညာ တီထွင်ဆန်းသစ်မှုများကို အဓိကတွန်းအားအဖြစ် အသုံးပြုပြီး သိသာတဲ့ လူမှုစီးပွားအကျိုးအမြတ်တွေလည်း ရရှိပြီးဖြစ်ပါတယ်။  

သိပ္ပံနဲ့ နည်းပညာ တီထွင်ဆန်းသစ်မှုများမှာ ပို၍များပြားစွာ ရင်းနှီးမြှုပ်နှံလာပြီး သုတေသနနဲ့ ဖွံ့ဖြိုးမှုအပေါ် သုံးစွဲစရိတ်ဟာ ၂၀၁၂ ခုနှစ်မှာ ယွမ် ၁.၀၃ ထရီလီယံရှိခဲ့ရာက ၂၀၂၁ ခုနှစ်မှာ ယွမ် ၂.၈ ထရီလီယံအထိ ရောက်ရှိခဲ့ပါတယ်။

၂၀၂၁ ခုနှစ်အကုန်မှာ တရုတ်ရဲ့ စွမ်းအင်ထိန်းသိမ်းရေးနဲ့ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးနယ်ပယ်မှာ တီထွင်မှုဉာဏမှတ်ပုံတင်မှု ၄၉,၀၀၀ ရှိခဲ့ပြီဖြစ်ပြီး စွမ်းအင်သစ်နယ်ပယ်မှာတော့ ၆၀,၀၀၀ ရှိပြီဖြစ်ပါတယ်။ဒါကြောင့် တရုတ်နိုင်ငံဟာ သဘာဝပတ်ဝန်းကျင်နဲ့ နည်းပညာဆိုင်ရာ တီထွင်မှုမှာ အတက်ကြွဆုံးနိုင်ငံ ဖြစ်လာပါတယ်။  

နည်းပညာတွေဟာ တရုတ်ရဲ့ စီးပွားရေးတိုးတက်မှုမှာ အခရာကျပါတယ်။တရုတ်ရဲ့ ဒစ်ဂျစ်တယ်စီးပွားရေးဟာ ကမ္ဘာပေါ်မှာ ဒုတိယနေရာကနေ ရှိနေပါတယ်။အင်တာနက်၊ ကြီးမားသောဒေတာများ၊ ဉာဏ်ရည်တု၊ 5G နဲ့ အခြားသော နည်းပညာသစ်တွေဟာ သမားရိုးကျစက်မှုနယ်ပယ်များနဲ့ ပေါင်းစပ်ပြီး ထုတ်လုပ်ရေးကို ခေတ်မီဆန်းသစ်စေပါတယ်။ပြန်လည်ဖွံ့ဖြိုးမြဲစွမ်းအင် ကဏ္ဍကလည်း လျှင်မြန်စွာ ကြီးထွားလျက်ရှိပြီး တရုတ်ဟာ လေနဲ့ဆိုင်ရာ သန့်ရှင်းသောစွမ်းအင်ထုတ်လုပ်မှုမှာ ကမ္ဘာပေါ်မှာ ဦးဆောင်နေပါတယ်။

တရုတ်ရဲ့ စွမ်းအင်ချွေတာမှုနဲ့ သဘာဝပတ်ဝန်းကျင်ကာကွယ်သော နယ်ပယ်တွေဟာ ဆက်လက်တိုးတက်လျက်ရှိပါတယ်။သဘာဝပတ်ဝန်းကျင် အထောက်အကူပြု ထုတ်လုပ်မှုနဲ့ ထောက်ပံ့မှုကိရိယာတွေဟာ များပြားလာပြီး ဈေးကလည်း ပိုမိုသက်သာလာပါတယ်။စွမ်းအင်နဲ့ ရေ ထိန်းသိမ်းစောင့်ရှောက်မှု၊ ညစ်ညမ်းမှုထိန်းချုပ်ရေးနဲ့ သဘာဝပတ်ဝန်းကျင် စောင့်ကြည့်လေ့လာရေးတို့မှ နည်းပညာတွေဟာ အမြင့်ဆုံးစံနှုန်းတွေအထိ ရောက်ရှိခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ တရုတ်ရဲ့ စွမ်းအင်ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးနယ်ပယ်တွေရဲ့ ထုတ်လုပ်မှုတန်ဖိုးဟာ ယွမ် ၈ ထရီလီယံကျော်အထိ ရှိခဲ့ပါတယ်။အမျိုးမျိုးသော ရှေ့ဆောင်စီမံကိန်းများကို ပြည်နယ်အဆင့်တွေမှာ ဆောင်ရွက်ပြီး ဂေဟသဘာဝပတ်ဝန်းကျင် အထောက်အကူပြုထုတ်ကုန်တွေ ပိုမိုထုတ်လုပ်နိုင်ရေး အားစိုက်လျက်ရှိပါတယ်။မြို့ပြစိုက်ပျိုးရေး၊ သဘာဝပတ်ဝန်းကျင် အထောက်အကူပြု ခရီးသွားလာရေး၊ သစ်တောကျန်းမာရေးစောင့်ရှောက်ရေးနဲ့ သဘာဝပတ်ဝန်းကျင် အထောက်အကူပြု အနားယူရေးကဲ့သို့သော နယ်ပယ်အသစ်တွေဟာလည်း ပိုမိုကြီးထွားလာလျက်ရှိပါတယ်။    

            ၂။ အရင်းအမြစ်အခြေပြု နယ်ပယ်များ ထွန်းကားရေး စနစ်ကျသော အဆင့်များအား ဖြတ်ကျော်ခြင်း

တရုတ်ဟာ ထောက်ပံ့ရေးဘက်မှာ စနစ်ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်နေပြီး ညစ်ညမ်းမှုနဲ့ ကာဗွန်ထုတ်လွှတ်မှုကိုဖြစ်စေတဲ့ အရင်းအမြစ်တွေကို သုံးစွဲမှုပုံစံ တိုးတက်မှုမျိုးနဲ့ ဆန့်ကျင်ဘက်ဖြစ်အောင် လုပ်ဆောင်နေတာဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ စက်မှုနဲ့ ထောက်ပံ့ရေးကွင်းဆက်များကို ကာကွယ်ပြီး တစ်ချိန်တည်းမှာပဲ စွမ်းရည်လွန်မှုကို လျှော့ချပြီး ခေတ်နောက်ကျနေသော ထုတ်လုပ်ရေးလုပ်ငန်းများကို ပိတ်သိမ်းရန် စနစ်ကျသော အဆင့်များနဲ့ ဆောင်ရွက်နေပါတယ်။

ပိတ်သိမ်းလိုက်တဲ့ လုပ်ငန်းများအစား အသစ်ပြန်လည်အစားထိုး ဖွင့်လှစ်ရေးကိုလည်း ခွင့်ပြုထားပါတယ်။ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ ၁၃ ကြိမ်မြောက် ငါးနှစ်တာအစီအစဉ်မှာဆိုရင် တရုတ်ဟာ ပိုလျှံနေတဲ့ သံမဏိထုတ်လုပ်ခြင်းကနေ တန်ချိန် သန်း ၁၅၀ နဲ့ ဘိလပ်မြေထုတ်လုပ်မှုကနေ တန်ချိန် သန်း ၃၀၀ လျှော့ချနိုင်ခဲ့ပါတယ်။

စိုးနိုင်ထွန်း
Ref - China's Green Development in the New Era|Global-chinadaily