【 နိုင်ငံတကာဆောင်းပါး 】 တရုတ်နိုင်ငံ၏ အလှပဆုံး လျှိုမြောင်ကြီး

【 နိုင်ငံတကာဆောင်းပါး 】 တရုတ်နိုင်ငံ၏ အလှပဆုံး လျှိုမြောင်ကြီး

နူကျန်းလီဆူ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ တည်ရှိတာဖြစ်ပြီး ယူနန်ပြည်နယ် အနောက်မြောက်ပိုင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုတစ်ခုဖြစ်ပါတယ်။

နူကျန်း (Nujiang) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုသည် မြစ်သုံးစင်း အပြိုင်စီးဆင်းရာဒေသ (Three Parallel Rivers) ၏ အချက်အချာနေရာတွင် တည်ရှိပါတယ်။ယူနန်ပြည်နယ်ထဲက သဘာဝထိန်းသိမ်းရေးနယ်မြေများထဲက အဲဒီမျဉ်းပြိုင်မြစ်သုံးစင်းနေရာကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခံထားရပါတယ်။

အဲဒီဒေသမှာ “တရုတ်နိုင်ငံရဲ့ အလှပဆုံး လျှိုမြောင်ကြီး” လို့ တင်စားခေါ်ဝေါ်သော နူကျန်းမြစ် လျှိုမြောင်ကြီးရှိပါတယ်။တောင်စဉ်အထပ်ထပ်၊ မြစ်ချောင်းအသွယ်သွယ်တို့က ခံ့ထည်လှပသော ရင်သပ်ရှုမောဖွယ်ရာ သဘာဝရှုမျှော်ခင်းများကို ဖွဲ့စည်းဖြစ်ပေါ်လာစေပါတယ်။နူကျန်းလီဆူကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုကနေ ဖြတ်သန်းစီးဆင်းလာတဲ့ နူကျန်းမြစ်ဆိုတာကလည်း မြန်မာနိုင်ငံထဲအထိ စီးဆင်းလာတဲ့ သံလွင်မြစ်ပဲဖြစ်ပါတယ်။သံလွင်မြစ်ဟာ ခရီးရှည်ကြီးကို ဖြတ်သန်းစီးဆင်းလာရသည့် အားလျော်စွာ ၎င်းစီးဆင်းရာ ဒေသတစ်လျှောက်ရှိ လူမျိုးများအလိုက် အမည်နာမကွဲအမျိုးမျိုးလည်း ခေါ်ဝေါ်ခဲ့ကြတာဖြစ်ပါတယ်။ဒါကြောင့် တရုတ်နိုင်ငံတွင် နူကျန်းမြစ်လို့ခေါ်ပြီး မြန်မာနိုင်ငံမှာတော့ သံလွင်မြစ်လို့ အမည်တွင်တာဖြစ်ပါတယ်။

နူကျန်းလီဆူကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုဟာ မြန်မာနယ်စပ်အနီးမှာ တည်ရှိတာဖြစ်ပြီး တောင်များ၊ မြစ်များ၊ ရေကန်များ၊ သစ်တောများနှင့် သဘာဝအလှတရားတွေ များစွာတည်ရှိသော နယ်မြေဖြစ်ပါတယ်။အဲဒီဒေသမှာ လူဦးရေထက်ဝက်နီးပါးက လီဆူလူမျိုးများဖြစ်ကြပြီး အခြားတိုင်းရင်းသားလူမျိုးစုများလည်း နေထိုင်ကြတာကြောင့် ယဉ်ကျေးမှုကြွယ်ဝသော ဒေသဖြစ်ပါတယ်။တိုင်းရင်းသားလူမျိုးစု တစ်ခုချင်းစီ၏ ထူးခြားသော ဓလေ့ထုံးတမ်းများ၊ ရိုးရာသီချင်းများအကများ၊ ဝတ်စားဆင်ယင်ပုံများနှင့် အစားအစာများ ပူးတွဲတည်ရှိနေပါတယ်။

နူကျန်းမြစ် လျှိုမြောင်ကြီးတစ်လျှောက် နေရာတွေမှာ ကျောက်လမင်းရှုခင်းနေရာ (Stone Moon)၊ ပင်ကျုံးလော့မြို့ငယ် (Bingzhongluo)၊ နူကျန်း ပထမဆုံးမြစ်ကွေ့၊ တူလုံမြစ် (Dulong)၊ ကောင်းလီကုံ့တောင် (Gaoligong) နိုင်ငံတော်အဆင့် သဘာဝထိန်းသိမ်းရေးဇုန် အစရှိသည့် သဘာဝရှုခင်း အရင်းအမြစ်များစွာရှိပါတယ်။
နူကျန်းမြစ်လျှိုမြောင်ကြီးဟာ တရုတ်နိုင်ငံရှိ သစ်တောဂေဟစနစ်ပတ်ဝန်းကျင်

အကောင်းမွန်ဆုံး နေရာများအနက်မှ တစ်နေရာဖြစ်သည့်အလျောက် သဘာဝအောက်ဆီဂျင် ကြွယ်ဝသော နေရာဖြစ်ပြီး လတ်ဆတ်သော သဘာဝကုန်ကြမ်းများရှိပါတယ်။အဲဒီဒေသမှာ မြေအောင်းမှိုနက်၊ တောထင်းရှူးမှို၊ ကန်စွန်းရွက် အစရှိသည်တို့ကို တောတောင်များတွင် ရှာဖွေခူးယူနိုင်ပါတယ်။
ဆိတ်ငြိမ်ပြီး နက်နဲသော ချောက်ကြီးများ၊ မြကဲ့သို့ စိမ်းလန်းသောမြစ်များ၊ မြင့်မားပြီး ခံ့ညားထည်ဝါသော နှင်းဖုံးတောင်တန်းများရှိသော ယူနန်ပြည်နယ်ထဲက နုကျန်းမြစ်ကလည်း လှပပြီး ခန့်ညားသောအသွင်ကို ဆောင်နေပါတယ်။

ယူနန်ပြည်နယ် နူကျန်း လီဆူးတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲသည် မြစ်သုံးသွယ်အတူ စီးဆင်းနေကြသော ကမ္ဘာ့သဘာဝအမွေအနှစ်နေရာ၏ အဓိကနေရာနှင့် ကောင်းလီကုန်တောင် အမျိုးသားသဘာဝဘေးမဲ့တော၏ ကုန်းတွင်းပိုင်းတွင် တည်ရှိတာဖြစ်ပါတယ်။

သာမန်တောင်တန်းများနှင့် အယ်လ်ပိုင်းချိုင့်ဝှမ်း၏ သဘာဝပထဝီဝင် ဒေါင်လိုက်ခါးပတ်ရှုခင်းနှင့် ကြွယ်ဝပြီး မျိုးစုံသော တိရစ္ဆာန်နှင့် အပင်အရင်းအမြစ်များရှိနေသောကြောင့် ထူးခြားသော တည်နေရာ၊ လူမျိုးစုသဟဇာတဖြစ်မှု၊ သယံဇာတကြွယ်ဝခြင်း၊ ဂေဟစနစ်ကောင်းမွန်ခြင်းတို့ဖြင့် ပြည့်စုံနေတဲ့ ဒေသဖြစ်ပါတယ်။

ခန့်မောင်