【 နိုင်ငံတကာဆောင်းပါး 】 မြို့သစ်တစ်ခုကို ဆယ်စုနှစ်တစ်ခုအတွင်း တည်ဆောက်ခြင်း

【 နိုင်ငံတကာဆောင်းပါး 】 မြို့သစ်တစ်ခုကို ဆယ်စုနှစ်တစ်ခုအတွင်း တည်ဆောက်ခြင်း

ဧပြီလ ၁ ရက်နေ့ဟာ ရှောင်အန်းနယ်မြေသစ် တရားဝင်တည်ထောင်ခြင်း ငါးနှစ်ပြည့်ဖြစ်ပါတယ်။

ဒီနယ်မြေသစ်ဟာ လက်ရှိမှာ တရုတ်မြို့တော် ပေကျင်းနဲ့ ကီလိုမီတာ ၁၀၀ အကွာမှာ တည်ဆောက်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်နှစ်အတွင်းမှာတော့ ကပ်ရောဂါရဲ့ ရိုက်ခတ်မှုနဲ့အတူ ရှောင်အန်းဒေသ တည်ဆောက်ရေးမှာလည်း ထိခိုက်မှုတွေရှိခဲ့ပါတယ်။ရှောင်အန်းနယ်မြေသစ် တည်ဆောက်ခြင်းဟာ တစ်မနက် တစ်ညနဲ့ ပြီးသွားမယ့် လုပ်ငန်းတော့ မဟုတ်ပါဘူး။သို့သော်လည်း တရုတ်လူမျိုးတွေဟာ တည်ဆောက်ရေးစွမ်းရည်တွေမှာ ဂုဏ်ယူကြပါတယ်။တစ်မနက် တစ်ည မဟုတ်သော်လည်း ဆယ်စုနှစ်တစ်ခုစာမှာတော့ ပြီးစီးနိုင်မှာဖြစ်ပါတယ်။

တရုတ်နိုင်ငံတောင်ပိုင်းက ရှန်ကျန်းမြို့ဟာဆိုရင် တည်ဆောက်ပြီး ၁၀ နှစ်ပြည့်တဲ့အချိန်မှာ အတော်အတန်ကောင်းမွန်တဲ့ မြို့ဖြစ်နေပြီး တရုတ်နိုင်ငံရဲ့ ပြန်လည်ပြုပြင်ရေးနဲ့ တံခါးဖွင့်မူဝါဒတို့ကို ဦးဆောင်တဲ့ တိန့်ရှောင်ဖိန်ကိုယ်တိုင် အသိအမှတ်ပြုခဲ့တာဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့ မြောက်ပိုင်းက ရှောင်အန်းဟာလည်း လာမယ့်ငါးနှစ်အတွင်းမှာ ဒီလိုဖြစ်လာဖို့ မျှော်လင့်နေပါတယ်။  

တရုတ်ရဲ့ ဒေသတွင်းစီးပွားရေး တိုးတက်မှုဟာ တောင်ပိုင်းဒေသတွေဖြစ်တဲ့ ရှန်ဟိုင်းနဲ့ ရှန်ကျန်းတို့လို မြို့ပြဒေသတွေရဲ့ လွှမ်းခြုံမှုအပေါ် များစွာအားကိုးနေရပြီး မြောက်ပိုင်းဒေသဟာလည်း တိုးတက်မှုအင်အားကို ပြသဖို့ လိုအပ်နေတာဖြစ်ပါတယ်။ဒီနေရာမှာ ရှောင်အန်းနယ်မြေသစ်ဟာ ပေကျင်းမှာရှိနေတဲ့ မြို့တော်နဲ့ မသက်ဆိုင်တဲ့ လုပ်ငန်းတွေကို လွှဲပြောင်းရယူမှာဖြစ်ပြီး တီထွင်ဆန်းသစ်မှုနဲ့ နည်းပညာသစ်များရဲ့ မြို့ဖြစ်လာဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာဆိုရင် ကုန်သွယ်ရေးနိုင်ငံအဖြစ်ကနေ သိပ္ပံနဲ့ နည်းပညာ နိုင်ငံအဖြစ် ကူးပြောင်းစဉ် ၁၉၇၀ ခုနှစ်များ အစောပိုင်းကာလမှာ ဆူကူးဘားမြို့ကို တည်ထောင်ခဲ့ပါတယ်။ဂျပန်အစိုးရဟာ မြို့တော် တိုကျိုရဲ့ ၆၀ ကီလိုမီတာအဝေးမှာ သိပ္ပံနည်းကျ သုတေသနနဲ့ တီထွင်ဆန်းသစ်မှု အခြေစိုက်စခန်းတစ်ခုကို စတင်တည်ဆောက်ခဲ့ပါတယ်။နောက်ပိုင်းနှစ်တွေမှာ ဂျပန်အစိုးရဟာ သုတေသနနဲ့ ပညာရေးအဖွဲ့အစည်း ၄၀ ကို ထိုမြို့ကို ပြောင်းရွှေ့ခဲ့ပါတယ်။ဖွံ့ဖြိုးတိုးတက်မှု နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာ ဆူကူးဘားမြို့ဟာ သိပ္ပံမြို့အဖြစ် အသိအမှတ်ပြုခံရပြီဖြစ်ပါတယ်။  

ရှောင်အန်းနယ်မြေသစ်ဟာလည်း ဆင်တူတဲ့ အစီအစဉ်ဖြစ်ပါတယ်။ပြီးခဲ့တဲ့ငါးနှစ်အတွင်းမှာ များစွာသော အရင်းအမြစ်များကို အခြေခံအဆောက်အအုံများ တည်ဆောက်ရေးအတွက် သုံးစွဲထားပြီးဖြစ်ပါတယ်။မြန်နှုန်းမြင့် ရထားလမ်းများလည်း တည်ဆောက်ပြီးဖြစ်သလို ခမ်းနားတဲ့ မြူနီစီပယ်စင်တာကိုလည်း ဖွင့်လှစ်ပြီးဖြစ်ပါတယ်။အိမ်ရာတွေကိုလည်း ခေတ်မီတိုးတက်ရေးပုံစံအသစ်ကို အခြေခံပြီး တည်ဆောက်ပြီးဖြစ်သလို ဒီအိမ်ရာတွေကို အငှားစနစ်နဲ့ ပေးဆောင်သွားမှာဖြစ်ပါတယ်။သစ်လွင်တဲ့ ရုံးအဆောက်အအုံတွေဟာလည်း ငှားရမ်းမယ့်သူတွေကို စောင့်မျှော်နေပြီဖြစ်ပါတယ်။  

ဆူကူးဘားမြို့လိုမျိုးပဲ ဒီနေရာမှာ လာရောက်ငှားရမ်းမယ့်သူတွေက လက်ရှိ ပေကျင်းမှာ အခြေစိုက်နေကြတဲ့ ကုမ္ပဏီတွေနဲ့ အဖွဲ့အစည်းတွေဖြစ်ပါတယ်။ဗဟိုအစိုးရအနေနဲ့ အစိုးရပိုင်လုပ်ငန်းများရဲ့ ရုံးချုပ်များ၊ အများပြည်သူဆိုင်ရာ ဌာနများ၊ ဘဏ်နှင့် ဘဏ္ဍာရေးကုမ္ပဏီများ၊ သုတေသနဌာနများ၊ ဆေးရုံနှင့် တက္ကသိုလ်များ စသည့် အဖွဲ့အစည်းခြောက်မျိုးကို ပြန်လည်နေရာချဖို့ ဦးစားပေး စဉ်းစားထားတယ်လို့ သိရပါတယ်။ထို့အပြင် ကြီးမားသော ကုမ္ပဏီအစုအဖွဲ့များကလည်း ရုံးချုပ်များကို ရှောင်အန်းနယ်မြေသစ်ဆီ ပြောင်းရွှေ့မယ်လို့ ကြေညာခဲ့ကြပါတယ်။

သို့သော်လည်း ရှောင်အန်းနယ်မြေသစ်ရဲ့ လိုအပ်ချက်တွေကတော့ များပြားနေမှာဖြစ်ပါတယ်။ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ရှန်ကျန်းမှာ လုပ်ခဲ့သလိုမျိုး လုပ်ဆောင်နိုင်မှာ နည်းပညာသစ်တွေကို အခြေခံတဲ့ စက်မှုဖွံ့ဖြိုးတိုးတက်မှုကို ရရှိမှာဖြစ်ပါတယ်။မြို့ရဲ့အစိုးရကတော့ မျိုးဆက်သစ် သတင်းအချက်အလက်နည်းပညာ၊ ခေတ်မီဘဝသိပ္ပံနှင့် ဇီဝနည်းပညာများ၊ အဆင့်မြင့်ဝန်ဆောင်မှုနယ်ပယ်များနဲ့ သဘာဝပတ်ဝန်းကျင်အထောက်အကူပြု စိုက်ပျိုးရေးတို့မှာ အရာအားလုံးကို လောင်းကြေးထပ် ပုံအောထားတယ်လို့ ဆိုပါတယ်။  

အချိန်တွေကုန်တာ မြန်ပါတယ်။ရှောင်အန်းနယ်မြေသစ်ဟာ တရုတ်နိုင်ငံမြောက်ပိုင်းရဲ့ တောက်ပတဲ့ မြို့အဖြစ် ပေါ်ထွန်းလာဖို့ ငါးနှစ်ပဲ လိုပါတော့တယ်။

ရှောင်အန်းဟာ တရုတ်ပြည်သူတွေကို စိတ်မပျက်စေရဘူးဆိုတာလည်း အာမခံရဲပါတယ်။

စိုးနိုင်ထွန်း
Ref - CMG | Building a new city in a decade