【 နိုင်ငံတကာဆောင်းပါး 】 သဘာဝပတ်ဝန်းကျင် ကာကွယ်ခြင်းဖြင့် သာယာလှပသောနိုင်ငံကို တည်ဆောက်ခြင်း

【 နိုင်ငံတကာဆောင်းပါး 】 သဘာဝပတ်ဝန်းကျင် ကာကွယ်ခြင်းဖြင့် သာယာလှပသောနိုင်ငံကို တည်ဆောက်ခြင်း

လာမယ့် ၅ နှစ်ဟာ သာယာလှပသော တရုတ်နိုင်ငံ တည်ဆောက်ရေးတွင် အရေးကြီးသော ကာလဖြစ်ပါတယ်။

“သာယာလှပသော တရုတ်နိုင်ငံ တည်ဆောက်ရေးဟာ ကဏ္ဍပေါင်းစုံတွင် ခေတ်မီသော ဆိုရှယ်လစ်နိုင်ငံ တော် ကြီး တည်ဆောက်မှုတွင် ဦးစားပေးရမည့် အရာဖြစ်ပြီး၊ အမျိုးသားပြန်လည်နုပျိုရေးတွင်လည်း ဦးစားပေး ရမှာဖြစ်ပါတယ်” ဟု ဇူလိုင် ၁၇ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ပြုလုပ်ခဲ့သော ဂေဟစနစ်နှင့် ပတ်ဝန်းကျင် ကာကွယ်ရေး အမျိုးသားညီလာခံတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့ပါတယ်။

၂၀၁၂ ခုနှစ်တွင် ၁၈ ကြိမ်မြောက် CPC ၏ အမျိုးသားညီလာခံတွင် အဆင့်ငါးဆင့်ပေါင်းစည်းထားသော စီမံချက်ကို အဆိုပြုခဲ့ပြီး၊ ထိုထဲတွင် စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ လူမှုရေးနှင့် ဂေဟနစ်ကဏ္ဍတို့တွင် ဗျူဟာများကို ချမှတ်ပြီး၊ ဒါတွေအားလုံးကို တရုတ်ပုံစံ ဆိုရှယ်လစ်စနစ်ဖြင့် အကောင်အထည်ဖော်ရန် ပထမဆုံးအကြိမ် အဆိုပြုခဲ့ပါတယ်။

၅ နှစ်အကြာမှာတော့ ၁၉ ကြိမ်မြောက် CPC အမျိုးသားညီလာခံတွင် စီမံချက်ကို ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာနဲ့ပတ်သက်ပြီး အသေးစိတ်ကို စီမံချက်ရေးဆွဲခဲ့ပါတယ်၊ အဆင့်ငါးဆင့်ကို အဆင့်တစ်ခုအဖြစ်သို့ ပေါင်းစည်းလိုက်ပါတယ်၊ စီးပွားရေးတည်ဆောက်မှုကို အခြေခံအုတ်မြစ်အဖြစ် ထားရှိခဲ့ပါတယ်၊ နိုင်ငံရေးတည်ဆောက်မှုကိုလည်း အာခံချက်ပေးခဲ့ပြီး၊ ယဉ်ကျေးမှုတည်ဆောက်မှုကို အသက်အဖြစ်ထားရှိကာ၊ လူမှုဘဝတည်ဆောက်မှုနှင့် ဂေဟယဉ်ကျေးမှုတို့ကိုလည်း အုတ်မြစ်အဖြစ် ထားရှိခဲ့ပါတယ်။

ဖွံ့ဖြိုးပြီးနိုင်ငံများရဲ့ စက်မှုထွန်းကားရေးလုပ်ငန်းစဉ်ကို တရုတ်နိုင်ငံဟာ ဆယ်စုနှစ်အနည်းငယ်အတွင်းမှာပဲ အကောင်အထည်ဖော်နိုင်ခဲ့ပြီး၊ အခြားသော ဖွံ့ဖြိုးပြီးနိုင်ငံတွေကတော့ ထိုထက်ပိုမိုအချိန်ကြာမြင့်စွာ လုပ်ဆောင်ခဲ့ရပါတယ်။နောက်ပိုင်းမှာတော့ ဖွံ့ဖြိုးပြီးနိုင်ငံများ ကြုံတွေ့နေရတဲ့ ဂေဟစနစ်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများစွာကို တရုတ်နိုင်ငံလည်း ကြုံတွေ့လာခဲ့ရပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းမှာလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းတဲ့ မေးခွန်းလည်းဖြစ်ပြီး၊ ဒီပြဿနာတွေဟာ လက်ရှိမျိုးဆက်အတွက်သာမက အနာဂတ်အတွက်ပါ ကြီးမားတဲ့ မေးခွန်းတွေလည်းဖြစ်ပါတယ်။

၁၈ ကြိမ်မြောက် CPC အမျိုးသားညီလာခံကစပြီး၊ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ဂေဟစနစ်ယဉ်ကျေးမှု တည်ဆောက်ရေးဟာ ထောင်စုနှစ်စီမံချက်ဖြစ်တယ်လို့ အလေးထား ရှင်းပြလာခဲ့ပါတယ်။ဒါဟာ တရုတ်နိုင်ငံ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ သက်ဆိုင်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။ထိုရှင်းပြချက်အပေါ် အခြေခံရမည်ဆိုပါက၊ လွန်ခဲ့တဲ့ဆယ်စုနှစ်များအတွင်း၊ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ မတူညီသောနေရာများတွင် လေ့လာစစ်ဆေးမှုများစွာကို လုပ်ဆောင်လာခဲ့ပြီး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေတွင် ဂေဟစနစ်ယဉ်ကျေးမှု အရေးပါပုံကိုလည်း ဦးစားပေး ရှင်းပြလာခဲ့ပါတယ်။

ထိုအချိန်ကစပြီး၊ CPC ခေါင်းဆောင်များဟာ တရုတ်နိုင်ငံအနေနဲ့ အနောက်နိုင်ငံများရဲ့ လမ်းစဉ်များအတိုင်း လိုက်လုပ်နေပါက၊ ခေတ်မီသောနိုင်ငံဖြစ်လာမှာ မဟုတ်ကြောင်းကို ကောင်းကောင်းနားလည်လာခဲ့ပါတယ်။အရင်းအမြစ်များကို စားသုံးမှုများသော ခေတ်ဟောင်းပုံစံအတိုင်း ဆက်သွားနေပါက၊ ကမ္ဘာကြီးဟာ ရေရှည်တွင် ရပ်တည်ရန်ခက်ခဲလာမှာဖြစ်ပါတယ်၊ ပတ်ဝန်းကျင်ကိုလည်း ညစ်ညမ်းလာစေမှာဖြစ်ပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဂေဟစနစ်ယဉ်ကျေးမှုအပေါ် နားလည်ရန် အရေးကြီးသော အချက်များကတော့ စနစ်ကျခြင်း၊ မျှတခြင်းနှင့် ညှိနှိုင်းဆွေးနွေးခြင်းတို့ပဲဖြစ်ပါတယ်။

ပထမအချက်အဖြစ် လူသားများနှင့် သဘာဝအကြားက ဆက်စပ်မှုကို ရှင်းလင်းထားပြီး၊ လူသားများနှင့် သဘာဝအကြား အတူတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် အခြေခံကျသော ဗျူဟာများကို ချမှတ်ပေးခဲ့ပါတယ်။

ဒုတိယအချက်ကတော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်ဝန်းကျင်ကာကွယ်မှုအကြား ဆက်ဆံရေးကို နက်နဲစွာရှင်းလင်းထားပါတယ်။ထို့နောက် လူသိများလာသော အယူအဆဖြစ်တဲ့ “စိမ်းလန်းသော တောတောင်များနှင့် မြစ်များဟာ ငွေတောင် ရွှေတောင်များဖြစ်တယ်” ဆိုတဲ့ စကားလည်း ပေါ်ပေါက်လာခဲ့ပါတယ်။

တတိယအချက်အဖြစ် ပတ်ဝန်းကျင်နှင့် လူသားများရဲ့ အသက်မွေးဝမ်းကျောင်းရေးတို့ရဲ့ ဆက်စပ်မှုကိုလည်း ရှင်းလင်းထားပြီး ကောင်းမွန်သော ပတ်ဝန်းကျင်ဂေဟစနစ်ဟာ လူသားများရဲ့ အသက်မွေးဝမ်းကျောင်းနှင့် တိုးတက်ရေးတွင် အရေးပါကြောင်းကို ရှင်းလင်းထားပါတယ်။

နောက်ဆုံးအချက်အဖြစ် မတူညီသော သဘာဝဂေစနစ်များအကြားက ဆက်စပ်ပုံကို ရှင်းပြထားပြီး တောတောင်များ၊ သစ်တောများ၊ ရေကန်များနှင့် မြက်ပင်များတို့ဟာ ဘဝရဲ့ အစိတ်အပိုင်းများဖြစ်ကြောင်း ရှင်းလင်းခဲ့ပါတယ်။

CPC ၏ ခိုင်မာသော ခေါင်းဆောင်မှုနဲ့အတူ၊ တရုတ်အစိုးရဟာ ဌာနအသီးသီးတွင် ဒီလိုရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် ဆက်လက်ပြီး ညှိနှိုင်းပူးပေါင်းဆောင်ရွက်ကြပါတယ်။

ပထမအဆင့်အဖြစ် အသစ်သော ဖွံ့ဖြိုးတိုးတက်မှု အတွေးအခေါ်ကို ခိုင်မာစွာ အကောင်အထည်ဖော်နေပြီး၊ အထူးသဖြင့် ဂေဟစနစ်တည်ဆောက်ရေး၊ ပတ်ဝန်းကျင်၊ စီးပွားရေးနှင့် လူမှုရေးအကျိုးများလို မတူညီသော ရည်မှန်းချက်များကို မျှမျှတတအကောင်အထည်ဖော်ခြင်း၊ ဂေဟစနစ်ကို အဆင့်မြင့်စွာကာကွယ်မှုပေးသော စီးပွားရေးဖွံ့ဖြိုးတိုးက်မှုကို အားပေးခြင်းကို အကောင်အထည်ဖော်နေပါတယ်။

ဒုတိယအချက်အဖြစ် ပတ်ဝန်းကျင်ညစ်ညမ်းမှုပြဿနာကို ဖြေရှင်းရန်အတွက် တိုက်ပွဲများစွာကို ဖော်ဆောင်လာခဲ့ပါတယ်။ထိုထဲတွင် လေကောင်းလေသန့်ရှူနိုင်သော နေ့ရက်များ ပိုများအောင်ဆောင်ရွက်ခြင်း၊ ပြာလဲ့သော ကောင်းကင်နှင့် သန့်ရှင်းသောရေ၊ ဂေဟစနစ်ကာကွယ်ရေးနှင့် ပြန်လည်တည်ဆောက်ခြင်း၊ ဇီဝလုံခြုံရေး စီမံခန့်ခွဲမှုကို တိုးတက်စေခြင်းတို့ ပါဝင်ပါတယ်။

တတိယအချက်အနေဖြင့်၊ ပတ်ဝန်းကျင်အုပ်မှုစနစ်နှင့် အုပ်ချုပ်မှုစွမ်းအင်တွင် ဂေဟပတ်ဝန်းကျင်အုပ်ချုပ်မှုစနစ်ကို ခေတ်မီအောင် ဆောင်ရွက်ခြင်းလည်းပါဝင်ပါတယ်။စနစ်များအားလုံးတွင်၊ သမ္မတ ရှီကျင့်ဖျင်က အဆိုပြုခဲ့သော ဗဟိုပတ်ဝန်းကျင်ကာကွယ်ရေးကြီးကြပ်ရေးစနစ်ဟာ အရေးကြီးဆုံးသော စနစ်သစ်ဖြစ်ပါတယ်။

အကြိမ် ၂၀ မြောက် CPC အမျိုးသားညီလာခံဟာ တရုတ်ပုံစံ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုလမ်းစဉ်ကို လိုက်နာရန် လမ်းဖောက်ပေးခဲ့ပါတယ်၊ အရေးကြီးဆုံးသောအချက်ကတော့ သဘာဝနှင့် လူသားများအကြား မျှတစွာ နေထိုင်ခြင်းသာဖြစ်ပါတယ်။ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် တရုတ်ဟာ လူသားယဉ်ကျေးမှုကို တည်ဆောက်စေနိုင်မှာဖြစ်ပါတယ်။

Naing
Ref - CMG