【 နိုင်ငံတကာဆောင်းပါး 】 အစိမ်းရောင် BRI က ကမ္ဘာအတွက် မျှော်လင့်ချက်

【 နိုင်ငံတကာဆောင်းပါး 】 အစိမ်းရောင် BRI က ကမ္ဘာအတွက် မျှော်လင့်ချက်

ကမ္ဘာကြီးသည် ဖွံ့ဖြိုးတိုးတက်မှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများကြားတွင် ပိတ်မိနေသည်။ကမ္ဘာ့ခေါင်းဆောင်များသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုနှင့် ဂေဟစနစ်ယဉ်ကျေးမှုဆိုင်ရာ အခြေခံမူများကို လိုက်နာခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် လျှောက်လှမ်းရန်အတွက် နည်းလမ်းရှာဖွေဖို့ ရုန်းကန်နေရသည်။

ရာသီဥတုပြောင်းလဲမှုပြဿနာသည် လူသားတို့၏သမိုင်းတွင် မကြုံစဖူးဖြစ်ပြီး ကမ္ဘာဂြိုဟ်၏ အနာဂတ်ကို စိန်ခေါ်လျက်ရှိသည်။ထို့ကြောင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုနှင့် ဂေဟစနစ် ယဉ်ကျေးမှုအတွက် ကမ္ဘာကြီးသည် ကာဗွန်နည်းသော ဖွံ့ဖြိုးမှုအမြင်ကို အကောင်အထည်ပေါ်စေရန် ဆန်းသစ်သောအဖြေများကို ရှာဖွေရလိမ့်မည်ဖြစ်သည်။

ဤနောက်ခံမြင်ကွင်းကို ဆန့်ကျင်၍ ကမ္ဘာ့ခေါင်းဆောင်များ၊ ကျွမ်းကျင်သူများ၊ သိပ္ပံပညာရှင်များနှင့် တက်ကြွလှုပ်ရှားသူများသည် ၂၈ ကြိမ်မြောက် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း (COP28) ၏ ညီလာခံတွင် စုဝေးခဲ့ကြသည်။

ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက မည်ကဲ့သို့ လက်တွဲနိုင်ပုံနှင့် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များကို အလျှော့မပေးဘဲ ၎င်းသက်ရောက်မှုများသည် ဆွေးနွေးမှုအစီအစဉ်တိုင်း၏ ထိပ်ဆုံးတွင်ရှိနေသည်။ပါဝင်သူများသည် တူညီသောပြဿနာများကို ဆယ်စုနှစ်သုံးခုနီးပါးမျှ ဆွေးနွေးခဲ့ကြသည်။အတူစုစည်းဆွေးနွေးပြီးနောက် နောက်နှစ်မှာ တွေ့ဆုံဖို့ လူစုခွဲကြသည်။

ကမ္ဘာလုံးဆိုင်ရာ မြောက်ဘက်ခြမ်းက ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း (UNFCCC) ကို လွှမ်းမိုးထားမှုသည် တိုးတက်မှုနှေးကွေးရခြင်း၏ အဓိကအကြောင်းအရင်းဖြစ်သည်။

ကမ္ဘာ့မြောက်ဘက်ခြမ်းသည် အကျယ်တဝင့် ဆွေးနွေးရသည်ကို လွှမ်းမိုးထားပြီး ၎င်းတို့၏ နှစ်သက်မှုများအတိုင်း ဆွေးနွေးမှုလုပ်ငန်းစဉ်ကို ဦးစီးဦးဆောင်ပြုသည်။၎င်းတို့သည် သတ်မှတ်ပုံစံအတိုင်း ဆွေးနွေးမှုနှင့် ဆုံးဖြတ်ချက်များကို လိုက်နာကြသည်။နှစ်အနည်းငယ်ကြာတိုင်း သူတို့ဟာ လူတွေရဲ့အာရုံစူးစိုက်မှုကို ဆွဲဆောင်ပြီး လူတွေအလေးအနက်ပြောဖို့ ဆောင်ပုဒ်အသစ်တစ်ခု ထွက်လာလေ့ရှိသည်။

၎င်းတို့သည် ကတိများပေးသော်လည်း လုပ်ဆောင်မှုအပိုင်းတွင် ၎င်းတို့၏ ဦးစားပေးစာရင်းမှ လွဲချော်နေလေ့ရှိသည်။ ၂၀၁၅ ခုနှစ်တွင် ပါရီသဘောတူညီချက်ကို အတည်ပြုခဲ့သည်။သို့သော် ကမ္ဘာ့မြောက်ခြမ်းသည် ၎င်း၏ကတိများကို ဖြည့်ဆည်းရန်နှင့် ခိုင်မာသော အရေးယူမှုများပြုလုပ်ရန် သဘောသဘာဝမရှိပေ။

အချက်အလက်များကိုကြည့်ပါက ဖွံ့ဖြိုးပြီးနိုင်ငံများသည် ကျောက်မီးသွေးမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာတွင် ထိပ်တန်းဦးဆောင်သူအဖြစ် ရှိနေဆဲဖြစ်သည်။ အဖွံ့ဖြိုးဆုံးနိုင်ငံဖြစ်သည့် အမေရိကန်သည် ၂၀၂၂ ခုနှစ်တွင် ၎င်း၏လျှပ်စစ်ဓာတ်အား၏ ၂၀ ရာခိုင်နှုန်းကို ကျောက်မီးသွေးမှ ထုတ်လုပ်ခဲ့သည်။ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို ထောက်ခံသည့် အခြားနိုင်ငံဖြစ်သည့် ဂျာမဏီသည် ၎င်းလျှပ်စစ်ဓာတ်အား၏ သုံးပုံတစ်ပုံကျော်ကို ကျောက်မီးသွေးမှ ထုတ်လုပ်နေသည်။

ဒီတစ်ခါတွင် ကမ္ဘာ့မြောက်ခြမ်းသည် နိုင်ငံများ၏ ပုဂ္ဂလိကကဏ္ဍသို့ အောင်မြင်စွာ အာရုံပြောင်းခဲ့သည်။ COP 26 မှစတင်၍ ဆွေးနွေးမှု၏ အဓိကအချက်အဖြစ် ပုဂ္ဂလိကကဏ္ဍမှာ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရန်အတွက် ဘဏ္ဍာငွေထောက်ပံ့မှုဆိုင်ရာ ဖြစ်လာပါသည်။

ဗြိတိန်၊ အမေရိကန်နှင့် ၎င်းတို့၏လုပ်ဖော်ကိုင်ဖက်များသည် ကာဗွန်အကြွင်းမဲ့အတွက် ဂလပ်စကို ဘဏ္ဍာရေးမဟာမိတ်အဖွဲ့ကို စနစ်တကျဖန်တီးခဲ့သည်။၎င်းသည် ချေးငွေအတွက် ပုဂ္ဂလိကကုမ္ပဏီများနှင့် ရင်းနှီးမြုပ်နှံသူများစုထားသည့် ရုံးဖြစ်သည်။

ကုလသမဂ္ဂ ရာသီဥတုလှုပ်ရှားမှုနှင့် ဘဏ္ဍာရေးဆိုင်ရာ အထူးသံတမန် မတ်ခ်ကာနေနှင့် COP 26 ၏ ဘဏ္ဍာရေး အကြံပေးပုဂ္ဂိုလ်တို့က ထိုအချိန်ရှိ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ကတိကဝတ်ပြုသည့် ကုမ္ပဏီများ၏ ပိုင်ဆိုင်မှု စုစုပေါင်းမှာ ဒေါ်လာ ၁၃၀ ထရီလျံရှိသည်ဟု ဆိုထားသည်။

ကမ္ဘာ့မြောက်ခြမ်းသည်  ရာသီဥတုပြောင်းလဲမှုကို ပြန်လည်တိုက်ဖျက်ရာတွင် ပုဂ္ဂလိကကဏ္ဍကို ကယ်တင်ရှင်အဖြစ် တင်ပြနေသည်။သို့သော်လည်း ရာသီဥတုပြောင်းလဲမှုပြဿနာကို ဖန်တီးရာတွင် ပုဂ္ဂလိက ကဏ္ဍ၏ သမိုင်းဝင်အခန်းကဏ္ဍကို လူအနည်းငယ်ကသာ ပြောဆိုကြသည်။

ထို့ကြောင့် ရှားပါးလှသည့် အရင်းအမြစ်များကို ရာသီဥတုပြောင်းလဲမှုဖြင့် ကမ္ဘာကြီးကို ပုဂ္ဂလိက ကဏ္ဍအမည်ဖြင့် အသုံးချရန် ကြိုးစားနေသည်ဟု လူအများက ယုံကြည်ကြသည်။ ပုဂ္ဂလိက ကဏ္ဍ၏ အခြားသောပြဿနာမှာ ၎င်းတို့၏ ကတိကဝတ်များကို အချိန်မရွေး ကျောခိုင်းနိုင်ခြင်းဖြစ်သည်။ရာသီဥတုပြောင်းလဲ ဖောက်ပြန်မှု ထိန်းသိမ်းခြင်းတွင် ရင်းနှီးမြုပ်နှံခြင်း၌ ၎င်းတို့အကျိုးအမြတ်မရှိဟု ခံစားရပါက ၎င်းတို့၏ငွေကို ထုတ်ယူနိုင်သည်။

ဒါကြောင့် ပုဂ္ဂလိက ကဏ္ဍက နိုင်ငံတော်ရဲ့ အခန်းကဏ္ဍနေရာကို အစားမယူနိုင်ပေ။

ကမ္ဘာ့တောင်ခြမ်းမှ နိုင်ငံတော်၏ အခန်းကဏ္ဍကို တာဝန်ယူရန် ထပ်ခါတလဲလဲ တောင်းဆိုနေသော်လည်း၊ ကမ္ဘာ့မြောက်ခြမ်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စိုးရိမ်မှုများကို ဖြေရှင်းရန် အဆင်သင့်မဖြစ်သေးပေ။ထိုအစား သာတူညီမျှမှုနှင့် သမိုင်းဆိုင်ရာတာဝန်မူများနှင့်အညီဖြင့် ၎င်းတို့၏ ကတိကဝတ်များကို ကျေပွန်အောင် ရှောင်ကြဉ်ကြသည်။

ဤအခြေအနေတွင် Belt and Road Initiative (BRI) သည် မျှော်လင့်ချက်ရောင်ခြည်တစ်ခုဖြစ်လာသည်။ BRIတွင် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုနှင့် ဂေဟစနစ်ယဉ်ကျေးမှုဆိုင်ရာ အခြေခံမူများကို လိုက်နာခြင်းကြောင့် ကမ္ဘာကြီးအား ၎င်း၏ ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များ အောင်မြင်စေရန် ကူညီပေးနိုင်သည့် အရာများအားလုံးရှိသည်။

BRI သည် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများတွင် အခြေခံအဆောက်အဦများတည်ဆောက်ရန်၊ ကုန်သွယ်မှုမြှင့်တင်ရန်၊ အလုပ်အကိုင်များဖန်တီးပေးခြင်း၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရန်နှင့် ရင်းနှီးမြှုပ်နှံမှုကွာဟချက်ကို ပေါင်းကူးရာတွင် ကြီးမားသောအခန်းကဏ္ဍမှ ပါဝင်နေသည်။

ထို့အပြင် တာဝန်ယူမှုရှိသော ထွန်းသစ်စ ပါဝါနိုင်ငံတစ်ခုဖြစ်သည့် တရုတ်နိုင်ငံသည်  သဘာဝပတ်ဝန်းကျင်ကို အကာအကွယ်မပေးဘဲ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချခြင်းသည် ဖွံ့ဖြိုးတိုးတက်မှုကို အကန့်အသတ်ဖြင့်သာ အသုံးပြုနိုင်မည်ဖြစ်သည်ဟု သဘောပေါက်ခဲ့သည်။

ထို့ကြောင့် “အစိမ်းရောင်” သည် ပွဲဦးထွက်ကတည်းက ၎င်းစိတ်ကူးပုံဖော်ခြင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။တရုတ်နိုင်ငံသည် အစိမ်းရောင် BRI မျှော်မှန်းချက်ကို အကောင်အထည်ဖော်ရန် ခိုင်မာသော လုပ်ဆောင်ချက်များကို အာရုံစိုက်လုပ်ဆောင်လျက်ရှိသည်။

အစပိုင်းတွင် တရုတ်နိုင်ငံသည် စိမ်းလန်းသောစွမ်းအင်၊ အခြေခံအဆောက်အအုံနှင့် စက်မှုလုပ်ငန်းဆီသို့ ရင်းနှီးမြှုပ်နှံမှုကို လမ်းကြောင်းလွှဲရန် စတင်ခဲ့သည်။တရုတ်နိုင်ငံသည် ၂၀၂၁ ခုနှစ်တွင် နိုင်ငံရပ်ခြားတွင် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံသစ်များ မတည်ဆောက်တော့ကြောင်း ကြေညာခဲ့သည်။

ထို့အပြင် တရုတ်နိုင်ငံသည် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများကို တိုက်ဖျက်ရန် ၎င်းတို့၏ စွမ်းဆောင်ရည်ကို တည်ဆောက်ရန်အတွက် ကာဗွန်နည်းသော သရုပ်ပြဇုန်များ တည်ဆောက်ရန် BRI တွင် ပါဝင်သည့် နိုင်ငံများနှင့် လက်တွဲဆောင်ရွက်ခဲ့သည်။

တရုတ်နိုင်ငံသည် Green Silk Road Envoys Program ကဲ့သို့သော အစီအစဉ်များမှတစ်ဆင့် စွမ်းရည်မြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ၂၀၁၉ ခုနှစ်ကတည်းက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ရှိသူပေါင်း ၁,၅၀၀ ကို လေ့ကျင့်သင်ကြားပေးခဲ့သည်။

တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံသည် BRI စိမ်းလန်းစိုပြေရေးအတွက် နည်းပညာအသုံးပြုမှုကို မြှင့်တင်လျက်ရှိသည်။ BRI ထဲသို့ ထဲထဲဝင်ဝင်ပါဝင်ခြင်းသည် ကုန်သွယ်မှု၊ အခြေခံအဆောက်အအုံ (သို့မဟုတ်) ထောက်ပံ့ပို့ဆောင်ရေးသာမကဘဲ အစိမ်းရောင်ပန်းတိုင်များကို တူညီစွာ အာရုံစိုက်ခြင်းလည်းဖြစ်ကြောင်း ထင်ရှားစေသည်။

၎င်းသည် သံယံဇာတအရင်းအမြစ် ထိရောက်မှုကို မြှင့်တင်ရန်၊ ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းရန်၊ ကောင်းမွန်ပြီး ဖြစ်ထွန်းသော ဂေဟစနစ်များဖြစ်ထွန်းမှုကို သေချာစေရန်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ အုပ်ချုပ်မှုစနစ်တို့ကို ဖော်ဆောင်ရန် ရည်မှန်းထားသည်။

BRI ကို စစ်မှန်သော စိမ်းလန်းသော ပရိုဂရမ်တစ်ခုဖြစ်စေရန်အတွက် နည်းပညာကိုအသုံးပြုခြင်း၊ လူသားနှင့် ဘဏ္ဍာရေးဆိုင်ရာ စွမ်းရည်များ တည်ဆောက်ခြင်းနှင့် ဒေတာစုဆောင်းခြင်းနှင့် မျှဝေခြင်းတို့ကိုလည်း အားပေးထားသည်။

ထိုသည်ကိုကြည့်လျှင် တရုတ်နိုင်ငံသည် အစိမ်းရောင် BRI အကြောင်း ပြောနေရုံသာမကဘဲ လက်တွေ့ကျသော ခြေလှမ်းများကိုပါ လုပ်ဆောင်နေကြောင်း ထင်ရှားသည်။

တရုတ်ခေါင်းဆောင်များသည် အစိမ်းရောင် BRI နှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကတိကဝတ်များကို အကောင်အထည်ဖော်ရန် ဆုံးဖြတ်ထားရာ ရာသီဥတုပြောင်းလဲမှုကို ရင်ဆိုင်နေရသော ကမ္ဘာကြီးအတွက် အစိမ်းရောင် BRI သည် မျှော်လင့်ချက်ရောင်ခြည်တစ်ခု ဖြစ်လာနေပေသည်။

စိုးနိုင်ထွန်း
Ref - CMG | COP28: Green BRI a ray of hope