【 နိုင်ငံတကာဆောင်းပါး 】BRI နှင့် မြန်မာ့ကုန်သွယ်ရေး

【 နိုင်ငံတကာဆောင်းပါး 】BRI နှင့် မြန်မာ့ကုန်သွယ်ရေး 

ပထဝီနိုင်ငံရေးအချက်အချာကျသော မြန်မာနိုင်ငံသည် ကုန်သွယ်ရေးကဏ္ဍများဖွံ့ဖြိုးမှုများကတော့ လို အပ်နေဆဲ ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပထဝီတည်နေရာသည် ဒေသတွင်းကုန်သွယ်မှုများအတွက် ဗျူဟာမြောက် အရေး ပါသည်။
ကပ္ပလီပင်လယ်၊ ဘင်္ဂလားပင်လယ်အော်တို့နှင့် ရေကြောင်းကုန်သွယ်ရေးအချက်အချာကျမှု၊ နိုင်ငံအ များအပြား နှင့် ကုန်းမြေနယ်နိမိတ်ဆက်စပ်နေသည့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုများ အဓိကဖြတ်သန်းရာ အရေးပါသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ 
ကိုဗစ်ကာလပြီးနောက်ပိုင်းကိုကြည့်လျှင် ပြည်တွင်းကုန်ထုတ်လုပ်ငန်းများကျဆင်းခဲ့ပြီး လယ်ယာထွက် ကုန်တင်ပို့မှုများ မြင့်တက်ခဲ့သည်ဟု ကမ္ဘာ့ဘဏ်၏ ၂၀၂၂ ခုနှစ်အောက်တိုဘာလမှ ၂၀၂၃ မတ်လအထိ ပြုစုထား သော ပို့ကုန်သွင်းကုန်စစ်တမ်းမှ သိရသည်။ 
ပို့ကုန်များသည် ပြည်ပဝယ်လိုအား လျော့နည်းခြင်း၊ ငွေလဲနှုန်းအပြောင်းအလဲ၊ ကုန်ကျစရိတ်မြင့်မားခြင်း များနှင့်  စိန်ခေါ်မှုရှိနေသည်။ မြန်မာနိုင်ငံတွင် ပို့ကုန်ကျဆင်းမှုနှင့် သွင်းကုန်တည်ငြိမ်နေသဖြင့် ၂၀၂၃ ခုနှစ်မတ် လအထိ စစ်တမ်းအရ ကုန်သွယ်မှုလိုငွေ ပြနေသည်ဟု ၎င်းစစ်တမ်းတွင် ဖော်ပြထားသည်။ 
ပဋိပက္ခများ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ပိုမိုကျဆင်းလာခြင်း၊ ငွေကြေးဖောင်းပွမှု ဖိအားများနှင့် သဘာဝ ဘေးအန္တရာယ်များကြောင့် ကုန်သွယ်ရေးကဏ္ဍများကတော့ နှောင့်နှေးကြန့်ကြာမှုများ ရှိနေဦးမည် ဖြစ်သည်ဟု သိရသည်။  
အင်ဒိုချိုင်းနားကျွန်းဆွယ်၏ အနောက်ဘက်ကမ်းရိုးတန်းတစ်လျှောက်တွင် တည်ရှိသော မြန်မာနိုင်ငံ သည် အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ လာအိုနိုင်ငံတို့နှင့် ပထဝီနယ်နိမိတ်ဆက်စပ်နေသည်။ တရုတ်၊ထိုင်း၊ အိန္ဒိယနှင့် စင်ကာပူနိုင်ငံတို့က အဓိကကုန်သွယ်ဖက်နိုင်ငံများဖြစ်ပြီး မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ၏ ကုန် သွယ်ရေး သည် အချက်အချာကျပြီး သမိုင်းတစ်လျှောက် အရေးပါလျက်ရှိသည်။ 
မြန်မာနိုင်ငံသည် ပင်လယ်ရေကြောင်းနှင့်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ ကုန်သွယ်နေသည့် နိုင်ငံပေါင်း ၂၀၀ ကျော်ရှိသည်။  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလအထိ ပို့ကုန်တင်ပို့သည့် နိုင်ငံ ပေါင်း ၁၁၃ နိုင်ငံ နှင့် သွင်းကုန်တင်သွင်းသည့် နိုင်ငံပေါင်း ၁၀၃ နိုင်ငံရှိကြောင်း စီးပွားရေးကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရ သည်။ 
မြန်မာနိုင်ငံနှင့် ကုန်သွယ်ဖက်နိုင်ငံများထဲတွင် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံက အများဆုံးဖြစ်သည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလအထိ တရုတ်နိုင်ငံသို့ ပို့ကုန်အားဖြင့် ကန်ဒေါ်လာ ၂၉၆၁ ဒသမ ၂၉၁ သန်း တင်ပို့ခဲ့ပြီး သွင်းကုန်အားဖြင့် ကန်ဒေါ်လာ ၄၅၀၃ ဒသမ ၆၄၇ သန်း ၊  ထိုင်းနိုင်ငံသို့ ပို့ကုန်အားဖြင့် ၂၀၃၅ ဒသမ ၅၂၂ သန်း တင်ပို့ခဲ့ပြီး သွင်းကုန်အားဖြင့် ၁၀၃၃ ဒသမ ၁၂၈ သန်း တင်သွင်းခဲ့ကြောင်း စီးပွားရေးနှင်းကူး သန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရသိရသည်။ ၎င်းနိုင်ငံများနှင့် ကုန်သွယ်မှုများသည် ယခင် ဘဏ္ဍာနှစ် များထက် ကျဆင်းသွားသည့် အခြေအနေဖြစ်သည်။ 
အားကောင်းသည့် ကုန်သွယ်ရေးဖွံ့ဖြိုးမှုများ သွားမည့်လမ်းကြောင်းမှာ လမ်းပန်းဆက်သွယ်ရေးနှင့် အခြေခံ အဆောက်အအုံများ တိုးတက်ဖွံ့ဖြိုးမှုက အလွန်ပဲအရေးကြီးပါသည်။ 
တရုတ်နိုင်ငံမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ခါးပတ်နှင့်လမ်းစီမံကိန်း (Belt and Road Initiatives-BRI) စီမံကိန်းကြီးသည် မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုများအတွက် အခွင့်အလမ်း ဖြစ်သည်။  
အာဆီယံသာမက BRI စီမံကိန်းသည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအထိ နိုင်ငံပေါင်း ၁၅၅ နိုင်ငံ၊ နိုင်ငံတကာ အဖွဲ့အစည်းပေါင်း ၃၀ ကျော်တို့က ပူးပေါင်းဆောင်ရွက်မှုများတွင် လက်မှတ်ရေးထိုးထားကြောင်း သိရသည်။ မြန်မာနိုင်ငံအနေဖြင့် စီမံကိန်း ၃၃ ခုထဲတွင် လက်မှတ်ရေထိုးပြီးသားဖြစ်သည်။ 
မြန်မာနိုင်ငံသည် လယ်ယာထွက်ကုန်၊ ရေထွက်ကုန်များ ကုန်သွယ်ရေးတွင် အောင်မြင်သည့်အလျောက် BRI ၏ စီမံကိန်းထဲတွင် ပို့ကုန်၊သွင်းကုန်ဆိုင်ရာ သဘောတူစာချုပ်ကလည်း အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင် သည်။ 
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ရေထွက်ကုန်၊ မွေးမြူရေးထွက်ကုန်ပစ္စည်းများ တင်ပို့ရေး၊ အပင်ပိုးမွှား ရောဂါကင်းရှင်းရေးဆိုင်ရာ လိုအပ်ချက် သဘောတူစာချုပ်များကို  ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်နေ့က တရုတ်နိုင်ငံ၊ နန်နင်းမြို့၌ ကျင်းပသည့် ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှုညီလာခံတွင် မြန်မာနိုင်ငံမှ ပြည် ထောင်စုဝန်ကြီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ပြီး လက်မှတ်ရေးထိုးခဲ့သည်။ 
ရေထွက်ကုန်ပစ္စည်းများနှင့် မွေးမြူရေး၊ ရေထွက်ကုန်ပစ္စည်းတင်ပို့ရေး၊ အပင်ပိုးမွှား ရောဂါ ကင်းရှင်းရေး ဆိုင်ရာ လိုအပ်ချက်သဘောတူစာချုပ်များ ချုပ်ဆိုခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။ BRI စီမံကိန်း သည် တစ်နိုင်ငံမှတစ်နိုင်ငံကုန်သွယ်ရေးတို့ကို လမ်းပန်းဆက်သွယ်ရေးတို့ဖြင့် အဓိကချိတ်ဆက်၍ အလျင်မြန်ဆုံး နှင့် အထိရောက်ဆုံး ဆောင်ရွက်နေခြင်းဖြစ်သည်ဟု သိရသည်။ 
BRI သည် ကုန်းလမ်းကြောင်းပိုးလမ်းမစီးပွားရေးရပ်ဝန်း (Silk Road Economic Belt - SREB) နှင့် ၂၁ ရာစုရေကြောင်းပိုးလမ်းမ (21st Century Maritime Silk Road-MSR) အစိတ် အပိုင်းနှစ်ခုကို ပေါင်းစပ်ထားသည့် ခေတ်သစ်ပိုးလမ်းမစီမံကိန်းဖြစ်သည်။ 
ကုန်းလမ်းကြောင်းပိုးလမ်းမ စီးပွားရေးရပ်ဝန်းတွင် တရုတ်နိုင်ငံမှအစပြု၍ ကုန်းတွင်းပိတ် အာရှအလယ် ပိုင်း၊ ထိုမှ တစ်ဆင့် အရှေ့တောင်အာရှ၊ တောင်အာရှ၊ အရှေ့ အလယ်ပိုင်းနှင့် ဥရောပနိုင်ငံများကို ကုန်းလမ်း ကြောင်းဖြင့် ချိတ်ဆက်သည့်ကွန်ရက်ဖြစ်ပြီး ပင်လယ်ရေကြောင်းပိုးလမ်းမတွင် တောင်တရုတ် ပင်လယ်၊ တောင် ပစိဖိတ် သမုဒ္ဒရာ၊ အိန္ဒိယသမုဒ္ဒရာတို့မှတစ်ဆင့် အရှေ့တောင်အာရှမှ တောင်အာရှ၊ အရှေ့အလယ်ပိုင်း၊ အာဖရိက၊ တောင်အမေရိကနှင့် ဥရောပတို့ကို ဖြတ်သန်းသွားလာနိုင်မည့် အင်ဒို- ပစိဖိတ်ပင်လယ် ရေလမ်းကြောင်း ကွန်ရက် ဖြစ် သည်။ 
စီမံကိန်းကွန်ရက်တစ်လျှောက် ဆောင်ရွက်မည့်အခြေခံအဆောက်အအုံတည်ဆောက်ရေးများတွင် ဆိပ် ကမ်းများ၊ မိုးမျှော်တိုက်များ၊ မီးရထားလမ်းများ၊ အဝေးပြေးလမ်းမများ၊ တံတားများ၊ လေဆိပ်များ၊ ဆည်များ၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများ၊ ရထားလမ်းဥမင်များ၊ ရေနံပိုက်လိုင်းများ၊ နယ်စပ်ကုန်သွယ်ရေး ကွန်ရက်များ ပါဝင်သည်။
မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရှိ ကူမင်းမြို့မှ မူဆယ်၊ မန္တလေး၊ ရန်ကုန်၊ ကျောက်ဖြူ စသည့်မြို့ တစ်လျှောက်နှင့် ချိတ်ဆက်မည်ဖြစ်ပြီး အထူးစီးပွားရေးဇုန်များ၊ ဆိပ်ကမ်းများ၊ အဆင့်မြင့်နယ်စပ် ဂိတ် များ၊ ကုန်လှောင်ရုံများ၊ ကုန်စည်ထုတ်လုပ်နိုင်သည့် စက်မှုဇုန်များကို အကောင်အထည်ဖော်မည့် စီံမံကိန်းများ ပါ ဝင်သည်။ 
BRI စီမံကိန်းများနှင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးနှင့်လယ်ယာထွက်ကုန်များ၊ ရေထွက်ကုန်များ၊ အထည် အလိတ် လုပ်ငန်းများ အစရှိသည့် များစွာသော လုပ်ငန်းအရင်းအမြစ်များစွာအတွက် ကုန်သွယ်ရေးဖွံ့ဖြိုး တိုးတက် မှုများသည် တရုတ်-မြန်မာ နှစ်နိုင်ငံ၏ အနာဂတ်အိပ်မက်တစ်ခု ဖြစ်ပေသည်။ 
                                                                                                                                     
အမွန်