ဆယ်စုနှစ်များကြာ ယူကေအမဲသား ပိတ်ပင်ထားမှုကို ဂျပန် ဖယ်ရှားပေးတော့မည်

ဆယ်စုနှစ်များကြာ ယူကေအမဲသား ပိတ်ပင်ထားမှုကို ဂျပန် ဖယ်ရှားပေးတော့မည်

ဗြိတိန်ဒေသများတွင် နွားရူးရောဂါ ကူးစက်ပျံ့ပွားမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ထိုဒေသမှ အမဲသားနှင့် သိုးသားတင်သွင်းမှု တားမြစ်ထားတာကို ဂျပန်က ရပ်ဆိုင်းတော့မှာ ဖြစ်ပါတယ်။

ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ထရီဇာ မေတို့ တွေးဆုံဆွေးနွေမှု အပြီးမှာ ဒီလို အဆုံးအဖြတ် ဖြစ်လာတာပါ။

အင်္ဂါနေ့က ဒေါင်းနင်းလမ်းမှာ လုပ်တဲ့ ခေါင်းဆောင်နှစ်ဦးရဲ့ အစည်းအဝေးက နည်းပညာကဏ္ဍမှာ နှစ်နိုင်ငံ ငွေကြေး ပူးပေါင်းပြီးဆောင်ရွက်ကြမယ်လို့ မျှော်လင့်ထားခဲ့ကြတာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲအရဆို အီးယူကနေ အင်္ဂလိပ် ခွဲထွက်ဖို့ကိစ္စနဲ့ ပတ်သက်လို့ ဝန်ကြီးချုပ်အာဘေးက ဂျပန်ရဲ့ သဘောထားကို ဖေါ်ပြပေမယ့် ဝိုးတိုးဝါးတားကြီးပဲဖြစ်နေခဲ့ပါတယ်။

ဒေါင်းနင်းလမ်း ကပြောတာက အမဲသားနဲ့ သိုးသားတွေ တားမြစ်ထားတာကို ပယ်ဖျက်ဖို့ ဂျပန်ရဲ့ ဆုံးဖြတ်ချက်ဟာ ဗြိတိန်လယ်သမားတွေအဖို့ ငါးနှစ် အတွင်း ပေါင် ၁၂၇ သန်းလောက် တန်လိမ့်မယ် လို့ဆိုပါတယ်။ အကောက်ခွန်နဲ့ အမြတ်ခွန်ဌာန ကိန်းကဏန်းများအရ ယူကေရဲ့ အသားစိမ်းတင်ပို့မှုဟာ ၂၀၁၇ မှာ ပေါင် ၁ ဒဿမ ၂ ဘီလျံ ကျော်ရှိခဲ့ပါတယ်။

ဝန်ကြီး နှစ်ယောက်ဟာ ခေတ်မီ IT ကရိယာများ ထုတ်လုပ်ခြင်း၊ အဆင့်မြင့်နည်းပညာ အလုပ်အကိုင် အခွင့်အလမ်းများဖန်းတီးခြင်းနဲ့ လူနေမှုဘဝ မြင့်တင်နိုင်ရေးိုအတွက် ကနဦးအနေဖြင့် ပေါင် သန်း ၃၀ မြှုပ်နှံကြမည်ဖြစ်ကြောင်းကြေငြာဖို့လည်းရှိတယ်လို့ ထုတ်ပြန်ချက်တခုမှာ ဖေါ်ပြထားပါတယ်။

ဒီ မြှုတ်နှံတဲ့ ငွေပင်ငွေရင်းက သက်ကြီးရွယ်အို စောင့်ရှောက်ရေး၊ ဆေးကုသရေးနဲ့ သဘာဝစွမ်းအင်သုံး သယ်ယူပို့ဆောင်ရေးနှင့် စွမ်းအင်ကဏ္ဍတွေအတွက် မတည်တာဖြစ်ပါတယ်။ ကာကွယ်ရေးနဲ့ ယဉ်ကျေးမှု ကိစ္စတွေ နှစ်နိုင်ငံ ချိတ်ဆက်ဆောင်ရွက်ကြရာမှာလည်း ပိုမို အားသွန်ခွန်စိုက်ကြဖို့ကိုလည်း သဘောတူကြပါတယ်။

အီးယူကနေ အင်္ဂလန် ခွဲထွက်တဲ့ကိစ္စ အပေါ် ဂျပန်နိုင်ငံအနေနဲ့ စိုးရိမ်မိကြောင် ဝန်ကြီးချုပ်အာဘေးက ထပ်လောင်းပြောကြားခဲ့ဖွယ်ရှိပါတယ်။ ဝန်ကြီးချုပ် ထရီဇာ မေကလည်း ဆွေးနွေးပွဲနဲ့ပါတ်သက်လို့ အကောင်းမြင်ကြောင်းပြောကြားခဲ့ပါတယ်။ အီးယူကနေထွက်ဖို့ ယူကေအနေနဲ့ ပြင်ဆင်နေတာမို့ မိမိတို့အနေနဲ့ အမျှော်အမြင် ကြီးကြီးနဲ့ ကမ္ဘာကြီးကို ကြည့်ရမယ်။ ဂျပန်နဲ့ ဆက်ဆံရေးက အရင်ထက်ပို ခိုင်မာလာပြီး ဒီတခါ အလည်အပတ်က ပိုမိုကျယ်ပြန့်တဲ့ ကဏ္ဍတွေမှာ အတူတူလုပ်ကိုင်နိုင်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဂျပန် ရင်းနှီးမြှုပ်နှံသူတွေက အီးယူနဲ့ ဗြိတိန်ရဲ့ အနာဂတ် ဆက်ဆံရေးမှုကို ရှင်းရှင်းလင်းလင်း သိချင်ကြတယ် လို့ အတိုက်အခံ လေဘာပါတီ အတွင်းရေးမှူး ဘာရီ ဂါဒင်းနာက ဆိုပါတယ်။

ဒါကိုလည်း ဝန်ကြီးချုပ်က ပြတ်ပြတ်သားသားမပြောနိုင်ဘူးဆိုတာ ရှင်းနေတာပါပဲ။ ဘာလို့လဲဆို နောက်အပါတ်မှာ မဲပေးကြမယ့် အနာဂတ် နိုင်ငံရေးမူဟာလည်း မရေမရာ ဖြစ်နိုင်ခြေသာသာပဲဖြစ်လိမ့်မယ်လို့ ဂါဒင်းနာက ထပ်လောင်းပြာကြားပါတယ်။

NZT
ဘီဘီစီ
လန်ဒန်၊ ဇန်နဝါရီ - ၁၁

( Zawgyi )

ၿဗိတိန္ေဒသမ်ားတြင္ ႏြား႐ူးေရာဂါ ကူးစက္ပ်ံ႕ပြားမႈမ်ား ျဖစ္ေပၚခဲ့သျဖင့္ ထိုေဒသမွ အမဲသားႏွင့္ သိုးသားတင္သြင္းမႈ တားျမစ္ထားတာကို ဂ်ပန္က ရပ္ဆိုင္းေတာ့မွာ ျဖစ္ပါတယ္။

ဂ်ပန္ ဝန္ႀကီးခ်ဳပ္ ရွင္ဇိုအာေဘးႏွင့္ ထရီဇာ ေမတို႔ ေတြးဆုံေဆြးေႏြမႈ အၿပီးမွာ ဒီလို အဆုံးအျဖတ္ ျဖစ္လာတာပါ။

အဂၤါေန႔က ေဒါင္းနင္းလမ္းမွာ လုပ္တဲ့ ေခါင္းေဆာင္ႏွစ္ဦးရဲ႕ အစည္းအေဝးက နည္းပညာက႑မွာ ႏွစ္ႏိုင္ငံ ေငြေၾကး ပူးေပါင္းၿပီးေဆာင္႐ြက္ၾကမယ္လို႔ ေမွ်ာ္လင့္ထားခဲ့ၾကတာျဖစ္ပါတယ္။ ဒီေဆြးေႏြးပြဲအရဆို အီးယူကေန အဂၤလိပ္ ခြဲထြက္ဖို႔ကိစၥနဲ႔ ပတ္သက္လို႔ ဝန္ႀကီးခ်ဳပ္အာေဘးက ဂ်ပန္ရဲ႕ သေဘာထားကို ေဖၚျပေပမယ့္ ဝိုးတိုးဝါးတားႀကီးပဲျဖစ္ေနခဲ့ပါတယ္။

ေဒါင္းနင္းလမ္း ကေျပာတာက အမဲသားနဲ႔ သိုးသားေတြ တားျမစ္ထားတာကို ပယ္ဖ်က္ဖို႔ ဂ်ပန္ရဲ႕ ဆုံးျဖတ္ခ်က္ဟာ ၿဗိတိန္လယ္သမားေတြအဖို႔ ငါးႏွစ္ အတြင္း ေပါင္ ၁၂၇ သန္းေလာက္ တန္လိမ့္မယ္ လို႔ဆိုပါတယ္။ အေကာက္ခြန္နဲ႔ အျမတ္ခြန္ဌာန ကိန္းကဏန္းမ်ားအရ ယူေကရဲ႕ အသားစိမ္းတင္ပို႔မႈဟာ ၂၀၁၇ မွာ ေပါင္ ၁ ဒႆမ ၂ ဘီလ်ံ ေက်ာ္ရွိခဲ့ပါတယ္။

ဝန္ႀကီး ႏွစ္ေယာက္ဟာ ေခတ္မီ IT ကရိယာမ်ား ထုတ္လုပ္ျခင္း၊ အဆင့္ျမင့္နည္းပညာ အလုပ္အကိုင္ အခြင့္အလမ္းမ်ားဖန္းတီးျခင္းနဲ႔ လူေနမႈဘဝ ျမင့္တင္ႏိုင္ေရးိုအတြက္ ကနဦးအေနျဖင့္ ေပါင္ သန္း ၃၀ ျမႇဳပ္ႏွံၾကမည္ျဖစ္ေၾကာင္းေၾကျငာဖို႔လည္းရွိတယ္လို႔ ထုတ္ျပန္ခ်က္တခုမွာ ေဖၚျပထားပါတယ္။

ဒီ ျမႇဳတ္ႏွံတဲ့ ေငြပင္ေငြရင္းက သက္ႀကီး႐ြယ္အို ေစာင့္ေရွာက္ေရး၊ ေဆးကုသေရးနဲ႔ သဘာဝစြမ္းအင္သုံး သယ္ယူပို႔ေဆာင္ေရးႏွင့္ စြမ္းအင္က႑ေတြအတြက္ မတည္တာျဖစ္ပါတယ္။ ကာကြယ္ေရးနဲ႔ ယဥ္ေက်းမႈ ကိစၥေတြ ႏွစ္ႏိုင္ငံ ခ်ိတ္ဆက္ေဆာင္႐ြက္ၾကရာမွာလည္း ပိုမို အားသြန္ခြန္စိုက္ၾကဖို႔ကိုလည္း သေဘာတူၾကပါတယ္။

အီးယူကေန အဂၤလန္ ခြဲထြက္တဲ့ကိစၥ အေပၚ ဂ်ပန္ႏိုင္ငံအေနနဲ႔ စိုးရိမ္မိေၾကာင္ ဝန္ႀကီးခ်ဳပ္အာေဘးက ထပ္ေလာင္းေျပာၾကားခဲ့ဖြယ္ရွိပါတယ္။ ဝန္ႀကီးခ်ဳပ္ ထရီဇာ ေမကလည္း ေဆြးေႏြးပြဲနဲ႔ပါတ္သက္လို႔ အေကာင္းျမင္ေၾကာင္းေျပာၾကားခဲ့ပါတယ္။ အီးယူကေနထြက္ဖို႔ ယူေကအေနနဲ႔ ျပင္ဆင္ေနတာမို႔ မိမိတို႔အေနနဲ႔ အေမွ်ာ္အျမင္ ႀကီးႀကီးနဲ႔ ကမာၻႀကီးကို ၾကည့္ရမယ္။ ဂ်ပန္နဲ႔ ဆက္ဆံေရးက အရင္ထက္ပို ခိုင္မာလာၿပီး ဒီတခါ အလည္အပတ္က ပိုမိုက်ယ္ျပန႔္တဲ့ က႑ေတြမွာ အတူတူလုပ္ကိုင္ႏိုင္ဖို႔ျဖစ္တယ္လို႔ ဆိုပါတယ္။

ဒါေပမယ့္ ဂ်ပန္ ရင္းႏွီးျမႇဳပ္ႏွံသူေတြက အီးယူနဲ႔ ၿဗိတိန္ရဲ႕ အနာဂတ္ ဆက္ဆံေရးမႈကို ရွင္းရွင္းလင္းလင္း သိခ်င္ၾကတယ္ လို႔ အတိုက္အခံ ေလဘာပါတီ အတြင္းေရးမႉး ဘာရီ ဂါဒင္းနာက ဆိုပါတယ္။

ဒါကိုလည္း ဝန္ႀကီးခ်ဳပ္က ျပတ္ျပတ္သားသားမေျပာႏိုင္ဘူးဆိုတာ ရွင္းေနတာပါပဲ။ ဘာလို႔လဲဆို ေနာက္အပါတ္မွာ မဲေပးၾကမယ့္ အနာဂတ္ ႏိုင္ငံေရးမူဟာလည္း မေရမရာ ျဖစ္ႏိုင္ေျခသာသာပဲျဖစ္လိမ့္မယ္လို႔ ဂါဒင္းနာက ထပ္ေလာင္းျပာၾကားပါတယ္။

NZT
ဘီဘီစီ
လန္ဒန္၊ ဇန္နဝါရီ - ၁၁