ဆီးရီးယားမြောက်ပိုင်းတွင် ကာဒ်တပ်ဖွဲ့တိုက်ခိုက်မှုကြောင့် တူရကီတစ်ဦးသေဆုံးကာ ငါးဦး ဒဏ်ရာရ

ဆီးရီးယားမြောက်ပိုင်းတွင် ကာဒ်တပ်ဖွဲ့တိုက်ခိုက်မှုကြောင့် တူရကီတစ်ဦးသေဆုံးကာ ငါးဦး ဒဏ်ရာရ

ဆီးရီးယားအရှေ့မြောက်ပိုင်းတွင် ကဒ်စစ်သည်များ၏တိုက်ခိုက်မှုကြောင့် တူရကီ ၀ န်ထမ်းတစ် ဦး သေဆုံးကာ  ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး တူရကီက ငြိမ်းချမ်းရေးနွေဦးစစ်ဆင်ရေးစတင်ချိန်မှ စပြီး  ၁၁ ဦး မြောက် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း တူရကီစစ် တပ် ကပြောကြားခဲ့ပါတယ်။

တွစ်တာတွင် တနင်္ဂနွေနေ့ကဖော်ပြခဲ့သည့် တွစ်တာပို့စ်တစ်ခုတွင် ယခု တိုက်ခိုက်မှုမှာ တူရကီ-ဆီးရီးယားနယ်စပ်မြို့ Ras al-Ayn အနီး တူရကီတပ်ဖွဲ့များကင်းထောက်များပြုလုပ်နေစဉ် တိုက်ခိုက် ခံရခြင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဧရိယာ ကီလိုမီတာ ၃၀ (၁၉ မိုင်) ရှိတဲ့အဆိုပါနယ်စပ်ဇုံမှာ အမေရိကန်ကျောထောက်နောက်ခံ အပစ်အခတ်ရပ်စဲရေးဇုံမှာရှိခဲပြီး အမေရိကန်တပ်ဖွဲ့များရုတ်သိမ်းသွားပြီးနောက် ကဒ်တပ်ဖွဲ့ များအောက်သို့ ကျရောက်ခဲ့ပါတယ်။

အပစ်ခတ်ရပ်စဲရေးအတွက် ဒုတိယမြောက်ကြားဝင်ဖြန်ဖြေမှုအဖြစ် ရုရှားဘက်မှ ဆောင်ရွက်မှုများ ရှိခဲ့သော်လည်း ရံဖန်ရံခါ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်တယ်လို့ အေပီသတင်းဌာနက ဆိုပါတယ်။

တူရကီစစ်တပ်က ယခုတိုက်ခိုက်ခံရမှုအတွက် မိမိကိုယ်ကိုမိမိကာကွယ်သည့်အနေနှင့် သတ်မှတ် ထားသည့် စည်းမျဉ်းအတိုင်းလိုက်နာပြီး ဒုံးကျည်၊မော်တာနှင့် အကြီးစားလက်နက်များသုံးကာ တုံပြန်တိုက်ခိုက်ခဲ့ပါတယ်။

ရုရှားရဲ့ကြားဝင်ဖြန်ဖြေမှုဖြင့် အင်္ဂါနေ့ညနေက စတင်တဲ့ နာရီ ၁၅၀ ကြာ အပစ်ရပ်စဲရေး သဘောတူ ချက် ကာလအတွင်း  ဆီရီးယားကာဒ်တိုက်ခိုက်ရေးသမားများကို ဆုတ်ခွာခွင့်ပြုခဲ့ပါတယ်။

Linko
Ref:aawsat.com
အစ္စတန်ဘူလ်၊အောက်တိုဘာ ၂၇

(  Zawgyi  )

 ဆီးရီးယားအေရွ႕ေျမာက္ပိုင္းတြင္ ကဒ္စစ္သည္မ်ား၏တိုက္ခိုက္မႈေၾကာင့္ တူရကီ ၀ န္ထမ္းတစ္ ဦး ေသဆုံးကာ  ၅ ဦး ဒဏ္ရာရရွိခဲ့ၿပီး တူရကီက ၿငိမ္းခ်မ္းေရးေႏြဦးစစ္ဆင္ေရးစတင္ခ်ိန္မွ စၿပီး  ၁၁ ဦး ေျမာက္ ေသဆုံးခဲ့ျခင္း ျဖစ္ေၾကာင္း တူရကီစစ္ တပ္ ကေျပာၾကားခဲ့ပါတယ္။

တြစ္တာတြင္ တနဂၤေႏြေန႔ကေဖာ္ျပခဲ့သည့္ တြစ္တာပို႔စ္တစ္ခုတြင္ ယခု တိုက္ခိုက္မႈမွာ တူရကီ-ဆီးရီးယားနယ္စပ္ၿမိဳ႕ Ras al-Ayn အနီး တူရကီတပ္ဖြဲ႕မ်ားကင္းေထာက္မ်ားျပဳလုပ္ေနစဥ္ တိုက္ခိုက္ ခံရျခင္းျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဧရိယာ ကီလိုမီတာ ၃၀ (၁၉ မိုင္) ရွိတဲ့အဆိုပါနယ္စပ္ဇုံမွာ အေမရိကန္ေက်ာေထာက္ေနာက္ခံ အပစ္အခတ္ရပ္စဲေရးဇုံမွာရွိခဲၿပီး အေမရိကန္တပ္ဖြဲ႕မ်ား႐ုတ္သိမ္းသြားၿပီးေနာက္ ကဒ္တပ္ဖြဲ႕ မ်ားေအာက္သို႔ က်ေရာက္ခဲ့ပါတယ္။

အပစ္ခတ္ရပ္စဲေရးအတြက္ ဒုတိယေျမာက္ၾကားဝင္ျဖန္ေျဖမႈအျဖစ္ ႐ုရွားဘက္မွ ေဆာင္႐ြက္မႈမ်ား ရွိခဲ့ေသာ္လည္း ရံဖန္ရံခါ တိုက္ပြဲမ်ားဆက္လက္ျဖစ္ပြားေနဆဲ ျဖစ္တယ္လို႔ ေအပီသတင္းဌာနက ဆိုပါတယ္။

တူရကီစစ္တပ္က ယခုတိုက္ခိုက္ခံရမႈအတြက္ မိမိကိုယ္ကိုမိမိကာကြယ္သည့္အေနႏွင့္ သတ္မွတ္ ထားသည့္ စည္းမ်ဥ္းအတိုင္းလိုက္နာၿပီး ဒုံးက်ည္၊ေမာ္တာႏွင့္ အႀကီးစားလက္နက္မ်ားသုံးကာ တုံျပန္တိုက္ခိုက္ခဲ့ပါတယ္။

႐ုရွားရဲ႕ၾကားဝင္ျဖန္ေျဖမႈျဖင့္ အဂၤါေန႔ညေနက စတင္တဲ့ နာရီ ၁၅၀ ၾကာ အပစ္ရပ္စဲေရး သေဘာတူ ခ်က္ ကာလအတြင္း  ဆီရီးယားကာဒ္တိုက္ခိုက္ေရးသမားမ်ားကို ဆုတ္ခြာခြင့္ျပဳခဲ့ပါတယ္။

Linko
Ref:aawsat.com
အစၥတန္ဘူလ္၊ေအာက္တိုဘာ ၂၇