ဆီးရီးယားမှ အီရန်ပစ်မှတ်များကို လေကြောင်းမှ တိုက်ခိုက်ခဲ့ဟု အစ္စရေး အတည်ပြု

ဆီးရီးယားမှ အီရန်ပစ်မှတ်များကို လေကြောင်းမှ တိုက်ခိုက်ခဲ့ဟု အစ္စရေး အတည်ပြု

ရက်သတ္တပတ် အဆုံးရက်တွေမှာ ဆီးရီးယားက အီရန်တပ်ဖွဲ့တွေ ရှိနေတဲ့ နေရာအတော်များများကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ အစ္စရေးက အတည်ပြုပြောကြားခဲ့ပါတယ်။

ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ကတော့ လက်ဘနွန်မှာ ဟစ်ဇဘိုလာ ပြောက်ကြားတွေ တူးဖော်နေတဲ့ နယ်စပ်ဖြတ်ကျော် လိုဏ်ခေါင်းတွေကို ရှာဖွေမှုဟာ ပြီးစီးသွားပြီလို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

“နောက်ဆုံး ၄၈ နာရီအတွင်းမှာ အစ္စရေးက ဒမတ်စကတ် နိုင်ငံတကာလေဆိပ်က အီရန် လက်နက်ဂိုဒေါင်ရုံတွေကို တိုက်ခိုက်ခဲ့ပါတယ်။ဒါက အီရန်က ဆီးရီးယားမှာ စစ်ရေးကျူးကျော်မှုကို ဟန့်တားမယ်ဆိုတဲ့ ကျနော်တို့ရဲ့ ခိုင်မာတဲ့ ပေါ်လစီနဲ့ သန္နိဌာန်ကို ထင်ဟပ်နေပါတယ်။လိုအပ်ရင် ပိုပြီးပြင်းပြင်းထန်ထန် တိုက်ခိုက်ဦးမှာပါ။အဲဒါနဲ့အပြိုင်ပဲ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့တွေဟာ လက်ဘနွန်ကနေ အစ္စရေးပိုင်နက်ထဲ ဖြတ်ကျော်ဝင်ရောက်နေတဲ့ အကြီးမားဆုံး ဆဌမမြောက် လိုဏ်ခေါင်းကိုလည်း ဖော်ထုတ်တွေ့ရှိခဲ့ကြပါတယ်။ဒါဟာ မြောက်တံတိုင်းစစ်ဆင်ရေး အောင်မြင်စွာ ပြီးဆုံးသွားတာပါပဲ” လို့ နေတန်ယာဟု က ပြောကြားပါတယ်။

မြောက်တံတိုင်း ဆိုတာကတော့ အစ္စရေးက ဒီဇင်ဘာလက စတင်ခဲ့တဲ့ လက်ဘနွန်နယ်စပ်တလျှောက်က ဟစ်ဇဘိုလာတွေရဲ့ တိုက်ခိုက်ရေး လိုဏ်ခေါင်းတွေကို ရှာဖွေဖျက်စီးတဲ့ မစ်ရှင်ပဲ ဖြစ်ပါတယ်။

နေတန်ယာဟု အစ္စရေးဟာ အီရန်နဲ့ ဟစ်ဇဘိုလာရဲ့ လှုပ်ရှားမှုတွေကို ထပ်ချပ်မကွာ လိုက်လံစောင့်ကြည့်ပြီး လုံခြုံရေးအတွက် လိုအပ်တာမှန်သမျှကို လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

NZT
DW
တဲလ်အဗစ်၊ ဇန်နဝါရီ - ၁၄

( Zawgyi )

ရက္သတၱပတ္ အဆုံးရက္ေတြမွာ ဆီးရီးယားက အီရန္တပ္ဖြဲ႕ေတြ ရွိေနတဲ့ ေနရာအေတာ္မ်ားမ်ားကို ေလေၾကာင္းတိုက္ခိုက္မႈေတြ ျပဳလုပ္ခဲ့တယ္လို႔ အစၥေရးက အတည္ျပဳေျပာၾကားခဲ့ပါတယ္။

ဝန္ႀကီးခ်ဳပ္ ဘင္ဂ်မင္ ေနတန္ယာဟု ကေတာ့ လက္ဘႏြန္မွာ ဟစ္ဇဘိုလာ ေျပာက္ၾကားေတြ တူးေဖာ္ေနတဲ့ နယ္စပ္ျဖတ္ေက်ာ္ လိုဏ္ေခါင္းေတြကို ရွာေဖြမႈဟာ ၿပီးစီးသြားၿပီလို႔လည္း ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။

“ေနာက္ဆုံး ၄၈ နာရီအတြင္းမွာ အစၥေရးက ဒမတ္စကတ္ ႏိုင္ငံတကာေလဆိပ္က အီရန္ လက္နက္ဂိုေဒါင္႐ုံေတြကို တိုက္ခိုက္ခဲ့ပါတယ္။ဒါက အီရန္က ဆီးရီးယားမွာ စစ္ေရးက်ဴးေက်ာ္မႈကို ဟန႔္တားမယ္ဆိုတဲ့ က်ေနာ္တို႔ရဲ႕ ခိုင္မာတဲ့ ေပၚလစီနဲ႔ သႏၷိဌာန္ကို ထင္ဟပ္ေနပါတယ္။လိုအပ္ရင္ ပိုၿပီးျပင္းျပင္းထန္ထန္ တိုက္ခိုက္ဦးမွာပါ။အဲဒါနဲ႔အၿပိဳင္ပဲ အစၥေရးကာကြယ္ေရးတပ္ဖြဲ႕ေတြဟာ လက္ဘႏြန္ကေန အစၥေရးပိုင္နက္ထဲ ျဖတ္ေက်ာ္ဝင္ေရာက္ေနတဲ့ အႀကီးမားဆုံး ဆဌမေျမာက္ လိုဏ္ေခါင္းကိုလည္း ေဖာ္ထုတ္ေတြ႕ရွိခဲ့ၾကပါတယ္။ဒါဟာ ေျမာက္တံတိုင္းစစ္ဆင္ေရး ေအာင္ျမင္စြာ ၿပီးဆုံးသြားတာပါပဲ” လို႔ ေနတန္ယာဟု က ေျပာၾကားပါတယ္။

ေျမာက္တံတိုင္း ဆိုတာကေတာ့ အစၥေရးက ဒီဇင္ဘာလက စတင္ခဲ့တဲ့ လက္ဘႏြန္နယ္စပ္တေလွ်ာက္က ဟစ္ဇဘိုလာေတြရဲ႕ တိုက္ခိုက္ေရး လိုဏ္ေခါင္းေတြကို ရွာေဖြဖ်က္စီးတဲ့ မစ္ရွင္ပဲ ျဖစ္ပါတယ္။

ေနတန္ယာဟု အစၥေရးဟာ အီရန္နဲ႔ ဟစ္ဇဘိုလာရဲ႕ လႈပ္ရွားမႈေတြကို ထပ္ခ်ပ္မကြာ လိုက္လံေစာင့္ၾကည့္ၿပီး လုံၿခဳံေရးအတြက္ လိုအပ္တာမွန္သမွ်ကို လုပ္ေဆာင္သြားမွာ ျဖစ္တယ္လို႔လည္း ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။

NZT
DW
တဲလ္အဗစ္၊ ဇန္နဝါရီ - ၁၄