ဆီးရီးယား ကာ့ဒ်များကို တိုက်ခိုက်လာလျှင် တူရကီကို စီးပွားရေးအရ ဖျက်စီးပစ်မည်ဟု ထရန့် ခြိမ်းခြောက်

ဆီးရီးယား ကာ့ဒ်များကို တိုက်ခိုက်လာလျှင် တူရကီကို စီးပွားရေးအရ ဖျက်စီးပစ်မည်ဟု ထရန့် ခြိမ်းခြောက်

အမေရိကန်တပ်ဖွဲ့တွေကို ပြန်လည်ရုပ်သိမ်းဖို့ စီစဉ်ပြီးနောက်မှာ တကယ်လို့သာ ဆီးရီးယားက ကာ့ဒ်တပ်ဖွဲ့တွေကို တိုက်ခိုက်လာမယ်ဆိုရင် တူရကီကို စီးပွားရေးအရ ဖျက်စီးပစ်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် က ခြိမ်းခြောက်လိုက်ပါတယ်။

တနင်္ဂနွေနေ့က တွစ်တာပို့စ်တစ်ခုမှာ သူ့အနေနဲ့ ကာ့ဒ်တပ်ဖွဲ့တွေကိုလည်း တူရကီကို ရန်မစစေချင်ဘူးလို့ မစ္စတာထရန့် က ပြောကြားခဲ့ပါတယ်။

အမေရိကန်တပ်ဖွဲ့တွေဟာ ဆီးရီးယား မြောက်ပိုင်းမှာ ကာ့ဒ်စစ်သွေးကြွတွေနဲ့ ပူးပေါင်းပြီး အိုင်အက်စ် အကြမ်းဖက်အုပ်စုကို တိုက်ခိုက်လာခဲ့တာပဲ ဖြစ်ပါတယ်။ဒါပေမယ့်လည်း တူရကီကတော့ ပြည်သူ့ကာကွယ်ရေးယူနစ် (YPG) ကို အကြမ်းဖက်သမားတွေလို့သာ သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။

တူရကီ သမ္မတ ရီစပ် တေးယစ် အာဒိုဂန် ကတော့ အမေရိကန်က ကာ့ဒ်အုပ်စုကို ထောက်ခံနေတာနဲ့ ပတ်သက်လို့ စိတ်ဆိုးဒေါသထွက်နေခဲ့ပြီး ကာ့ဒ်အုပ်စုကို ခြေမှုန်းပစ်မယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဆီးရီးယားက တပ်ဖွဲ့တွေ ပြန်လည်ရုပ်သိမ်းမယ့် သူ့ရဲ့ မမျှော်လင့်တဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဝေဖန်သံတွေ ထွက်ပေါ်လာနေတဲ့အချိန်မှာ ထရန့် က ကာ့ဒ်တွေနဲ့ ပတ်သက်ပြီး အခုလို ပြောကြားလာခဲ့တာပဲ ဖြစ်ပါတယ်။

ဆော်ဒီအာရေဗျ တော်ဝင်မိသားစုက အကြီးတန်းအရာရှိကြီးဖြစ်တဲ့ မင်းသားကြီး တာကီ အယ်လ် ဖိုင်ဆယ် က ဘီဘီစီကို ပြောကြားရာမှာတော့ ဆီးရီးယားက အမေရိကန်တပ်ဖွဲ့တွေ ရုပ်သိမ်းတာဟာ အီရန်၊ ရုရှနဲ့ ဆီးရီးယား သမ္မတ ဘာရှား အယ်လ်အာဆတ် တို့ကို အကျိုးရှိစေမယ့် ဆန့်ကျင်ဘက် သက်ရောက်မှု ဖြစ်လာလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

အခုလောလောဆယ်မှာတော့ ဒေသတွင်းက အမေရိကန်ရဲ့ မဟာမိတ်တွေကို အာမခံတဲ့ အရှေ့အလယ်ပိုင်းခရီးစဉ်အနေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပီယို ဟာ ဆော်ဒီမြို့တော် ရီယာ့ဒ်ကို ရောက်ရှိနေပါတယ်။

NZT
ဘီဘီစီ
ဝါရှင်တန်၊ ဇန်နဝါရီ - ၁၄

( Zawgyi )

အေမရိကန္တပ္ဖြဲ႕ေတြကို ျပန္လည္႐ုပ္သိမ္းဖို႔ စီစဥ္ၿပီးေနာက္မွာ တကယ္လို႔သာ ဆီးရီးယားက ကာ့ဒ္တပ္ဖြဲ႕ေတြကို တိုက္ခိုက္လာမယ္ဆိုရင္ တူရကီကို စီးပြားေရးအရ ဖ်က္စီးပစ္မယ္လို႔ အေမရိကန္ သမၼတ ေဒၚနယ္ထရန႔္ က ၿခိမ္းေျခာက္လိုက္ပါတယ္။

တနဂၤေႏြေန႔က တြစ္တာပို႔စ္တစ္ခုမွာ သူ႔အေနနဲ႔ ကာ့ဒ္တပ္ဖြဲ႕ေတြကိုလည္း တူရကီကို ရန္မစေစခ်င္ဘူးလို႔ မစၥတာထရန႔္ က ေျပာၾကားခဲ့ပါတယ္။

အေမရိကန္တပ္ဖြဲ႕ေတြဟာ ဆီးရီးယား ေျမာက္ပိုင္းမွာ ကာ့ဒ္စစ္ေသြးႂကြေတြနဲ႔ ပူးေပါင္းၿပီး အိုင္အက္စ္ အၾကမ္းဖက္အုပ္စုကို တိုက္ခိုက္လာခဲ့တာပဲ ျဖစ္ပါတယ္။ဒါေပမယ့္လည္း တူရကီကေတာ့ ျပည္သူ႔ကာကြယ္ေရးယူနစ္ (YPG) ကို အၾကမ္းဖက္သမားေတြလို႔သာ သတ္မွတ္ထားခဲ့တာ ျဖစ္ပါတယ္။

တူရကီ သမၼတ ရီစပ္ ေတးယစ္ အာဒိုဂန္ ကေတာ့ အေမရိကန္က ကာ့ဒ္အုပ္စုကို ေထာက္ခံေနတာနဲ႔ ပတ္သက္လို႔ စိတ္ဆိုးေဒါသထြက္ေနခဲ့ၿပီး ကာ့ဒ္အုပ္စုကို ေျခမႈန္းပစ္မယ္လို႔လည္း ေျပာၾကားခဲ့ပါတယ္။

ဆီးရီးယားက တပ္ဖြဲ႕ေတြ ျပန္လည္႐ုပ္သိမ္းမယ့္ သူ႔ရဲ႕ မေမွ်ာ္လင့္တဲ့ ဆုံးျဖတ္ခ်က္နဲ႔ ပတ္သက္ၿပီး ေဝဖန္သံေတြ ထြက္ေပၚလာေနတဲ့အခ်ိန္မွာ ထရန႔္ က ကာ့ဒ္ေတြနဲ႔ ပတ္သက္ၿပီး အခုလို ေျပာၾကားလာခဲ့တာပဲ ျဖစ္ပါတယ္။

ေဆာ္ဒီအာေရဗ် ေတာ္ဝင္မိသားစုက အႀကီးတန္းအရာရွိႀကီးျဖစ္တဲ့ မင္းသားႀကီး တာကီ အယ္လ္ ဖိုင္ဆယ္ က ဘီဘီစီကို ေျပာၾကားရာမွာေတာ့ ဆီးရီးယားက အေမရိကန္တပ္ဖြဲ႕ေတြ ႐ုပ္သိမ္းတာဟာ အီရန္၊ ႐ုရွနဲ႔ ဆီးရီးယား သမၼတ ဘာရွား အယ္လ္အာဆတ္ တို႔ကို အက်ိဳးရွိေစမယ့္ ဆန႔္က်င္ဘက္ သက္ေရာက္မႈ ျဖစ္လာလိမ့္မယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အခုေလာေလာဆယ္မွာေတာ့ ေဒသတြင္းက အေမရိကန္ရဲ႕ မဟာမိတ္ေတြကို အာမခံတဲ့ အေရွ႕အလယ္ပိုင္းခရီးစဥ္အေနနဲ႔ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး မိုက္ ပြန္ပီယို ဟာ ေဆာ္ဒီၿမိဳ႕ေတာ္ ရီယာ့ဒ္ကို ေရာက္ရွိေနပါတယ္။

NZT
ဘီဘီစီ
ဝါရွင္တန္၊ ဇန္နဝါရီ - ၁၄