တက္ကဆက်ရှိ ExxonMobil စက်ရုံ မီးလောင်မှုဖြစ်၊ ၃၇ ဦး ထိခိုက်ဒဏ်ရာရ

 
တက္ကဆက်ရှိ ExxonMobil စက်ရုံ မီးလောင်မှုဖြစ်၊ ၃၇ ဦး ထိခိုက်ဒဏ်ရာရ

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်မှာရှိတဲ့ ExxonMobilစက်ရုံမှာ ဇူလိုင် ၃၁ရက်က မီးလောင် မှုဖြစ်ခဲ့ ရာမှာ စက်ရုံလုပ်သား ၃၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး၊ ဒဏ်ရာရတဲ့သူတွေ အသက် အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမရှိဘူးလို့ ဆိုပါတယ်။ စက်ရုံလုပ်သား ၆၀ ကျော်ကို ရှေးဦးသူနာပြုနည်းနဲ့ ကုသမှုပေးခဲ့ရတယ်ဆိုတဲ့သတင်းတွေလည်း ရှိပါတယ်။ အဲဒီနေ့မနက် ၁၁ နာရီဝန်းကျင်လောက်က ExxonMobil ကုမ္ပဏီပိုင် Baytownမြို့ Olefins စက်ရုံဝင်းထဲက ပလတ်စတစ်သန့်စင်ဆောင်မှာ ပေါက်ကွဲမှုဖြစ်ရာက မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ စက်ရုံမန်နေဂျာက ပြောပါတယ်။ မီးလောင်မှုကြောင့် လေထုအဆိပ်သင့်မှုကြိုတင်ကာကွယ်ဖို့အတွက် ဒေသအာဏာပိုင်တွေက အနီးတဝိုက် မှာနေတဲ့ဒေသခံတွေကို အိမ်ပြင်မထွက်ကြဖို့ တိုက်တွန်းထားပါတယ်။

 ညနေပိုင်းမှာတော့ မီးကို အပြည့်အဝထိန်းချုပ်နိုင်ခဲ့ပါတယ်။ ExxonMobilကုမ္ပဏီအနေနဲ့ သက်ဆိုင်ရာပြဌာန်းတဲ့ လေထုအရည်အသွေး စံချိန်နဲ့ အညီ လိုက်နာကျင့်သုံးတာဖြစ်လို့ ပတ်ဝန်းကျင်ထိခိုက်မှု ကြီးကြီးမားမားရှိတာ မတွေ့ရဘူးလို့ စက်ရုံမန်နေဂျာက ဆိုပါတယ်။ ဒေသအာဏာပိုင်တွေ ကတော့ မီးလောင်မှုကြောင့် လေထုအရည်အသွေးအန္တရာယ်ရှိ၊မရှိ စောင့်ကြည့်စစ်ဆေးနေပါတယ်။ ExxonMobil စက်ရုံပေါက်ကွဲမှု အကြောင်းရင်းကိုတော့ ခုချိန်ထိ မသိရသေးပါဘူး။

ExxonMobil Baytown စက်ရုံကို ၁၉၇၉ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး၊ အဲဒီစက်ရုံဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးသော Ethyleneခေါ် စက်မှု လုပ်ငန်းသုံးအော်ဂင်းနစ်ဓာတုစက်ရုံတွေထဲပါသလို၊ အဲဒီစက်ရုံကနေ တစ်ရက်ကို ရေနံစိမ်း ၅၈၄,၀၀၀ စည် သန့်စင်ချက်လုပ်ပေးနေတယ်လို့ သိရပါတယ်။

ဝါရှင်တန်  ၊ သြဂုတ် ၁
ရည်မွန်
Ref: China.org

(  Zawgyi  )

 အေမရိကန္ျပည္ေထာင္စု၊ တကၠဆက္ျပည္နယ္မွာရွိတဲ့ ExxonMobilစက္႐ုံမွာ ဇူလိုင္ ၃၁ရက္က မီးေလာင္ မႈျဖစ္ခဲ့ ရာမွာ စက္႐ုံလုပ္သား ၃၇ ဦး ထိခိုက္ဒဏ္ရာရခဲ့ၿပီး၊ ဒဏ္ရာရတဲ့သူေတြ အသက္ အႏၲရာယ္စိုးရိမ္ရတဲ့ အေျခအေနမရွိဘူးလို႔ ဆိုပါတယ္။ စက္႐ုံလုပ္သား ၆၀ ေက်ာ္ကို ေရွးဦးသူနာျပဳနည္းနဲ႔ ကုသမႈေပးခဲ့ရတယ္ဆိုတဲ့သတင္းေတြလည္း ရွိပါတယ္။ အဲဒီေန႔မနက္ ၁၁ နာရီဝန္းက်င္ေလာက္က ExxonMobil ကုမၸဏီပိုင္ Baytownၿမိဳ႕ Olefins စက္႐ုံဝင္းထဲက ပလတ္စတစ္သန႔္စင္ေဆာင္မွာ ေပါက္ကြဲမႈျဖစ္ရာက မီးစတင္ေလာင္ကြၽမ္းခဲ့တာျဖစ္တယ္လို႔ စက္႐ုံမန္ေနဂ်ာက ေျပာပါတယ္။ မီးေလာင္မႈေၾကာင့္ ေလထုအဆိပ္သင့္မႈႀကိဳတင္ကာကြယ္ဖို႔အတြက္ ေဒသအာဏာပိုင္ေတြက အနီးတဝိုက္ မွာေနတဲ့ေဒသခံေတြကို အိမ္ျပင္မထြက္ၾကဖို႔ တိုက္တြန္းထားပါတယ္။

 ညေနပိုင္းမွာေတာ့ မီးကို အျပည့္အဝထိန္းခ်ဳပ္ႏိုင္ခဲ့ပါတယ္။ ExxonMobilကုမၸဏီအေနနဲ႔ သက္ဆိုင္ရာျပဌာန္းတဲ့ ေလထုအရည္အေသြး စံခ်ိန္နဲ႔ အညီ လိုက္နာက်င့္သုံးတာျဖစ္လို႔ ပတ္ဝန္းက်င္ထိခိုက္မႈ ႀကီးႀကီးမားမားရွိတာ မေတြ႕ရဘူးလို႔ စက္႐ုံမန္ေနဂ်ာက ဆိုပါတယ္။ ေဒသအာဏာပိုင္ေတြ ကေတာ့ မီးေလာင္မႈေၾကာင့္ ေလထုအရည္အေသြးအႏၲရာယ္ရွိ၊မရွိ ေစာင့္ၾကည့္စစ္ေဆးေနပါတယ္။ ExxonMobil စက္႐ုံေပါက္ကြဲမႈ အေၾကာင္းရင္းကိုေတာ့ ခုခ်ိန္ထိ မသိရေသးပါဘူး။

ExxonMobil Baytown စက္႐ုံကို ၁၉၇၉ ခုႏွစ္က စတင္ဖြင့္လွစ္ခဲ့ၿပီး၊ အဲဒီစက္႐ုံဟာ ကမာၻေပၚမွာ အႀကီးဆုံးေသာ Ethyleneေခၚ စက္မႈ လုပ္ငန္းသုံးေအာ္ဂင္းနစ္ဓာတုစက္႐ုံေတြထဲပါသလို၊ အဲဒီစက္႐ုံကေန တစ္ရက္ကို ေရနံစိမ္း ၅၈၄,၀၀၀ စည္ သန႔္စင္ခ်က္လုပ္ေပးေနတယ္လို႔ သိရပါတယ္။

ဝါရွင္တန္  ၊ ၾသဂုတ္ ၁
ရည္မြန္
Ref: China.org