နိုင်ငံအမည်ပြောင်းရန် မက်ဆီဒိုးနီးယား ပါလီမန် သဘောတူ

နိုင်ငံအမည်ပြောင်းရန် မက်ဆီဒိုးနီးယား ပါလီမန် သဘောတူ

နိုင်ငံရဲ့နာမည်ကို မြောက်မက်ဆီဒိုးနီးယားသမ္မတနိုင်ငံလို့ ပြောင်းလဲဖို့ ဖွဲ့စည်းပုံပြင်ဆင်မှုကို မက်ဆီဒိုးနီးယား ပါလီမန်က သဘောတူ အတည်ပြုလိုက်ပြီပဲ ဖြစ်ပါတယ်။

အတိုက်အခံ အမျိုးသားရေးဝါဒီတွေက သပိတ်မှောက်နေတဲ့ကြားကပဲ ဝန်ကြီးချုပ် ဇိုရန် ဇအက် ဟာ သမိုင်းဝင်မဲခွဲမှုမှာ လိုအပ်တဲ့ သုံးပုံနှစ်ပံုံအများစုကို ကပ်ပြီးအနိုင်ရသွားခဲ့တာပဲ ဖြစ်ပါတယ်။

ပါလီမန် အပြင်ဘက်မှာတော့ ဆန့်ကျင်သူတွေက နိုင်ငံကို သစ္စာဖောက်တဲ့ လုပ်ရပ်လို့ အော်ဟစ်ပြီး ကန့်ကွက်နေကြတယ်လို့ ဆိုပါတယ်။

ဂရိမှာလည်း မက်ဆီဒိုးနီးယားဆိုတဲ့ ဒေသရှိနေတာကြောင့် ၂၇ နှစ်ကြာ အငြင်းပွားမှုကို အဆုံးသတ်လိုတဲ့ ရည်ရွယ်ချက်နဲ့ နာမည်ပြောင်းလဲရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဂရိဝန်ကြီးချုပ် အလက်ဇစ် ဇီပရပ် နဲ့ မစ္စတာဇအက် တို့ ဇွန်လက လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်အရ အခုတော့ ဂရိ ပါလီမန်ကလည်း သဘောတူ အတည်ပြုပေးရတော့မှာပဲ ဖြစ်ပါတယ်။

သဘောတူညီချက်အရ မက်ဆီဒိုးနီးယားရဲ့ နေတိုးနဲ့ ဥရောပသမဂ္ဂ ဝင်ဖို့ ကြိုးစားမှုအပေါ် အေသင်က ဗီတိုနဲ့ ပိတ်ပင်ထားမှုကို ဖယ်ရှားပေးရမှာပဲ ဖြစ်ပါတယ်။

“ကျနော်တို့နိုင်ငံရဲ့ သမိုင်းစာမျက်နှာသစ်ကို ဒီညနေမှာ ရေးထိုးနိုင်ခဲ့ပြီ” လို့ မက်ဆီဒိုးနီးယား အစိုးရက ကြေညာချက်တစ်စောင်မှာ ပြောကြားခဲ့ပါတယ်။

“ကျနော်တို့ရဲ့ အကြီးမားဆုံး နိုင်ငံ့အကျိုးစီးပွား နှစ်ရပ်ဖြစ်တဲ့ နေတိုးနဲ့ အီးယူထဲ ဝင်ဖို့အတွက် ဖြစ်နိုင်လာပါပြီ” လို့လည်း ကြေညာချက်မှာ ပြောကြားထားပါတယ်။

 

အမတ်နေရာ ၁၂၀ ရှိတဲ့ လွှတ်တော်မှာ ၈၁ ယောက်က နာမည်ပြောင်းလဲဖို့ကို ထောက်ခံမဲပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

နေတိုး အတွင်းရေးမှူးချုပ် ဂျင် စတိုတင်ဘာ့ ကတော့ မဲခွဲမှုကို ချီးကျူးလိုက်ပြီး နေတိုးမဟာမိတ်အဖွဲ့ကြီးက သဘောတူညီချက်ကို အပြည့်အ၀ အကောင်အထည်ဖော်တာကို ပြတ်ပြတ်သားသား ထောက်ခံကြောင်းနဲ့ ဒေသကြီး တည်ငြိမ်ကြွယ်ဝရေးအတွက် အရေးကြီးတဲ့ ထည့်ဝင်မှုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

NZT
ဘီဘီစီ
စကော့ဂျီ၊ ဇန်နဝါရီ - ၁၂

( Zawgyi )

ႏိုင္ငံရဲ႕နာမည္ကို ေျမာက္မက္ဆီဒိုးနီးယားသမၼတႏိုင္ငံလို႔ ေျပာင္းလဲဖို႔ ဖြဲ႕စည္းပုံျပင္ဆင္မႈကို မက္ဆီဒိုးနီးယား ပါလီမန္က သေဘာတူ အတည္ျပဳလိုက္ၿပီပဲ ျဖစ္ပါတယ္။

အတိုက္အခံ အမ်ိဳးသားေရးဝါဒီေတြက သပိတ္ေမွာက္ေနတဲ့ၾကားကပဲ ဝန္ႀကီးခ်ဳပ္ ဇိုရန္ ဇအက္ ဟာ သမိုင္းဝင္မဲခြဲမႈမွာ လိုအပ္တဲ့ သုံးပုံႏွစ္ပံုံအမ်ားစုကို ကပ္ၿပီးအႏိုင္ရသြားခဲ့တာပဲ ျဖစ္ပါတယ္။

ပါလီမန္ အျပင္ဘက္မွာေတာ့ ဆန႔္က်င္သူေတြက ႏိုင္ငံကို သစၥာေဖာက္တဲ့ လုပ္ရပ္လို႔ ေအာ္ဟစ္ၿပီး ကန႔္ကြက္ေနၾကတယ္လို႔ ဆိုပါတယ္။

ဂရိမွာလည္း မက္ဆီဒိုးနီးယားဆိုတဲ့ ေဒသရွိေနတာေၾကာင့္ ၂၇ ႏွစ္ၾကာ အျငင္းပြားမႈကို အဆုံးသတ္လိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ နာမည္ေျပာင္းလဲရျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။

ဂရိဝန္ႀကီးခ်ဳပ္ အလက္ဇစ္ ဇီပရပ္ နဲ႔ မစၥတာဇအက္ တို႔ ဇြန္လက လက္မွတ္ေရးထိုးခဲ့တဲ့ သေဘာတူညီခ်က္အရ အခုေတာ့ ဂရိ ပါလီမန္ကလည္း သေဘာတူ အတည္ျပဳေပးရေတာ့မွာပဲ ျဖစ္ပါတယ္။

သေဘာတူညီခ်က္အရ မက္ဆီဒိုးနီးယားရဲ႕ ေနတိုးနဲ႔ ဥေရာပသမဂၢ ဝင္ဖို႔ ႀကိဳးစားမႈအေပၚ ေအသင္က ဗီတိုနဲ႔ ပိတ္ပင္ထားမႈကို ဖယ္ရွားေပးရမွာပဲ ျဖစ္ပါတယ္။

“က်ေနာ္တို႔ႏိုင္ငံရဲ႕ သမိုင္းစာမ်က္ႏွာသစ္ကို ဒီညေနမွာ ေရးထိုးႏိုင္ခဲ့ၿပီ” လို႔ မက္ဆီဒိုးနီးယား အစိုးရက ေၾကညာခ်က္တစ္ေစာင္မွာ ေျပာၾကားခဲ့ပါတယ္။

“က်ေနာ္တို႔ရဲ႕ အႀကီးမားဆုံး ႏိုင္ငံံ့အက်ိဳးစီးပြား ႏွစ္ရပ္ျဖစ္တဲ့ ေနတိုးနဲ႔ အီးယူထဲ ဝင္ဖို႔အတြက္ ျဖစ္ႏိုင္လာပါၿပီ” လို႔လည္း ေၾကညာခ်က္မွာ ေျပာၾကားထားပါတယ္။

အမတ္ေနရာ ၁၂၀ ရွိတဲ့ လႊတ္ေတာ္မွာ ၈၁ ေယာက္က နာမည္ေျပာင္းလဲဖို႔ကို ေထာက္ခံမဲေပးခဲ့ၾကတယ္လို႔ ဆိုပါတယ္။

ေနတိုး အတြင္းေရးမႉးခ်ဳပ္ ဂ်င္ စတိုတင္ဘာ့ ကေတာ့ မဲခြဲမႈကို ခ်ီးက်ဴးလိုက္ၿပီး ေနတိုးမဟာမိတ္အဖြဲ႕ႀကီးက သေဘာတူညီခ်က္ကို အျပည့္အ၀ အေကာင္အထည္ေဖာ္တာကို ျပတ္ျပတ္သားသား ေထာက္ခံေၾကာင္းနဲ႔ ေဒသႀကီး တည္ၿငိမ္ႂကြယ္ဝေရးအတြက္ အေရးႀကီးတဲ့ ထည့္ဝင္မႈျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

NZT
ဘီဘီစီ
စေကာ့ဂ်ီ၊ ဇန္နဝါရီ - ၁၂