ပထမကမ္ဘာစစ်အတွင်းက ဂျာမန်ရေငုပ်သင်္ဘော ပြင်သစ်ကမ်းလွန်တွင် ပေါ်လာ

ပထမကမ္ဘာစစ်အတွင်းက ဂျာမန်ရေငုပ်သင်္ဘော ပြင်သစ်ကမ်းလွန်တွင် ပေါ်လာ

ဆယ်စုနှစ်များစွာ သဲထဲနစ်မြှုပ်နေပြီးနောက်မှာ ပထမကမ္ဘာစစ်တုန်းက ဂျာမန်ရေငုပ်သင်္ဘောပျက်ဟာ ပြင်သစ်နိုင်ငံ မြောက်ပိုင်းက ကမ်းခြေတစ်ခုမှာ ဖြည်းဖြည်းချင်း ပြန်ပေါ်လာနေခဲ့တယ်လို့ ဆိုပါတယ်။

ကလိုက်မြို့အနီးက ဝစ်ဆန့်ကမ်းလွန်မှာ သဲတွေ လွင့်ပါးသွားရာက ၁၉၁၇ ခုနှစ် ဇူလိုင်လက သောင်တင်နေခဲ့တဲ့ UC-61 ရေငုပ်သဘောၤပျက်ရဲ့ ကြွင်းရစ်တဲ့ အစိတ်အပိုင်းဟာ တဖြည်းဖြည်းပေါ်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

သင်္ဘောသားတွေက စွန့်ပစ်ထားခဲ့လို့ ၁၉၃၀ ခုနှစ်တွေမှာ ရေငုပ်သင်္ဘောဟာ လုံးဝနီးပါး နစ်မြှုပ်သွားခဲ့တယ်လို့ ဆိုပါတယ်။အခုတော့ ဒီသင်္ဘောပျက်ဟာ ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ နေရာတစ်ခု ဖြစ်လာခဲ့ပေမယ့်လည်း ဒေသတွင်းက မြို့တော်ဝန်က အခိုက်အတန့်ပဲ ကြည့်ရှုခွင့်ရမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီဇင်ဘာလကတည်းက ရေကျသွားချိန်တွေမှာ သဲသောင်ခုံကနေ ၃၃၀ ပေ (မီတာ ၁၀၀) အကွာလောက်မှာ ရေငုပ်သင်္ဘောရဲ့ အပိုင်းနှစ်ပိုင်းကို မြင်ရတယ်လို့ ဆိုပါတယ်။

“သင်္ဘောပျက်ကို နှစ်နှစ် သုံးနှစ်မှာ တစ်ခါ ဒီရေနဲ့ လေတိုက်တဲ့ အနေအထားအပေါ် မူတည်ပြီး ခဏတဖြုတ်မြင်ကြရတယ်။ဒါပေမယ့်လည်း လေပြင်းပြင်းတိုက်တာနဲ့ သင်္ဘောပျက်က ပြန်ပျောက်သွားပြန်ရော” လို့ ဝစ်ဆန့်မြို့တော်ဝန် ဘားနတ် ဘရတ် က ပြောပါတယ်။

ဒါပေမယ့်လည်း ဒေသတွင်း ဧည့်လမ်းညွှန် ဗင်းဆင့် ရှမစ် ကတောာ့ လေနဲ့ ဒီရေကြောင့် UC-61 ဟာ ပိုပိုပြီးပေါ်လာနိုင်တယ်လို့ ယုံကြည်နေပါတယ်။

“ဝစ်ဆန့် ဒေသခံတွေ အားလုံးလိုလိုကတော့ ဒီနေရာမှာ ရေငုပ်သင်္ဘောပျက် ရှိနေပြီး နုန်းအနည်တွေ ပိတ်ဖုံးနေလို့သာ မမြင်ရတာလို့ သိကြပါတယ်” လို့လည်း ၎င်းက ပြောပါတယ်။

U-boat လို့ အများသိထားကြတဲ့ ဂျာမန် ရေငုပ်သင်္ဘောတွေဟာ ပထမကမ္ဘာစစ်အတွင်းမှုာ မဟာမိတ်တွေရဲ့သင်္ဘောတွေကို ပစ်မှတ်ထားတိုက်ခိုက်ပြီး သင်္ဘောရာပေါင်းများစွာကို မြှုပ်နှံပစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

NZT
ဘီဘီစီ
ဝစ်ဆန့်၊ ဇန်နဝါရီ - ၁၂

( Zawgyi )

ဆယ္စုႏွစ္မ်ားစြာ သဲထဲနစ္ျမႇဳပ္ေနၿပီးေနာက္မွာ ပထမကမာၻစစ္တုန္းက ဂ်ာမန္ေရငုပ္သေဘၤာပ်က္ဟာ ျပင္သစ္ႏိုင္ငံ ေျမာက္ပိုင္းက ကမ္းေျခတစ္ခုမွာ ျဖည္းျဖည္းခ်င္း ျပန္ေပၚလာေနခဲ့တယ္လို႔ ဆိုပါတယ္။

ကလိုက္ၿမိဳ႕အနီးက ဝစ္ဆန႔္ကမ္းလြန္မွာ သဲေတြ လြင့္ပါးသြားရာက ၁၉၁၇ ခုႏွစ္ ဇူလိုင္လက ေသာင္တင္ေနခဲ့တဲ့ UC-61 ေရငုပ္သေဘာပ်ၤက္ရဲ႕ ႂကြင္းရစ္တဲ့ အစိတ္အပိုင္းဟာ တျဖည္းျဖည္းေပၚလာတာ ျဖစ္တယ္လို႔ ဆိုပါတယ္။

သေဘၤာသားေတြက စြန႔္ပစ္ထားခဲ့လို႔ ၁၉၃၀ ခုႏွစ္ေတြမွာ ေရငုပ္သေဘၤာဟာ လုံးဝနီးပါး နစ္ျမႇဳပ္သြားခဲ့တယ္လို႔ ဆိုပါတယ္။အခုေတာ့ ဒီသေဘၤာပ်က္ဟာ ခရီးသြားေတြကို ဆြဲေဆာင္ေနတဲ့ ေနရာတစ္ခု ျဖစ္လာခဲ့ေပမယ့္လည္း ေဒသတြင္းက ၿမိဳ႕ေတာ္ဝန္က အခိုက္အတန႔္ပဲ ၾကည့္ရႈခြင့္ရမွာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဒီဇင္ဘာလကတည္းက ေရက်သြားခ်ိန္ေတြမွာ သဲေသာင္ခုံကေန ၃၃၀ ေပ (မီတာ ၁၀၀) အကြာေလာက္မွာ ေရငုပ္သေဘၤာရဲ႕ အပိုင္းႏွစ္ပိုင္းကို ျမင္ရတယ္လို႔ ဆိုပါတယ္။

“သေဘၤာပ်က္ကို ႏွစ္ႏွစ္ သုံးႏွစ္မွာ တစ္ခါ ဒီေရနဲ႔ ေလတိုက္တဲ့ အေနအထားအေပၚ မူတည္ၿပီး ခဏတျဖဳတ္ျမင္ၾကရတယ္။ဒါေပမယ့္လည္း ေလျပင္းျပင္းတိုက္တာနဲ႔ သေဘၤာပ်က္က ျပန္ေပ်ာက္သြားျပန္ေရာ” လို႔ ဝစ္ဆန႔္ၿမိဳ႕ေတာ္ဝန္ ဘားနတ္ ဘရတ္ က ေျပာပါတယ္။

ဒါေပမယ့္လည္း ေဒသတြင္း ဧည့္လမ္းၫႊန္ ဗင္းဆင့္ ရွမစ္ ကေတာာ့ ေလနဲ႔ ဒီေရေၾကာင့္ UC-61 ဟာ ပိုပိုၿပီးေပၚလာႏိုင္တယ္လို႔ ယုံၾကည္ေနပါတယ္။

“ဝစ္ဆန႔္ ေဒသခံေတြ အားလုံးလိုလိုကေတာ့ ဒီေနရာမွာ ေရငုပ္သေဘၤာပ်က္ ရွိေနၿပီး ႏုန္းအနည္ေတြ ပိတ္ဖုံးေနလို႔သာ မျမင္ရတာလို႔ သိၾကပါတယ္” လို႔လည္း ၎က ေျပာပါတယ္။

U-boat လို႔ အမ်ားသိထားၾကတဲ့ ဂ်ာမန္ ေရငုပ္သေဘၤာေတြဟာ ပထမကမာၻစစ္အတြင္းမႈာ မဟာမိတ္ေတြရဲ႕သေဘၤာေတြကို ပစ္မွတ္ထားတိုက္ခိုက္ၿပီး သေဘၤာရာေပါင္းမ်ားစြာကို ျမႇဳပ္ႏွံပစ္ခဲ့ၾကတယ္လို႔ ဆိုပါတယ္။

NZT
ဘီဘီစီ
ဝစ္ဆန႔္၊ ဇန္နဝါရီ - ၁၂