ပိုလန်နိုင်ငံ ဂျဒန့်မြို့တော်ဝန် ရံပုံငွေတစ်ခုတွင် စင်မြင့်ပေါ် ဓားထိုးခံံရ အသက်အန္တရာယ်စိုးရိမ်ရဟု ဆို

ပိုလန်နိုင်ငံ ဂျဒန့်မြို့တော်ဝန် ရံပုံငွေတစ်ခုတွင် စင်မြင့်ပေါ် ဓားထိုးခံံရ အသက်အန္တရာယ်စိုးရိမ်ရဟု ဆို

အာဏာပိုင်တွေရဲ့ ပြောကြားချက်အရ နိုင်ငံရဲ့အကြီးမားဆုံး ရံပုံငွေပွဲတစ်ခုမှာ ပိုလန်မြို့ ဂျဒန့်ရဲ့ မြို့တော်ဝန်ဟာ စင်မြင့်ထက်မှာ သေလုမြောပါး ဓားနဲ့ အထိုးခံလိုက်ရတယ်လို့ ဇန်နဝါရီ ၁၄ ရက် ဘီဘီစီ သတင်းမှာ ဖော်ပြထားပါတယ်။

ပါဝဲ အဒါမိုဝစ် (၅၃ နှစ်) ကို ဆေးရုံသို့ခေါ်ဆောင်သွားပြီး ၅ နာရီကြာ ခွဲစိတ်ကုသပြီးနောက်မှာလည်း စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေဆဲပဲလို့ ဆိုပါတယ်။

ပြစ်မှုမှတ်တမ်းရှိဖူးထားတဲ့ အသက် ၂၇ နှစ်အရွယ် တရားခံကိုတော့ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

တရားခံက မစ္စတာအဒါမိုဝစ် ကို ပြန်လည်ရွေးကောက်ခံရအောင် ထောက်ခံပေးခဲ့တဲ့ ပါတီရဲ့ ယခင်အစိုးရလက်ထက်တုန်းက မှားယွင်းပြီး ထောင်ချခံခဲ့ရတယ်လို့ အော်ဟစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဂျဒန်က တက္ကသိုလ်ဆေးရုံ ကျန်းမာရေးဌာန ဒါရိုက်တာ ဒေါက်တာတိုမက်ဇ် စတပ်ဖ်နီရက် က တနင်္လာနေ့ အစောပိုင်းက ပြောကြားရာမှာတော့ မစ္စတာအဒါမိုဝစ် ဟာ တိုက်ခိုက်မှုကြောင့် ဝမ်းဗိုက်မှာ ပြင်းထန်တဲ့ ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။၅ နာရီကြာ ခွဲစိတ်ကုသစဉ် အတောအတွင်းမှာ မြို့တော်ဝန်ကို သွေး ၄၁ ပုလင်း သွင်းလိုက်ရတယ်လို့ ဆိုပါတယ်။

“အသက်အန္တရာယ်က အလွန့်အလွန်ကို စိုးရိမ်နေရတုန်းပါပဲ။နောက်လာမယ့် နာရီပိုင်းမှာတော့ အဖြေသိရမှာပါ” လို့ ဒေါက်တာစတပ်ဖနီရက် က ပြောပါတယ်။

NZT
ဘီဘီစီ
ဂျဒန့်၊ ပိုလန်၊ ဇန်နဝါရီ - ၁၄

( Zawgyi )

အာဏာပိုင္ေတြရဲ႕ ေျပာၾကားခ်က္အရ ႏိုင္ငံရဲ႕အႀကီးမားဆုံး ရံပုံေငြပြဲတစ္ခုမွာ ပိုလန္ၿမိဳ႕ ဂ်ဒန႔္ရဲ႕ ၿမိဳ႕ေတာ္ဝန္ဟာ စင္ျမင့္ထက္မွာ ေသလုေျမာပါး ဓားနဲ႔ အထိုးခံလိုက္ရတယ္လို႔ ဇန္နဝါရီ ၁၄ ရက္ ဘီဘီစီ သတင္းမွာ ေဖာ္ျပထားပါတယ္။

ပါဝဲ အဒါမိုဝစ္ (၅၃ ႏွစ္) ကို ေဆး႐ုံသို႔ေခၚေဆာင္သြားၿပီး ၅ နာရီၾကာ ခြဲစိတ္ကုသၿပီးေနာက္မွာလည္း စိုးရိမ္ရတဲ့အေျခအေနမွာ ရွိေနဆဲပဲလို႔ ဆိုပါတယ္။

ျပစ္မႈမွတ္တမ္းရွိဖူးထားတဲ့ အသက္ ၂၇ ႏွစ္အ႐ြယ္ တရားခံကိုေတာ့ ဖမ္းဆီးထိန္းသိမ္းထားတယ္လို႔ ဆိုပါတယ္။

တရားခံက မစၥတာအဒါမိုဝစ္ ကို ျပန္လည္ေ႐ြးေကာက္ခံရေအာင္ ေထာက္ခံေပးခဲ့တဲ့ ပါတီရဲ႕ ယခင္အစိုးရလက္ထက္တုန္းက မွားယြင္းၿပီး ေထာင္ခ်ခံခဲ့ရတယ္လို႔ ေအာ္ဟစ္ခဲ့တယ္လို႔ ဆိုပါတယ္။

ဂ်ဒန္က တကၠသိုလ္ေဆး႐ုံ က်န္းမာေရးဌာန ဒါ႐ိုက္တာ ေဒါက္တာတိုမက္ဇ္ စတပ္ဖ္နီရက္ က တနလၤာေန႔ အေစာပိုင္းက ေျပာၾကားရာမွာေတာ့ မစၥတာအဒါမိုဝစ္ ဟာ တိုက္ခိုက္မႈေၾကာင့္ ဝမ္းဗိုက္မွာ ျပင္းထန္တဲ့ ဒဏ္ရာရသြားခဲ့တယ္လို႔ ဆိုပါတယ္။၅ နာရီၾကာ ခြဲစိတ္ကုသစဥ္ အေတာအတြင္းမွာ ၿမိဳ႕ေတာ္ဝန္ကို ေသြး ၄၁ ပုလင္း သြင္းလိုက္ရတယ္လို႔ ဆိုပါတယ္။

“အသက္အႏၲရာယ္က အလြန႔္အလြန္ကို စိုးရိမ္ေနရတုန္းပါပဲ။ေနာက္လာမယ့္ နာရီပိုင္းမွာေတာ့ အေျဖသိရမွာပါ” လို႔ ေဒါက္တာစတပ္ဖနီရက္ က ေျပာပါတယ္။

NZT
ဘီဘီစီ
ဂ်ဒန႔္၊ ပိုလန္၊ ဇန္နဝါရီ - ၁၄