ဘာသာကို စွန့်ပယ်၍ မိသားစုထံမှ ထွက်ပြေးလာခဲ့သည့် ဆော်ဒီ ဆယ်ကျော်သက် ရာဟတ် အယ်လ် ကွန်နန် ကနေဒါတွင် ခိုလှုံခွင့်ရပြီ

ဘာသာကို စွန့်ပယ်၍ မိသားစုထံမှ ထွက်ပြေးလာခဲ့သည့် ဆော်ဒီ ဆယ်ကျော်သက် ရာဟတ် အယ်လ် ကွန်နန် ကနေဒါတွင် ခိုလှုံခွင့်ရပြီ

မိသားစုထံမှ ထွက်ပြေးလာခဲ့ပြီး ဘန်ကောက်ရဲ့ ပင်မလေဆိပ်ကြီးမှာ သောင်တင်နေခဲ့တဲ့ ဆော်ဒီအမျိုးသမီးဟာ ခိုလှုံသူအဖြစ် သတ်မှတ်ခံရပြီးတဲ့နောက်မှာ ကနေဒါကို ထွက်ခွာသွားနေပြီပဲ ဖြစ်ပါတယ်။

ရာဟတ် မိုဟမ္မက် အယ်လ် ကွန်နန် (၁၈ နှစ်) ဟာ ဘန်ကောက်ကတဆင့် သြစတြေးလျကို ရောက်ရှိဖို့ ကြိုးစားနေခဲ့ပေမယ့်လည်း ကနဦးတုန်းကတော့ သူမကို မိသားစုတွေ စောင့်မျှော်နေရော ကူဝိတ်ကို ပြန်ခိုင်းနေခဲ့တာပဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း သူမက အိမ်ပြန်ဖို့ ငြင်းဆန်နေပြီး လေဆိပ်ဟိုတယ်ခန်းထဲမှာ တခြားလူတွေ မဝင်နိုင်အောင် ပိတ်ဆို့ထားခဲ့တာာကြောင့် နိုင်ငံတကာကတောင် သူမရဲ့ သတင်းကို နားစွင့်နေရတဲ့အထိ ဖြစ်လာခဲ့ပါတယ်။

သူမက အစ္စလာမ်ဘာသာကို စွန့်ပယ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ဘာသာကို စွန့်ပယ်တာဟာ ဆော်ဒီအာရေဗျမှာ သေဒဏ်ကျခံရနိုင်ပါတယ်။

ကုလ ဒုက္ခသည်အေဂျင်စီကတော့ သူမကို ဒုက္ခသည်အဖြစ် တရားဝင် အသိအမှတ်ပြုဖို့ စဉ်းစားနေတယ်လို့ ပြောကြားခဲ့ပါတယ်။ပုံမှန်အားဖြင့်တော့ ဒုက္ခသည်အဆင့်အတန်းကို အစိုးရတွေကသာ သတ်မှတ်ပေးလေ့ ရှိပေမယ့်လည်း နိုင်ငံတွေက မလုပ်နိုင် (ဒါမှမဟုတ်) လုပ်ချင်စိတ်မရှိတဲ့ အခါမျိုးမှာ ကုလ ဒုက္ခသည်များမဟာမင်းကြီးရုံး (UNHCR) က သတ်မှတ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

ကနေဒါ ဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒိုး က သတင်းထောက်တွေကို ပြောကြားရာမှာတော့ ကနေဒါဟာ ကမ္ဘာနဲ့အဝန်းက လူ့အခွင့်အရေးတွေ၊ အမျိုးသမီးအခွင့်အရေးတွေကို ရပ်ခံကာကွယ်နေခဲ့တာ အရှင်းကြီးပါ။ကုလသမဂ္ဂက မစ္စအယ်လ်ကွန်နမ် ကို ခိုလှုံခွင့်ပေးဖို့ တောင်းဆိုလာတဲ့အခါ ကျနော်တို့ လက်ခံခဲ့ပါတယ်လို့ ဆိုပါတယ်။

ကနေဒါဟာ အရင်ကလည်း ဖမ်းဆီးထိန်းသိမ်းထားတဲ့ အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့တဲ့အတွက် ဆော်ဒီအာရေဗျကို ဒေါသထွက်စေခဲ့ဖူးပါတယ်။အဲဒီတုန်းက ရီယာ့ဒ်က ကနေဒါ သံအမတ်ကို နှင်ထုတ်ပြီး အသစ်အသစ်သော ကုန်သွယ်မှုမှန်သမျှကိုလည်း ရပ်ဆိုင်းထားခဲ့ပါတယ်။

NZT
ဘီဘီစီ
အော့တဝါ၊ ဇန်နဝါရီ - ၁၂

( Zawgyi )

မိသားစုထံမွ ထြက္ေျပးလာခဲ့ၿပီး ဘန္ေကာက္ရဲ႕ ပင္မေလဆိပ္ႀကီးမွာ ေသာင္တင္ေနခဲ့တဲ့ ေဆာ္ဒီအမ်ိဳးသမီးဟာ ခိုလႈံသူအျဖစ္ သတ္မွတ္ခံရၿပီးတဲ့ေနာက္မွာ ကေနဒါကို ထြက္ခြာသြားေနၿပီပဲ ျဖစ္ပါတယ္။

ရာဟတ္ မိုဟမၼက္ အယ္လ္ ကြန္နန္ (၁၈ ႏွစ္) ဟာ ဘန္ေကာက္ကတဆင့္ ၾသစေၾတးလ်ကို ေရာက္ရွိဖို႔ ႀကိဳးစားေနခဲ့ေပမယ့္လည္း ကနဦးတုန္းကေတာ့ သူမကို မိသားစုေတြ ေစာင့္ေမွ်ာ္ေနေရာ ကူဝိတ္ကို ျပန္ခိုင္းေနခဲ့တာပဲ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း သူမက အိမ္ျပန္ဖို႔ ျငင္းဆန္ေနၿပီး ေလဆိပ္ဟိုတယ္ခန္းထဲမွာ တျခားလူေတြ မဝင္ႏိုင္ေအာင္ ပိတ္ဆို႔ထားခဲ့တာာေၾကာင့္ ႏိုင္ငံတကာကေတာင္ သူမရဲ႕ သတင္းကို နားစြင့္ေနရတဲ့အထိ ျဖစ္လာခဲ့ပါတယ္။

သူမက အစၥလာမ္ဘာသာကို စြန႔္ပယ္ခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ဘာသာကို စြန႔္ပယ္တာဟာ ေဆာ္ဒီအာေရဗ်မွာ ေသဒဏ္က်ခံရႏိုင္ပါတယ္။

ကုလ ဒုကၡသည္ေအဂ်င္စီကေတာ့ သူမကို ဒုကၡသည္အျဖစ္ တရားဝင္ အသိအမွတ္ျပဳဖို႔ စဥ္းစားေနတယ္လို႔ ေျပာၾကားခဲ့ပါတယ္။ပုံမွန္အားျဖင့္ေတာ့ ဒုကၡသည္အဆင့္အတန္းကို အစိုးရေတြကသာ သတ္မွတ္ေပးေလ့ ရွိေပမယ့္လည္း ႏိုင္ငံေတြက မလုပ္ႏိုင္ (ဒါမွမဟုတ္) လုပ္ခ်င္စိတ္မရွိတဲ့ အခါမ်ိဳးမွာ ကုလ ဒုကၡသည္မ်ားမဟာမင္းႀကီး႐ုံး (UNHCR) က သတ္မွတ္ေပးႏိုင္တယ္လို႔ ဆိုပါတယ္။

ကေနဒါ ဝန္ႀကီးခ်ဳပ္ ဂ်ပ္စတင္ ထ႐ူးဒိုး က သတင္းေထာက္ေတြကို ေျပာၾကားရာမွာေတာ့ ကေနဒါဟာ ကမာၻနဲ႔အဝန္းက လူ႔အခြင့္အေရးေတြ၊ အမ်ိဳးသမီးအခြင့္အေရးေတြကို ရပ္ခံကာကြယ္ေနခဲ့တာ အရွင္းႀကီးပါ။ကုလသမဂၢက မစၥအယ္လ္ကြန္နမ္ ကို ခိုလႈံခြင့္ေပးဖို႔ ေတာင္းဆိုလာတဲ့အခါ က်ေနာ္တို႔ လက္ခံခဲ့ပါတယ္လို႔ ဆိုပါတယ္။

ကေနဒါဟာ အရင္ကလည္း ဖမ္းဆီးထိန္းသိမ္းထားတဲ့ အမ်ိဳးသမီးအခြင့္အေရး တက္ႂကြလႈပ္ရွားသူေတြကို ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုခဲ့တဲ့အတြက္ ေဆာ္ဒီအာေရဗ်ကို ေဒါသထြက္ေစခဲ့ဖူးပါတယ္။အဲဒီတုန္းက ရီယာ့ဒ္က ကေနဒါ သံအမတ္ကို ႏွင္ထုတ္ၿပီး အသစ္အသစ္ေသာ ကုန္သြယ္မႈမွန္သမွ်ကိုလည္း ရပ္ဆိုင္းထားခဲ့ပါတယ္။

NZT
ဘီဘီစီ
ေအာ့တဝါ၊ ဇန္နဝါရီ - ၁၂