ယူရေနီယံ သန့်စင်သည့် နည်းအသစ်ကို အီရန် စူးစမ်းနေ

ယူရေနီယံ သန့်စင်သည့် နည်းအသစ်ကို အီရန် စူးစမ်းနေ

အီရန်နိုင်ငံဟာ တီဟီရန်မှာ နှစ် ၅၀ သုတေသနပြုလာခဲ့တဲ့ ဓာတ်ပေါင်းဖိုအတွက် ယူရေနီယံသန့်စင်တဲ့ လုပ်ငန်းစဉ်အသစ်ကို ပုံစံထုတ်ဖို့အတွက် ကနဦးလုပ်ငန်းတွေကို လုပ်ဆောင်နေပြီဖြစ်တယ်လို့ အီရန် နျူကလီးယားအကြီးအကဲက ပြောကြားလိုက်ပါတယ်။

တစ်ချိန်တည်းမှာပဲ အစ္စလာမ်သမ္မတနိုင်ငံဟာ ဓာတ်ပေါင်းဖိုအတွက် လောင်စာထုတ်လုပ်ဖို့အတွက် ၂၀% သန့်စင်တဲ့ ယူရေနီယံအတွက်လည်း ကနဦးအဆင့်တွေကို လုပ်ဆောင်နေပြီလို့ နျူကလီးယား အကြီးအကဲ အလီ အက္ကဘာ ဆလာဟီ က ပြောကြားခဲ့ပါတယ်။

“အခုဆိုရင် ကျနော်တို့ဟာ ခေတ်သစ်လောင်စာ စံနှုန်းတွေအတိုင်း ၂၀% သန့်စင်တဲ့ လောင်စာကို ထုတ်လုပ်နေပါတယ်။အရင်တုန်းက လောင်စာနဲ့ အတော်အတန်ခြားနားပြီး ဓာတ်ပေါင်းဖိုရဲ့ စွမ်းရည်လည်း တိုးတက်စေမှာပါ။ဒီဇိုင်းပိုင်းဆိုင်ရာ ကနဦးလုပ်ငန်းတွေကို စတင်လုပ်ဆောင်နေပါပြီ” လို့ ၎င်းက ပြောကြားခဲ့ပါတယ်။

၂၀ ရာခိုင်နှုန်း သန့်စင်တယ်ဆိုတဲ့ အဓိပ္ပာယ်က ၂၀၁၅ ခုနှစ် နျူကလီးယားသဘောတူညီချက်ရဲ့ စည်းမျဉ်းတွေကို အီရန်က လျစ်လျူရှုလိုက်တဲ့ သဘောဖြစ်လို့ ဒီကြေညာချက်ဟာ နျူကလီးယားသဘောတူညီချက်အတွက် အန္တရာယ်ရှိလာပြီဖြစ်ကြောင်း အချက်ပြလိုက်တာပဲ ဖြစ်တယ်လို့ ယုံကြည်နေကြပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် က မေလကပဲ အမေရိကကို သဘောတူညီချက်ထဲမှ ဆွဲထုတ်လိုက်ပြီး တီဟီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်လည်ပြဌာန်းလာခဲ့ပါတယ်။

ဇွန်လတုန်းကတော့ အီရန်က ကုလ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့ကို အသိပေး အကြောင်းကြားခဲ့ရာမှာတော့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ ၂၀၁၅ ခုနှစ် သဘောတူညီချက်အရ ချမှတ်ထားတဲ့ ကန့်သတ်ချက် ဘောင်အတွင်းမှာ နျူကလီးယား သန့်စင်မှုစွမ်းရည်ကို တိုးမြှင့်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုအချိန်အထိတော့ ကုလသမဂ္ဂက အီရန်ဟာ သန့်စင်မှုကို ၃.၅ ရာခိုင်နှုန်းအထိ ကန့်သတ်ထားတဲ့ သဘောတူညီချက်ပါ စည်းမျဉ်းတွေကို လိုက်နာနေဆဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

NZT
အေအက်ဖ်ပီ
တီဟီရန်၊ ဇန်နဝါရီ - ၁၄

( Zawgyi )

အီရန္ႏိုင္ငံဟာ တီဟီရန္မွာ ႏွစ္ ၅၀ သုေတသနျပဳလာခဲ့တဲ့ ဓာတ္ေပါင္းဖိုအတြက္ ယူေရနီယံသန႔္စင္တဲ့ လုပ္ငန္းစဥ္အသစ္ကို ပုံစံထုတ္ဖို႔အတြက္ ကနဦးလုပ္ငန္းေတြကို လုပ္ေဆာင္ေနၿပီျဖစ္တယ္လို႔ အီရန္ န်ဴကလီးယားအႀကီးအကဲက ေျပာၾကားလိုက္ပါတယ္။

တစ္ခ်ိန္တည္းမွာပဲ အစၥလာမ္သမၼတႏိုင္ငံဟာ ဓာတ္ေပါင္းဖိုအတြက္ ေလာင္စာထုတ္လုပ္ဖို႔အတြက္ ၂၀% သန႔္စင္တဲ့ ယူေရနီယံအတြက္လည္း ကနဦးအဆင့္ေတြကို လုပ္ေဆာင္ေနၿပီလို႔ န်ဴကလီးယား အႀကီးအကဲ အလီ အကၠဘာ ဆလာဟီ က ေျပာၾကားခဲ့ပါတယ္။

“အခုဆိုရင္ က်ေနာ္တို႔ဟာ ေခတ္သစ္ေလာင္စာ စံႏႈန္းေတြအတိုင္း ၂၀% သန႔္စင္တဲ့ ေလာင္စာကို ထုတ္လုပ္ေနပါတယ္။အရင္တုန္းက ေလာင္စာနဲ႔ အေတာ္အတန္ျခားနားၿပီး ဓာတ္ေပါင္းဖိုရဲ႕ စြမ္းရည္လည္း တိုးတက္ေစမွာပါ။ဒီဇိုင္းပိုင္းဆိုင္ရာ ကနဦးလုပ္ငန္းေတြကို စတင္လုပ္ေဆာင္ေနပါၿပီ” လို႔ ၎က ေျပာၾကားခဲ့ပါတယ္။

၂၀ ရာခိုင္ႏႈန္း သန႔္စင္တယ္ဆိုတဲ့ အဓိပၸာယ္က ၂၀၁၅ ခုႏွစ္ န်ဴကလီးယားသေဘာတူညီခ်က္ရဲ႕ စည္းမ်ဥ္းေတြကို အီရန္က လ်စ္လ်ဴရႈလိုက္တဲ့ သေဘာျဖစ္လို႔ ဒီေၾကညာခ်က္ဟာ န်ဴကလီးယားသေဘာတူညီခ်က္အတြက္ အႏၲရာယ္ရွိလာၿပီျဖစ္ေၾကာင္း အခ်က္ျပလိုက္တာပဲ ျဖစ္တယ္လို႔ ယုံၾကည္ေနၾကပါတယ္။

အေမရိကန္ သမၼတ ေဒၚနယ္ထရန႔္ က ေမလကပဲ အေမရိကကို သေဘာတူညီခ်က္ထဲမွ ဆြဲထုတ္လိုက္ၿပီး တီဟီရန္အေပၚ ဒဏ္ခတ္ပိတ္ဆို႔မႈေတြ ျပန္လည္ျပဌာန္းလာခဲ့ပါတယ္။

ဇြန္လတုန္းကေတာ့ အီရန္က ကုလ န်ဴကလီးယားေစာင့္ၾကည့္ေရးအဖြဲ႕ကို အသိေပး အေၾကာင္းၾကားခဲ့ရာမွာေတာ့ ကမာၻ႔အင္အားႀကီးႏိုင္ငံေတြရဲ႕ ၂၀၁၅ ခုႏွစ္ သေဘာတူညီခ်က္အရ ခ်မွတ္ထားတဲ့ ကန႔္သတ္ခ်က္ ေဘာင္အတြင္းမွာ န်ဴကလီးယား သန႔္စင္မႈစြမ္းရည္ကို တိုးျမႇင့္သြားမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။

အခုအခ်ိန္အထိေတာ့ ကုလသမဂၢက အီရန္ဟာ သန႔္စင္မႈကို ၃.၅ ရာခိုင္ႏႈန္းအထိ ကန႔္သတ္ထားတဲ့ သေဘာတူညီခ်က္ပါ စည္းမ်ဥ္းေတြကို လိုက္နာေနဆဲျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

NZT
ေအအက္ဖ္ပီ
တီဟီရန္၊ ဇန္နဝါရီ - ၁၄