ဟောင်ကောင်အရေး ဥရောပသမဂ္ဂ၏ ဝင်ရောက်စွက်ဖက်မှု တရုတ်သံရုံး ပြင်းထန်စွာ ကန့်ကွက်

ဟောင်ကောင်အရေး ဥရောပသမဂ္ဂ၏ ဝင်ရောက်စွက်ဖက်မှု တရုတ်သံရုံး ပြင်းထန်စွာ ကန့်ကွက်

ဟောင်ကောင်အရေးတွင် ဥရောပသမဂ္ဂ၏ ဝင်ရောက်စွက်ဖက်မှုကို များစွာစိုးရိမ်ပြီး ပြင်းထန်စွာ ကန့်ကွက် ကြောင်း ဥရောပသမဂ္ဂဆိုင်ရာ တရုတ်သံရုံး၏ တာဝန်ရှိသူတစ်ဦးက သြဂုတ် ၂၈ ရက်မှာ ပြောကြားလိုက်ပါတယ်။

အီးယူ၏ နိုင်ငံခြားရေးရာနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် ဖီဒါရီကာ မိုဂါရီနီနှင့် ကနေဒါ နိုင်ငံခြားရေးဝန်ကြီး ခရစ်တီယာဖရီးလန်းတို့က ဟောင်ကောင်အရေးနှင့် ပတ်သက်၍ ကြေညာချက်တစ်စောင် ကို သြဂုတ် ၁၇ ရက်က ပူးတွဲ ထုတ်ပြန်ခဲ့ပါတယ်။အဆိုပါ ထုတ်ပြန်ချက်တွင် ဟောင်ကောင် ဆန္ဒပြပွဲများ၏ ဆူပူမှုများ ပိုများလာကြောင်း၊ သက်ဆိုင်သူများ အားလုံးပါဝင်သည့် ဆွေးနွေးမှုများကို မဖြစ်မနေ လုပ်ဆောင်ရန် လိုအပ်ကြောင်း ဖော်ပြထားပါတယ်။

“ငြိမ်းချမ်းစွာ စုဝေးခွင့်အပါအဝင် အခြေခံအခွင့်အရေးများနှင့် တစ်နိုင်ငံ စနစ်နှစ်မျိုးမူဝါဒအရ ဟောင်ကောင်၏ ကိုယ်ပိုင်လုပ်ပိုင်ခွင့် စနစ်များသည် အခြေခံဥပဒေနှင့် နိုင်ငံတကာ သဘောတူ ညီချက် များတွင် ပါဝင်ပြီး ဖြစ်ကြောင်းနှင့် ဆက်လက် လိုက်နာကျင့် သုံးရန်လိုအပ်ပါတယ်” ဟု ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။

တစ်နိုင်ငံ စနစ် နှစ်မျိုးသည် တရုတ်နိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဟောင်ကောင် အထူးအုပ်ချုပ် ခွင့်ရဒေသ ၏ အခြေခံဥပဒေတွင် ပါဝင်သော်လည်း နိုင်ငံဥပဒေတွင် မပါဝင်ကြောင်း တရုတ်သံရုံး ပြောခွင့်ရပုဂ္ဂိုလ်က တုံ့ပြန်ခဲ့ပါတယ်။

အီးယူအနေဖြင့် နိုင်ငံတကာဥပဒေများ၊ နိုင်ငံတကာဆက်ဆံရေး အခြေခံစံနှုန်းများကို လိုက်နာရန်နှင့် တရုတ်နိုင်ငံ၏ အချုပ်အခြာပိုင်ဆိုင်မှုကို လေးစားရန်၊ ဟောင်ကောင်အရေးနှင့် တရုတ်နိုင်ငံ ပြည် တွင်း ရေးတို့အား ဝင်ရောက်စွက်ဖက်ခြင်းတို့ကို ချက်ခြင်းရပ်တန့်ပြီး ကောင်းမွန်စွာ ပုံမှန် တိုးတက်နေ သည့် တရုတ်-အီးယူဆက်ဆံရေးကို မထိခိုက်အောင် ဆောင်ရွက်ရန် ၎င်းက ထည့်သွင်း တိုက်တွန်း ခဲ့ပါတယ်။

ဟောင်ကောင်တွင် ဖြစ်ပွားနေသည့် ဆန္ဒပြပွဲများသည် အလွန်အကျွံ ဆူပူသောင်းကျန်းမှု ပုံစံသို့ ရောက်သွားပြီ ဖြစ်ကြောင်းလည်း ၎င်းက ပြောပါတယ်။ ဆူပူဆန္ဒပြသူအချို့က ဥပဒေပြုကောင်စီ အဆောက်အဦကို ဖျက်ဆီးခဲ့ကြသလို ဗဟိုအစိုးရ၏ ဆက်ဆံရေးအဆောက်အဦ၊ ရဲစခန်းများကို တိုက်ခိုက်ခဲ့ကြပါတယ်။

ရဲများကို တိုက်ခိုက်ခြင်း၊  မီးရှို့ဖျက်ဆီးခြင်းများ၊ တရားမဝင်သည့် ဆန္ဒပြမှုများဖြင့် ဟောင်ကောင်လေဆိပ် ကို ပိတ်ဆို့ခြင်း၊ ၊ အပြစ်မဲပြည်သူများကို ရိုက်နှက်ခြင်းတို့  လုပ်ဆောင်ခဲ့ကြပါတယ်။ ယင်းကဲ့သို့ လုပ်ဆောင်မှုများသည် လုံခြုံရေးနှင့် တည်ငြိမ်ရေး၊ ဟောင်ကောင် လူ့အဖွဲ့အစည်း၏ ဥပဒေစိုးမိုးရေး၊ ငြိမ်ဝပ်ပိပြားရေးကို ပျက်ပြားစေပါတယ်။ ဟောင်ကောင်ပြည်သူတို့၏ အသက်၊ အိုးအိမ်နှင့် ပုံမှန်လူနေမှုဘဝများကို အန္တရာယ်ဖြစ်ပေါ်စေပါတယ်။ တစ်နိုင်ငံ စနစ်နှစ်မျိုး သတ်မှတ် ချက်ကို ဆိုးရွားစွာ စိန်ခေါ်မှုဖြစ်စေတာကြောင့် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချပြီး ဥပဒေအရ တင်းကြပ် စွာ ဖြေရှင်းဖို့ လိုအပ်ပါတယ်။ ယင်းကဲ့သို့  ပြင်းထန်သည့် ဆူပူမှုများ၊ ကျူးလွန်မှုများ ကြုံတွေ့နေရ ချိန်တွင် တာဝန်သိတတ်သည့် မည်သည့်အစိုးရကမှ  လက်ပိုက် ကြည့် နေမည်မဟုတ်ကြောင်း ၎င်းက ပြောပါတယ်။

ဟောင်ကောင်ပြဿနာသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေး သက်သက်သာဖြစ်ပြီး အခြားပြည်ပ အစိုး ရနှင့် အဖွဲ့အစည်းများက ဝင်ပါရန် မလိုကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားပါတယ်။ တရုတ် အစိုးရ၏ ကန့်ကွက်မှုကို ထည့်သွင်းမစဉ်းစားသည့် အီးယူအနေဖြင့် ဟောင်ကောင်အရေးနှင့် တရုတ်နိုင်ငံ အရေးတို့တွင် ထပ်ကာတလဲလဲ ဝင်ရောက်စွက်ဖက်လျှက် ရှိပြီး ယင်းလုပ်ရပ်ကို တရုတ် အစိုးရက များစွာ စိုးရိမ်ကြောင်းနဲ့ ပြင်းထန်စွာ ဆန့်ကျင်ကြောင်း ထုတ်ပြန်ထားပါတယ်။

Linko
Ref:en.people.cn
ဘေကျင်း၊သြဂုတ် ၁၈

(  Zawgyi  )

 ေဟာင္ေကာင္အေရးတြင္ ဥေရာပသမဂၢ၏ ဝင္ေရာက္စြက္ဖက္မႈကို မ်ားစြာစိုးရိမ္ၿပီး ျပင္းထန္စြာ ကန႔္ကြက္ ေၾကာင္း ဥေရာပသမဂၢဆိုင္ရာ တ႐ုတ္သံ႐ုံး၏ တာဝန္ရွိသူတစ္ဦးက ၾသဂုတ္ ၂၈ ရက္မွာ ေျပာၾကားလိုက္ပါတယ္။

အီးယူ၏ ႏိုင္ငံျခားေရးရာႏွင့္ လုံၿခဳံေရးမူဝါဒဆိုင္ရာ အဆင့္ျမင့္ကိုယ္စားလွယ္ ဖီဒါရီကာ မိုဂါရီနီႏွင့္ ကေနဒါ ႏိုင္ငံျခားေရးဝန္ႀကီး ခရစ္တီယာဖရီးလန္းတို႔က ေဟာင္ေကာင္အေရးႏွင့္ ပတ္သက္၍ ေၾကညာခ်က္တစ္ေစာင္ ကို ၾသဂုတ္ ၁၇ ရက္က ပူးတြဲ ထုတ္ျပန္ခဲ့ပါတယ္။အဆိုပါ ထုတ္ျပန္ခ်က္တြင္ ေဟာင္ေကာင္ ဆႏၵျပပြဲမ်ား၏ ဆူပူမႈမ်ား ပိုမ်ားလာေၾကာင္း၊ သက္ဆိုင္သူမ်ား အားလုံးပါဝင္သည့္ ေဆြးေႏြးမႈမ်ားကို မျဖစ္မေန လုပ္ေဆာင္ရန္ လိုအပ္ေၾကာင္း ေဖာ္ျပထားပါတယ္။

“ၿငိမ္းခ်မ္းစြာ စုေဝးခြင့္အပါအဝင္ အေျခခံအခြင့္အေရးမ်ားႏွင့္ တစ္ႏိုင္ငံ စနစ္ႏွစ္မ်ိဳးမူဝါဒအရ ေဟာင္ေကာင္၏ ကိုယ္ပိုင္လုပ္ပိုင္ခြင့္ စနစ္မ်ားသည္ အေျခခံဥပေဒႏွင့္ ႏိုင္ငံတကာ သေဘာတူ ညီခ်က္ မ်ားတြင္ ပါဝင္ၿပီး ျဖစ္ေၾကာင္းႏွင့္ ဆက္လက္ လိုက္နာက်င့္ သုံးရန္လိုအပ္ပါတယ္” ဟု ထုတ္ျပန္ ခ်က္မွာ ေဖာ္ျပထားပါတယ္။

တစ္ႏိုင္ငံ စနစ္ ႏွစ္မ်ိဳးသည္ တ႐ုတ္ႏိုင္ငံ ဖြဲ႕စည္းပုံ အေျခခံဥပေဒႏွင့္ ေဟာင္ေကာင္ အထူးအုပ္ခ်ဳပ္ ခြင့္ရေဒသ ၏ အေျခခံဥပေဒတြင္ ပါဝင္ေသာ္လည္း ႏိုင္ငံဥပေဒတြင္ မပါဝင္ေၾကာင္း တ႐ုတ္သံ႐ုံး ေျပာခြင့္ရပုဂၢိဳလ္က တုံ႔ျပန္ခဲ့ပါတယ္။

အီးယူအေနျဖင့္ ႏိုင္ငံတကာဥပေဒမ်ား၊ ႏိုင္ငံတကာဆက္ဆံေရး အေျခခံစံႏႈန္းမ်ားကို လိုက္နာရန္ႏွင့္ တ႐ုတ္ႏိုင္ငံ၏ အခ်ဳပ္အျခာပိုင္ဆိုင္မႈကို ေလးစားရန္၊ ေဟာင္ေကာင္အေရးႏွင့္ တ႐ုတ္ႏိုင္ငံ ျပည္ တြင္း ေရးတို႔အား ဝင္ေရာက္စြက္ဖက္ျခင္းတို႔ကို ခ်က္ျခင္းရပ္တန႔္ၿပီး ေကာင္းမြန္စြာ ပုံမွန္ တိုးတက္ေန သည့္ တ႐ုတ္-အီးယူဆက္ဆံေရးကို မထိခိုက္ေအာင္ ေဆာင္႐ြက္ရန္ ၎က ထည့္သြင္း တိုက္တြန္း ခဲ့ပါတယ္။

ေဟာင္ေကာင္တြင္ ျဖစ္ပြားေနသည့္ ဆႏၵျပပြဲမ်ားသည္ အလြန္အကြၽံ ဆူပူေသာင္းက်န္းမႈ ပုံစံသို႔ ေရာက္သြားၿပီ ျဖစ္ေၾကာင္းလည္း ၎က ေျပာပါတယ္။ ဆူပူဆႏၵျပသူအခ်ိဳ႕က ဥပေဒျပဳေကာင္စီ အေဆာက္အဦကို ဖ်က္ဆီးခဲ့ၾကသလို ဗဟိုအစိုးရ၏ ဆက္ဆံေရးအေဆာက္အဦ၊ ရဲစခန္းမ်ားကို တိုက္ခိုက္ခဲ့ၾကပါတယ္။

ရဲမ်ားကို တိုက္ခိုက္ျခင္း၊  မီးရႈိ႕ဖ်က္ဆီးျခင္းမ်ား၊ တရားမဝင္သည့္ ဆႏၵျပမႈမ်ားျဖင့္ ေဟာင္ေကာင္ေလဆိပ္ ကို ပိတ္ဆို႔ျခင္း၊ ၊ အျပစ္မဲျပည္သူမ်ားကို ႐ိုက္ႏွက္ျခင္းတို႔  လုပ္ေဆာင္ခဲ့ၾကပါတယ္။ ယင္းကဲ့သို႔ လုပ္ေဆာင္မႈမ်ားသည္ လုံၿခဳံေရးႏွင့္ တည္ၿငိမ္ေရး၊ ေဟာင္ေကာင္ လူ႔အဖြဲ႕အစည္း၏ ဥပေဒစိုးမိုးေရး၊ ၿငိမ္ဝပ္ပိျပားေရးကို ပ်က္ျပားေစပါတယ္။ ေဟာင္ေကာင္ျပည္သူတို႔၏ အသက္၊ အိုးအိမ္ႏွင့္ ပုံမွန္လူေနမႈဘဝမ်ားကို အႏၲရာယ္ျဖစ္ေပၚေစပါတယ္။ တစ္ႏိုင္ငံ စနစ္ႏွစ္မ်ိဳး သတ္မွတ္ ခ်က္ကို ဆိုး႐ြားစြာ စိန္ေခၚမႈျဖစ္ေစတာေၾကာင့္ ျပင္းထန္စြာ ျပစ္တင္ရႈတ္ခ်ၿပီး ဥပေဒအရ တင္းၾကပ္ စြာ ေျဖရွင္းဖို႔ လိုအပ္ပါတယ္။ ယင္းကဲ့သို႔  ျပင္းထန္သည့္ ဆူပူမႈမ်ား၊ က်ဴးလြန္မႈမ်ား ႀကဳံေတြ႕ေနရ ခ်ိန္တြင္ တာဝန္သိတတ္သည့္ မည္သည့္အစိုးရကမွ  လက္ပိုက္ ၾကည့္ ေနမည္မဟုတ္ေၾကာင္း ၎က ေျပာပါတယ္။

ေဟာင္ေကာင္ျပႆနာသည္ တ႐ုတ္ႏိုင္ငံ၏ ျပည္တြင္းေရး သက္သက္သာျဖစ္ၿပီး အျခားျပည္ပ အစိုး ရႏွင့္ အဖြဲ႕အစည္းမ်ားက ဝင္ပါရန္ မလိုေၾကာင္းလည္း ၎က ထည့္သြင္းေျပာၾကားပါတယ္။ တ႐ုတ္ အစိုးရ၏ ကန႔္ကြက္မႈကို ထည့္သြင္းမစဥ္းစားသည့္ အီးယူအေနျဖင့္ ေဟာင္ေကာင္အေရးႏွင့္ တ႐ုတ္ႏိုင္ငံ အေရးတို႔တြင္ ထပ္ကာတလဲလဲ ဝင္ေရာက္စြက္ဖက္လွ်က္ ရွိၿပီး ယင္းလုပ္ရပ္ကို တ႐ုတ္ အစိုးရက မ်ားစြာ စိုးရိမ္ေၾကာင္းနဲ႔ ျပင္းထန္စြာ ဆန႔္က်င္ေၾကာင္း ထုတ္ျပန္ထားပါတယ္။

Linko
Ref:en.people.cn
ေဘက်င္း၊ၾသဂုတ္ ၁၈