အခွန်ရပ်ဆိုင်းရေးကာလ ကုန်ဆုံးချိန်တွင် တရုတ်နှင့် အမေရိကန် ကုန်သွယ်ရေးဆွေးနွေးမှု ပြန်လည်စတင်နိုင်ဖွယ်ရှိ

အခွန်ရပ်ဆိုင်းရေးကာလ ကုန်ဆုံးချိန်တွင် တရုတ်နှင့် အမေရိကန် ကုန်သွယ်ရေးဆွေးနွေးမှု ပြန်လည်စတင်နိုင်ဖွယ်ရှိ

အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေးဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရန် နှစ်နိုင်ငံ ကိုယ်စားလှယ်များက ဇူလိုင် ၃၀ ရက်မှာ ရှန်ဟိုင်းမြို့တော်၌ ဆွေးနွေးခဲ့ကြပြီးနောက် သဘောတူညီချက်များ အချိန်တိုအတွင်း ပြုလုပ်နိုင်မည့် မျှော်လင့်ချက်ကို လျှော့ချလိုက်သော်လည်း တွေ့ဆုံဆွေးနွေးမှုများကို ဇွန်လအတွင်းက ပြုလုပ်ခဲ့သည့် ဂျီ ၂၀ တွေ့ဆုံပွဲတွင် သဘောတူထားသည့် အပြန်အလှန် အခွန်ကောက်ခံမှု ရပ်ဆိုင်းထားရေးကာလ ကုန်ဆုံးသည့်အချိန်တွင် ပြန်လည်စတင်နိုင်မယ်လို့ သတ်မှတ်ထားကြပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က တရုတ်အနေနဲ့ ကတိကဝတ်တွေကို ချိုးဖောက်ကြောင်း စွပ်စွဲပြီး မေလက ရပ်ဆိုင်းသွားခဲ့သည့် ဆွေးနွေးပွဲနောက်ပိုင်း နှစ်နိုင်ငံ တာဝန်ရှိသူများ ယခုကဲ့သို့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

နှစ်နိုင်ငံ အပြန်အလှန် အခွန်ကောက်ခံမှုတွေမှာလည်း လက်ရှိအချိန်အထိ ဒေါ်လာ ၃၆၀ ဘီလျံ ရှိပါတယ်။

ရှန်ဟိုင်းမြို့တွင် တွေ့ဆုံခဲ့သည့် ဆွေးနွေးပွဲမတိုင်မီ သမ္မတ ထရမ့် က ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့အစည်းမှာ တရုတ်နိုင်ငံကို ဖွံ့ဖြိုးဆဲနိုင်ငံအဆင့်မှ ထုတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။ယင်းပြောဆိုမှုအပေါ် တရုတ်အစိုးရက အမေရိကန်ဟာ ကိုယ်ကျိုးအတ္တကြီးကြောင်း တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

တရုတ်ဆွေးနွေးရေးအဖွဲ့တွေအနေနဲ့ သဘောတူညီချက်ကို လာမယ့်နှစ် အမေရိကန် ရွေးကောက်ပွဲပြီးတဲ့အထိ ကြန့်ကြာစေချင်တဲ့ သဘောရှိနေကြောင်း ဇူလိုင် ၂၆ ရက်က ပြောခဲ့ပါတယ်။

“ကျွန်တော် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် သဘောတူညီချက်တွေ အကုန်လုံးကို သူတို့လက်မှတ်ထိုးမှာပါ” လို့ ပြောပါတယ်။

စီးပွားရေးနှေးကွေးမှုကြောင့် ကုန်သွယ်ရေးသဘောတူညီချက် ချုပ်ဆိုစေပြီး နိုင်ငံတော်လုံခြုံရေး အကြောင်းပြချက်နဲ့ ဟွာဝေး ဆက်သွယ်ရေးကုမ္ပဏီကိုလည်း ပိတ်ဆို့ကန့်သတ်မှုစာရင်း ထည့်သွင်းခြင်းတို့ကြောင့် အမေရိကန်သမ္မတကို တရုတ်အစိုးရက မကျေနပ်မှုများ ဖြစ်စေခဲ့ပါတယ်။

ဇူလိုင် ၃၀ က ဆင်ဟွာသတင်းဌာနရဲ့ ဆောင်းပါးတစ်ပုဒ်မှာတော့ နှစ်နိုင်ငံဆက်ဆံရေး ထိခိုက်နေပြီး အမေရိကန်အနေနဲ့ ကုန်သွယ်ရေးသဘောတူညီချက်ကို အမှန်တကယ်လိုအပ်ပါက တရုတ်အပေါ် အပြန်အလှန် နားလည်လေးစားမှု လိုအပ်ကြောင်း ရေးသားတောင်းဆိုထားပါတယ်။

Linko
Ref : digitaljournal.com
ဘေကျင်း၊ ဇူလိုင် - ၃၀

( Zawgyi )

အေမရိကန္ႏွင့္ တ႐ုတ္ႏိုင္ငံတို႔အၾကား ကုန္သြယ္ေရးေဆြးေႏြးပြဲမ်ား ျပန္လည္စတင္ႏိုင္ရန္ ႏွစ္ႏိုင္ငံ ကိုယ္စားလွယ္မ်ားက ဇူလိုင္ ၃၀ ရက္မွာ ရွန္ဟိုင္းၿမိဳ႕ေတာ္၌ ေဆြးေႏြးခဲ့ၾကၿပီးေနာက္ သေဘာတူညီခ်က္မ်ား အခ်ိန္တိုအတြင္း ျပဳလုပ္ႏိုင္မည့္ ေမွ်ာ္လင့္ခ်က္ကို ေလွ်ာ့ခ်လိုက္ေသာ္လည္း ေတြ႕ဆုံေဆြးေႏြးမႈမ်ားကို ဇြန္လအတြင္းက ျပဳလုပ္ခဲ့သည့္ ဂ်ီ ၂၀ ေတြ႕ဆုံပြဲတြင္ သေဘာတူထားသည့္ အျပန္အလွန္ အခြန္ေကာက္ခံမႈ ရပ္ဆိုင္းထားေရးကာလ ကုန္ဆုံးသည့္အခ်ိန္တြင္ ျပန္လည္စတင္ႏိုင္မယ္လို႔ သတ္မွတ္ထားၾကပါတယ္။

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ က တ႐ုတ္အေနနဲ႔ ကတိကဝတ္ေတြကို ခ်ိဳးေဖာက္ေၾကာင္း စြပ္စြဲၿပီး ေမလက ရပ္ဆိုင္းသြားခဲ့သည့္ ေဆြးေႏြးပြဲေနာက္ပိုင္း ႏွစ္ႏိုင္ငံ တာဝန္ရွိသူမ်ား ယခုကဲ့သို႔ ပထမဆုံးအႀကိမ္ ေတြ႕ဆုံခဲ့ၾကတာ ျဖစ္ပါတယ္။

ႏွစ္ႏိုင္ငံ အျပန္အလွန္ အခြန္ေကာက္ခံမႈေတြမွာလည္း လက္ရွိအခ်ိန္အထိ ေဒၚလာ ၃၆၀ ဘီလ်ံ ရွိပါတယ္။

ရွန္ဟိုင္းၿမိဳ႕တြင္ ေတြ႕ဆုံခဲ့သည့္ ေဆြးေႏြးပြဲမတိုင္မီ သမၼတ ထရမ့္ က ကမာၻ႔ကုန္သြယ္ေရး အဖြဲ႕အစည္းမွာ တ႐ုတ္ႏိုင္ငံကို ဖြံ႕ၿဖိဳးဆဲႏိုင္ငံအဆင့္မွ ထုတ္ပစ္မယ္လို႔ ၿခိမ္းေျခာက္ေျပာဆိုခဲ့ပါတယ္။ယင္းေျပာဆိုမႈအေပၚ တ႐ုတ္အစိုးရက အေမရိကန္ဟာ ကိုယ္က်ိဳးအတၱႀကီးေၾကာင္း တုံ႔ျပန္ေျပာဆိုခဲ့ပါတယ္။

တ႐ုတ္ေဆြးေႏြးေရးအဖြဲ႕ေတြအေနနဲ႔ သေဘာတူညီခ်က္ကို လာမယ့္ႏွစ္ အေမရိကန္ ေ႐ြးေကာက္ပြဲၿပီးတဲ့အထိ ၾကန႔္ၾကာေစခ်င္တဲ့ သေဘာရွိေနေၾကာင္း ဇူလိုင္ ၂၆ ရက္က ေျပာခဲ့ပါတယ္။

“ကြၽန္ေတာ္ ေ႐ြးေကာက္ပြဲမွာ အႏိုင္ရခဲ့ရင္ သေဘာတူညီခ်က္ေတြ အကုန္လုံးကို သူတို႔လက္မွတ္ထိုးမွာပါ” လို႔ ေျပာပါတယ္။

စီးပြားေရးေႏွးေကြးမႈေၾကာင့္ ကုန္သြယ္ေရးသေဘာတူညီခ်က္ ခ်ဳပ္ဆိုေစၿပီး ႏိုင္ငံေတာ္လုံၿခဳံေရး အေၾကာင္းျပခ်က္နဲ႔ ဟြာေဝး ဆက္သြယ္ေရးကုမၸဏီကိုလည္း ပိတ္ဆို႔ကန႔္သတ္မႈစာရင္း ထည့္သြင္းျခင္းတို႔ေၾကာင့္ အေမရိကန္သမၼတကို တ႐ုတ္အစိုးရက မေက်နပ္မႈမ်ား ျဖစ္ေစခဲ့ပါတယ္။

ဇူလိုင္ ၃၀ က ဆင္ဟြာသတင္းဌာနရဲ႕ ေဆာင္းပါးတစ္ပုဒ္မွာေတာ့ ႏွစ္ႏိုင္ငံဆက္ဆံေရး ထိခိုက္ေနၿပီး အေမရိကန္အေနနဲ႔ ကုန္သြယ္ေရးသေဘာတူညီခ်က္ကို အမွန္တကယ္လိုအပ္ပါက တ႐ုတ္အေပၚ အျပန္အလွန္ နားလည္ေလးစားမႈ လိုအပ္ေၾကာင္း ေရးသားေတာင္းဆိုထားပါတယ္။

Linko
Ref : digitaljournal.com
ေဘက်င္း၊ ဇူလိုင္ - ၃၀