အမေရိကန် ဝါရင့်ဆီးနိတ်အမတ်က အစိုးရယန္တရားကို ယာယီပြန်ဖွင့်ပေးရန် ထရန့် ကို တိုက်တွန်းထားဟု ဆို

အမေရိကန် ဝါရင့်ဆီးနိတ်အမတ်က အစိုးရယန္တရားကို ယာယီပြန်ဖွင့်ပေးရန် ထရန့် ကို တိုက်တွန်းထားဟု ဆို

ရက်သတ္တပတ် ၃ ပတ်ကျော်ကြာ ယန္တရားရပ်ဆိုင်းထားခဲ့တဲ့ အစိုးရဌာနတွေကို ယာယီပြန်ဖွင့်ပေးဖို့ ဝါရင့်ရီပတ်ဘလီကင် တစ်ယောက်က သမ္မတ ဒေါ်နယ်ထရန့် ကို တိုက်တွန်းခဲ့တယ်လို့ ဇန်နဝါရီ ၁၄ ရက် ဘီဘီစီ သတင်းမှာ ဖော်ပြထားပါတယ်။

မစ္စတာထရန့် နဲ့ နီးစပ်တဲ့ အထက်လွှတ်တော်အမတ် လင်းဆေး ဂရေဟမ် က ရက်သတ္တပတ် အနည်းငယ်ကြာ ပြန်ဖွင့်ပေးလိုက်မှ ရီပတ်ဘလီကင်နဲ့ ဒီမိုကရတ်တွေကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်လာနိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

အခု အစိုးရတစ်စိတ်တစ်ပိုင်း ယန္တရားရပ်ဆိုင်းမှုဟာ အမေရိကန် သမိုင်းမှာတော့ အရှည်လျားဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။ဒီလိုရပ်ဆိုင်းထားလို့ အစိုးရဝန်ထမ်း သိန်းနဲ့ချီပြီး လစာမရဖြစ်နေသလို အစိုးရရုံးတွေကိုလည်း ပိတ်ထားရတယ်လို့ ဆိုပါတယ်။

သမ္မတ ထရန့် က သူ့ရဲ့ မဲဆွယ်ကတိကဝတ်ဖြစ်တဲ့ မက္ကဆီကို နယ်စပ်တလျှောက် တံတိုင်းဆောက်ဖို့အတွက် ကုန်ကျစရိတ် ဒေါ်လာ ၅.၇ ဘီလျံ မပါဝင်ဘူးဆိုရင် ဘတ်ဂျက်ကို သဘောတူခွင့်ပြုဖို့ ငြင်းဆန်နေခဲ့တာပဲ ဖြစ်ပါတယ်။ဒီတံတိုင်းအတွက် မက္ကဆီကိုကလည်း တစ်စိတ်တစ်ပိုင်း စိုက်ထုတ်ရမယ်လို့ ထရန့် က ပြောကြားနေခဲ့တာပဲ ဖြစ်ပါတယ်။ဒီမိုကရတ်တွေကလည်း တံတိုင်းဆောက်ဖို့ ဘတ်ဂျက်ချပေးဖို့ တောင်းဆိုချက်ကို ငြင်းဆန်ပယ်ချထားပြီး အစိုးရယန္တရားကို ပြန်မဖွင့်မချင်းတော့ စေ့စပ်ညှိနှိုင်းမှာ မဟုတ်ဘူးလို့လည်း ပြောကြားနေခဲ့ပါတယ်။

မစ္စတာထရန့် က ကွန်ဂရက်ကို ရှောင်ကွင်းပြီး သူလိုချင်တဲ့ ငွေကိုရဖို့ နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာမယ်လို့တောင် ခြိမ်းခြောက်နေခဲ့တာပဲ ဖြစ်ပါတယ်။

ဆီးနိတ်တရားရေးကော်မတီရဲ့ ဥက္ကဌဖြစ်တဲ့ မစ္စတာဂရေဟမ် ကတော့ စေ့စပ်ညှိနှိုင်းမှုတွေ ပြန်လည်စတင်နိုင်အောင် အစိုးရယန္တရားကို ယာယီပြန်ဖွင့်ပေးဖို့ သမ္မတကို တိုက်တွန်းထားတယ်လို့ ပြောကြားခဲ့ပါတယ်။

ဆွေးနွေးပွဲတွေကမှ တံတိုင်းအတွက် ငွေချပေးဖို့ သဘောတူညီချက် မရဘူးဆိုရင် အိမ်ဖြူတော်က နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာနိုင်တယ်လို့လည်း ၎င်းက ပြောကြားခဲ့ပါတယ်။

NZT
ဘီဘီစီ
ဝါရှင်တန်၊ ဇန်နဝါရီ - ၁၄

( Zawgyi )

ရက္သတၱပတ္ ၃ ပတ္ေက်ာ္ၾကာ ယႏၲရားရပ္ဆိုင္းထားခဲ့တဲ့ အစိုးရဌာနေတြကို ယာယီျပန္ဖြင့္ေပးဖို႔ ဝါရင့္ရီပတ္ဘလီကင္ တစ္ေယာက္က သမၼတ ေဒၚနယ္ထရန႔္ ကို တိုက္တြန္းခဲ့တယ္လို႔ ဇန္နဝါရီ ၁၄ ရက္ ဘီဘီစီ သတင္းမွာ ေဖာ္ျပထားပါတယ္။

မစၥတာထရန႔္ နဲ႔ နီးစပ္တဲ့ အထက္လႊတ္ေတာ္အမတ္ လင္းေဆး ဂေရဟမ္ က ရက္သတၱပတ္ အနည္းငယ္ၾကာ ျပန္ဖြင့္ေပးလိုက္မွ ရီပတ္ဘလီကင္နဲ႔ ဒီမိုကရတ္ေတြၾကား ေဆြးေႏြးပြဲေတြ ျပန္လည္စတင္လာႏိုင္လိမ့္မယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အခု အစိုးရတစ္စိတ္တစ္ပိုင္း ယႏၲရားရပ္ဆိုင္းမႈဟာ အေမရိကန္ သမိုင္းမွာေတာ့ အရွည္လ်ားဆုံး ျဖစ္တယ္လို႔ ဆိုပါတယ္။ဒီလိုရပ္ဆိုင္းထားလို႔ အစိုးရဝန္ထမ္း သိန္းနဲ႔ခ်ီၿပီး လစာမရျဖစ္ေနသလို အစိုးရ႐ုံးေတြကိုလည္း ပိတ္ထားရတယ္လို႔ ဆိုပါတယ္။

သမၼတ ထရန႔္ က သူ႔ရဲ႕ မဲဆြယ္ကတိကဝတ္ျဖစ္တဲ့ မကၠဆီကို နယ္စပ္တေလွ်ာက္ တံတိုင္းေဆာက္ဖို႔အတြက္ ကုန္က်စရိတ္ ေဒၚလာ ၅.၇ ဘီလ်ံ မပါဝင္ဘူးဆိုရင္ ဘတ္ဂ်က္ကို သေဘာတူခြင့္ျပဳဖို႔ ျငင္းဆန္ေနခဲ့တာပဲ ျဖစ္ပါတယ္။ဒီတံတိုင္းအတြက္ မကၠဆီကိုကလည္း တစ္စိတ္တစ္ပိုင္း စိုက္ထုတ္ရမယ္လို႔ ထရန႔္ က ေျပာၾကားေနခဲ့တာပဲ ျဖစ္ပါတယ္။ဒီမိုကရတ္ေတြကလည္း တံတိုင္းေဆာက္ဖို႔ ဘတ္ဂ်က္ခ်ေပးဖို႔ ေတာင္းဆိုခ်က္ကို ျငင္းဆန္ပယ္ခ်ထားၿပီး အစိုးရယႏၲရားကို ျပန္မဖြင့္မခ်င္းေတာ့ ေစ့စပ္ညႇိႏႈိင္းမွာ မဟုတ္ဘူးလို႔လည္း ေျပာၾကားေနခဲ့ပါတယ္။

မစၥတာထရန႔္ က ကြန္ဂရက္ကို ေရွာင္ကြင္းၿပီး သူလိုခ်င္တဲ့ ေငြကိုရဖို႔ ႏိုင္ငံေတာ္ အေရးေပၚအေျခအေန ေၾကညာမယ္လို႔ေတာင္ ၿခိမ္းေျခာက္ေနခဲ့တာပဲ ျဖစ္ပါတယ္။

ဆီးနိတ္တရားေရးေကာ္မတီရဲ႕ ဥကၠဌျဖစ္တဲ့ မစၥတာဂေရဟမ္ ကေတာ့ ေစ့စပ္ညႇိႏႈိင္းမႈေတြ ျပန္လည္စတင္ႏိုင္ေအာင္ အစိုးရယႏၲရားကို ယာယီျပန္ဖြင့္ေပးဖို႔ သမၼတကို တိုက္တြန္းထားတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ေဆြးေႏြးပြဲေတြကမွ တံတိုင္းအတြက္ ေငြခ်ေပးဖို႔ သေဘာတူညီခ်က္ မရဘူးဆိုရင္ အိမ္ျဖဴေတာ္က ႏိုင္ငံေတာ္ အေရးေပၚအေျခအေန ေၾကညာႏိုင္တယ္လို႔လည္း ၎က ေျပာၾကားခဲ့ပါတယ္။

NZT
ဘီဘီစီ
ဝါရွင္တန္၊ ဇန္နဝါရီ - ၁၄