အလုပ်သမားခများ မြင့်တက်မှုမှာ အာရှရှိ ဂျပန်ကုမ္ပဏီများအတွက် အကြီးမားဆုံးအန္တရာယ်ဖြစ်ဟု ဆို

အလုပ်သမားခများ မြင့်တက်မှုမှာ အာရှရှိ ဂျပန်ကုမ္ပဏီများအတွက် အကြီးမားဆုံးအန္တရာယ်ဖြစ်ဟု ဆို

အလုပ်သမားခများ မြင့်တက်ခြင်းနှင့် ကျွမ်းကျင်အလုပ်သမား ရှားပါးခြင်းတိုဟာ ထိုင်းနှင့် အခြားအာရှနိုင်ငံများတွင် လုပ်ကိုင်လျက်ရှိသည့် ဂျပန်ကုမ္ပဏီများအတွက် အန္တရာယ်တစ်ခု ဖြစ်စေပါတယ်။

NNA' အဖွဲ့က ဘယ်အရာဟာ လုပ်ငန်းအတွက် ထိပ်ဆုံးက ဒုက္ခပေးသလဲဆိုတာကို ဆာဗေးလုပ်ရာမှာ ဒီနှစ်ချက်က တကယ့်အကြီးဆုံး အန္တရာယ်ဖြစ်တယ်လို့ ကုမ္ပဏီ ၇၆ ရာခိုင်နှုန်းက ပြောကြားတယ်လို့ ဆိုပါတယ်။

အရှေ့အာရှ၊ အရှေ့တောင်အာရှ၊ အိန္ဒိယနဲ့ သြစတေးလျ တို့မှာ လည်ပတ်နေတဲ့ ကုမ္ပဏီပေါင်း ၆၃၀ ကို မေးမြန်းရာ ၄၇၉ ခုက တကယ့် "ဘေး" က အလုပ်သမားတွေဖြစ်ကြောင်း ဆိုကြပါတယ်။သူတို့တွေကို မေးမြန်းရာမှာ အခွန်တွေ ဖြတ်တာတောက်တာတွေ နိုင်ငံရေး တည်ငြိမ်မှု၊ လုံခြုံမှု စတာတွေ အပါအဝင် ဘေးဖြစ်စေမယ့် အချက် ၁၃ ခု ရွေးစရာပေးထားပြီး ကြိုက်သလောက် ရွေးပေးနိုင်ပါတယ်။

မနှစ်က နိုဝင်ဘာ ၂၆ ကနေ ဒီဇင်္ဘာ ၉ ကြားမှာ ဆာဗေးလုပ်တော့ လုပ်သားခတွေ ဒီနှုန်းအတိုင်း ဆက်တက်နေဦးမယ်ဆို တခြားနိုင်ငံတစ်ခုခုကို ပြောင်းရလိမ့်မယ်လို့ ထိုင်းမှာလုပ်နေတဲ့ ထုတ်လုပ်ရေးတစ်ခုက ဂျပန်ကိုယ်စားလှယ်တစ်ယောက်က ပြောကြားပါတယ်။

စင်္ကာပူက ဖြေတဲ့သူ ၉၁ ရာခိုင်နှုန်းက ကျွမ်းကျင်လုပ်သား မရှိတာ အထူးသဖြင့် တက္ကနော်လဂျီ စပယ်ရှယ်လစ်တွေ (နည်းပညာ ကျွမ်းကျင်သူတွေ) ရှားတာကို စိတ်ပူစရာအဖြစ်လို့ ဆိုပါတယ်။

ထိုင်းမှာလုပ်တဲ့အထဲက ၈၆ ရာခိုင်နှုန်းက အလုပ်သမားခကို ထောက်ပြပါတယ်။တောင်ကိုရီးယားက ဖြေတဲ့သူထဲက ၈၄ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားက ကုမ္ပဏီတွေရဲ့ ၈၃ ရာခိုင်နှုန်း သြစတေးလျက ၈၀ ရာခိုင်နှုန်းက ဒီအချက်ကိုပဲ ထောက်ပြခဲ့ကြပါတယ်။

အထွေထွေ အကုန်လုံးခြုံပြီးပြောရရင် ဖြေတဲ့အထဲက ၄၅ ရာခိုင်နှုန်းက အခွန်အခတွေ ဖြတ်တောက်တာကိုပြောပြီး ကျန်တဲ့ ၄၅ ရာခိုင်နှုန်းက ဆိုင်ရာငွေကြေးဈေးတွေ အတက်အကျကြမ်းတာကို အန္တရယ်များကြောင်း ဆိုပါတယ်။၄၂ ရာခိုင်နှုန်းက ဥပဒေဆိုင်ရာ စနစ်တွေကို ထောက်ပြပါတယ်။

တရုတ်ပြည်မှာ ဖြေဆိုတဲ့ထဲက ၇၇ ရာခိုင်နှုန်းဟာ တရုတ်အစိုးရက ကျေးလက်က အလုပ်သမားတွေ မြို့တက်ကုန်တာကို တင်းကျပ်လိုက်တော့ လုပ်သားခတွေ တက်ကုန်တယ်လို့ ဆိုပါတယ်။

တရုတ်ကပဲ ၄၈ ရာခိုင်နှုန်းက ယူအက်စ်နဲ့ ပြဿနာတွေကြောင့် အခွန်အခ ဖြတ်တာတောက်တာကို ဘေးဖြစ်စေမယ့် အချက်အဖြစ် ပြောကြားကြပါတယ်။

NZT
ဘန်ကောက်ပို့စ်
ဘန်ကောက်၊ ဇန်နဝါရီ - ၁၂

( Zawgyi )

အလုပ္သမားခမ်ား ျမင့္တက္ျခင္းႏွင့္ ကြၽမ္းက်င္အလုပ္သမား ရွားပါးျခင္းတိုဟာ ထိုင္းႏွင့္ အျခားအာရွႏိုင္ငံမ်ားတြင္ လုပ္ကိုင္လ်က္ရွိသည့္ ဂ်ပန္ကုမၸဏီမ်ားအတြက္ အႏၲရာယ္တစ္ခု ျဖစ္ေစပါတယ္။

NNA' အဖြဲ႕က ဘယ္အရာဟာ လုပ္ငန္းအတြက္ ထိပ္ဆုံးက ဒုကၡေပးသလဲဆိုတာကို ဆာေဗးလုပ္ရာမွာ ဒီႏွစ္ခ်က္က တကယ့္အႀကီးဆုံး အႏၲရာယ္ျဖစ္တယ္လို႔ ကုမၸဏီ ၇၆ ရာခိုင္ႏႈန္းက ေျပာၾကားတယ္လို႔ ဆိုပါတယ္။

အေရွ႕အာရွ၊ အေရွ႕ေတာင္အာရွ၊ အိႏၵိယနဲ႔ ၾသစေတးလ် တို႔မွာ လည္ပတ္ေနတဲ့ ကုမၸဏီေပါင္း ၆၃၀ ကို ေမးျမန္းရာ ၄၇၉ ခုက တကယ့္ "ေဘး" က အလုပ္သမားေတြျဖစ္ေၾကာင္း ဆိုၾကပါတယ္။သူတို႔ေတြကို ေမးျမန္းရာမွာ အခြန္ေတြ ျဖတ္တာေတာက္တာေတြ ႏိုင္ငံေရး တည္ၿငိမ္မႈ၊ လုံၿခဳံမႈ စတာေတြ အပါအဝင္ ေဘးျဖစ္ေစမယ့္ အခ်က္ ၁၃ ခု ေ႐ြးစရာေပးထားၿပီး ႀကိဳက္သေလာက္ ေ႐ြးေပးႏိုင္ပါတယ္။

မႏွစ္က ႏိုဝင္ဘာ ၂၆ ကေန ဒီဇဘၤာ ၉ ၾကားမွာ ဆာေဗးလုပ္ေတာ့ လုပ္သားခေတြ ဒီႏႈန္းအတိုင္း ဆက္တက္ေနဦးမယ္ဆို တျခားႏိုင္ငံတစ္ခုခုကို ေျပာင္းရလိမ့္မယ္လို႔ ထိုင္းမွာလုပ္ေနတဲ့ ထုတ္လုပ္ေရးတစ္ခုက ဂ်ပန္ကိုယ္စားလွယ္တစ္ေယာက္က ေျပာၾကားပါတယ္။

စကၤာပူက ေျဖတဲ့သူ ၉၁ ရာခိုင္ႏႈန္းက ကြၽမ္းက်င္လုပ္သား မရွိတာ အထူးသျဖင့္ တကၠေနာ္လဂ်ီ စပယ္ရွယ္လစ္ေတြ (နည္းပညာ ကြၽမ္းက်င္သူေတြ) ရွားတာကို စိတ္ပူစရာအျဖစ္လို႔ ဆိုပါတယ္။

ထိုင္းမွာလုပ္တဲ့အထဲက ၈၆ ရာခိုင္ႏႈန္းက အလုပ္သမားခကို ေထာက္ျပပါတယ္။ေတာင္ကိုရီးယားက ေျဖတဲ့သူထဲက ၈၄ ရာခိုင္ႏႈန္း၊ အင္ဒိုနီးရွားက ကုမၸဏီေတြရဲ႕ ၈၃ ရာခိုင္ႏႈန္း ၾသစေတးလ်က ၈၀ ရာခိုင္ႏႈန္းက ဒီအခ်က္ကိုပဲ ေထာက္ျပခဲ့ၾကပါတယ္။

အေထြေထြ အကုန္လုံးၿခဳံၿပီးေျပာရရင္ ေျဖတဲ့အထဲက ၄၅ ရာခိုင္ႏႈန္းက အခြန္အခေတြ ျဖတ္ေတာက္တာကိုေျပာၿပီး က်န္တဲ့ ၄၅ ရာခိုင္ႏႈန္းက ဆိုင္ရာေငြေၾကးေဈးေတြ အတက္အက်ၾကမ္းတာကို အႏၲရယ္မ်ားေၾကာင္း ဆိုပါတယ္။၄၂ ရာခိုင္ႏႈန္းက ဥပေဒဆိုင္ရာ စနစ္ေတြကို ေထာက္ျပပါတယ္။

တ႐ုတ္ျပည္မွာ ေျဖဆိုတဲ့ထဲက ၇၇ ရာခိုင္ႏႈန္းဟာ တ႐ုတ္အစိုးရက ေက်းလက္က အလုပ္သမားေတြ ၿမိဳ႕တက္ကုန္တာကို တင္းက်ပ္လိုက္ေတာ့ လုပ္သားခေတြ တက္ကုန္တယ္လို႔ ဆိုပါတယ္။

တ႐ုတ္ကပဲ ၄၈ ရာခိုင္ႏႈန္းက ယူအက္စ္နဲ႔ ျပႆနာေတြေၾကာင့္ အခြန္အခ ျဖတ္တာေတာက္တာကို ေဘးျဖစ္ေစမယ့္ အခ်က္အျဖစ္ ေျပာၾကားၾကပါတယ္။

NZT
ဘန္ေကာက္ပို႔စ္
ဘန္ေကာက္၊ ဇန္နဝါရီ - ၁၂