【နိုင်ငံတကာ】ကျန်းစူးပြည်နယ် ခေတ်မီရေး တည်ဆောက်မှု၏ အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ရမည်ဟု ရှီကျင့်ဖျင် မှာကြား

【နိုင်ငံတကာ】ကျန်းစူးပြည်နယ် ခေတ်မီရေး တည်ဆောက်မှု၏ အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ရမည်ဟု ရှီကျင့်ဖျင် မှာကြား

ကျန်းစူးပြည်နယ် ခေတ်မီရေးတည်ဆောက်မှု၏ အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ရမည်ဟု တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖျင်က ကျန်းစူးပြည်နယ်သို့ လေ့လာကြည့်ရှုရာတွင်ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်း အရ သိရသည်။

ကျန်းစူးပြည်နယ်သည် ကုန်ထုတ်လုပ်မှု အခြေခံခိုင်ခံ့ခြင်း၊ သိပ္ပံနည်းပညာနှင့် ပညာရေး အရင်းအမြစ် ပေါများခြင်း၊ စီးပွားကုန်သွယ်မှု ပတ်ဝန်းကျင် ကောင်းမွန်ခြင်း၊ ဈေးကွက်အတိုင်းအတာ ကြီးမားခြင်း စသည့် အားသာချက်များရှိပြီး တရုတ်အသွင်ပုံစံ ခေတ်မီရေးကို တွန်းအားပေးရေးဖြစ်စဉ်တွင် ရှေ့တန်းပြေးရန်၊ စံပြပြုလုပ်ရန် စွမ်းရည်နှင့် တာဝန်ဝတ္တရားရှိကြောင်း၊ ကျန်းစူးပြည်နယ် အနေနှင့် အားကောင်းပြီး ချမ်းသာသော၊ သာယာလှပပြီး အရည်အသွေး မြင့်မားစွာ တိုးတက်လာသော ကျန်းစူးပြည်နယ် ခေတ်မီရေးတည်ဆောက်မှု၏ အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ရမည် ဖြစ်ကြောင်း ရှီကျင့်ဖျင်က မှာကြားခဲ့သည်။

ရှီကျင့်ဖျင်သည် ဇူလိုင်လ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ ကျန်းစူးပြည်နယ် စူးကျိုးမြို့၊ နန်ကျင်းမြို့ စသည့်မြို့များမှ စက်မှုဇုန်များ၊ လုပ်ငန်းကုမ္ပဏီများ၊ သမိုင်းနှင့် ယဉ်ကျေးမှု နယ်မြေများ၊ သိပ္ပံနည်းပညာ စမ်းသပ်ခန်းများသို့ သွားရောက်လေ့လာကြည့်ရှုခဲ့သည်ဟု China Media Groupမှ သတင်းတွင် ဖော်ပြထားသည်။

ကျန်းစူး ၊ ဇူလိုင် ၈