【နိုင်ငံတကာ】ကျန်းရှီးပြည်နယ်တွင် တရုတ်ပုံစံခေတ်မီရေးကို ကြိုးပမ်းဆောင်ရွက်ရန် တရုတ်သမ္မတ အလေးပေးပြောကြား

【နိုင်ငံတကာ】ကျန်းရှီးပြည်နယ်တွင် တရုတ်ပုံစံခေတ်မီရေးကို ကြိုးပမ်းဆောင်ရွက်ရန် တရုတ်သမ္မတ အလေးပေးပြောကြား

တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟို‌ကော်မတီ၊ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်သမ္မတနဲ့ ဗဟိုစစ်ကော်မရှင် ဥက္ကဌဖြစ်သူ ရှီကျင့်ဖျင်ဟာ တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ ကျန်းရှီးပြည်နယ်သို့ သွားရောက်ကာ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပါတယ်။

ခရီးစဉ်အတွင်း တရုတ်ကွန်မြူနစ်ပါတီရဲ့ ဗဟိုလုပ်ငန်းတာဝန်တွေကို အထူးအာရုံစိုက် လုပ်ဆောင်ရမှာဖြစ်ကြောင်း သမ္မတ ရှီက အလေးပေး ပြောကြားခဲ့ပါတယ်။

ခေတ်သစ်နဲ့ ခရီးသစ်တွင် ဖွံ့ဖြိုးတိုးတက်မှု အယူအဆသစ်ကို အပြည့်အဝ၊ တိကျစွာ ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ပြီး၊ ကျန်းရှီးပြည်နယ်ရဲ့ အားသာချက် အနေအထားကို အခိုင်အမာဆုပ်ကိုင်ကာ ဖွံ့ဖြိုးတိုးတက်မှုပုံစံသစ်ကို တည်ဆောက်ရမှာဖြစ်ကြောင်း၊ ကျန်းရှီးရဲ့ ဝိသေသလက္ခဏာတွေနဲ့ အားသာချက်တွေအပေါ် အခြေခံပြီး၊ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု၊ ကာဗွန်နည်းသော ဖွံ့ဖြိုးတိုးတက်မှုတို့ကို အကောက်အထည်ဖော်ပြီး တရုတ်ပုံစံခေတ်မီရေးကို အားထုတ် ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်ပါကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က အလေးပေး ပြောကြားခဲ့ပါတယ်။

ပေကျင်း၊ အောက်တိုဘာ ၁၆