【နိုင်ငံတကာ】တရုတ်နှင့်ုရှားကြားမိတ်ဖက်ဆက်ဆံရေးက သမိုင်းဝင်အမြင့်ဆုံးကို ရောက်ရှိဟု ရရှားသမ္မတပြော

【နိုင်ငံတကာ】တရုတ်နှင့်ရုရှားကြားမိတ်ဖက်ဆက်ဆံရေးက သမိုင်းဝင်အမြင့်ဆုံးကို ရောက်ရှိဟု ရုရှားသမ္မတပြော

တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံတို့ကြား ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုရဲ့ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးက သမိုင်းဝင်အမြင့်ဆုံးကို ရောက်ရှိခဲ့တဲ့အပြင် ရှေ့ကိုလည်း ဆက်လက်ရွေ့လျားနေတယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောခဲ့ပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်က ကရင်မလင်မှာ ရုရှားသမ္မတ ဗလာဒီမာပူတင် နဲ့ “ High End Interview” တို့ သီးသန့်အင်တာဗျူးအစီအစဉ်မှာ ရုရှားသမ္မတ ယခုလိုပဲ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

နှစ်နိုင်ငံကြား ဆက်ဆံရေးက လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်း ဂရုတစိုက် စီမံခန့်ခွဲမှုနဲ့ တည်ငြိမ်ဖွံ့ဖြိုးတိုးတက်မှုရဲ့ ရလဒ်ဖြစ်ပြီး ခြေလှမ်းတိုင်းက နှစ်နိုင်ငံစလုံးရဲ့ ကိုယ်ကျိုးစီးပွားအပေါ် အခြေခံတယ်လို့ ရုရှားသမ္မတ ပြောပါတယ်။

ဒါ့အပြင် ရုရှားနဲ့တရုတ်တို့ရဲ့ ဆက်ဆံရေးများ ဆက်လက်တိုးတက်နေချိန်မှာ အချင်းချင်းသဘောထားအမြင်တွေကို အမြဲနားထောင်ပြီး အကျိုးစီးပွားတွေကို ထည့်သွင်းစဉ်စားမယ်လို့လည်း ဆက်လက်ပြောပါတယ်။ 

တရုတ်နိုင်ငံက  တဖြည်းဖြည်းနဲ့ ရုရှားနိုင်ငံရဲ့  အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်လာပြီး စီးပွားရေးနဲ့ ကုန်သွယ်မှု မိတ်ဖက်အဆင့်မှာ အဆင့်ခြောက်နေရာကို တဖြည်းဖြည်း မြင့်တက်လာတယ်လို့ သိရပါတယ်။

မော်စကို၊ အောက်တိုဘာ ၂၁