【နိုင်ငံတကာ】တရုတ်အာဇာနည်နေ့၌ ပြည်သူ့သူရဲကောင်း အာဇာနည်များ ပန်းခွေချ၍ ဂုဏ်ပြု

【နိုင်ငံတကာ】တရုတ်အာဇာနည်နေ့၌ ပြည်သူ့သူရဲကောင်း အာဇာနည်များ ပန်းခွေချ၍ ဂုဏ်ပြု 

စက်တင်ဘာ ၃၀ ရက်တွင် ကျရောက်သည့် တရုတ်အာဇာနည်နေ့တွင် ပြည်သူ့သူရဲကောင်း အာဇာနည်များကို ပန်းခွေချ၍ ဂုဏ်ပြုပွဲ အခမ်းအနားတစ်ရပ်ကို ပေကျင်းမြို့ရှိ ထျန်အန်မင် ရင်ပြင်တွင် ကျင်းပခဲ့ကြောင်း China Media Group သတင်းမှာ ဖော်ပြထားပါတယ်။
ထိုအခမ်းအနားတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် အပါအဝင် တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံတော်ခေါင်းဆောင် များက လုပ်ငန်းပေါင်းစုံမှ ကိုယ်စားလှယ်များနှင့်အတူ ပြည်သူ့သူရဲကောင်းအာဇာနည်များကို ပန်းခွေချကာ ဂုဏ်ပြုခဲ့ကြကြောင်း သိရပါတယ်။
ထိုအခမ်းအနားသို့ သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးမှ တက်ရောက်ခဲ့ကြပြီး နိုင်ငံတဝန်းရှိ လူနည်းစု တိုင်းရင်းသားမျိုးနွယ်စုဝင်များနှင့် မြို့တော်တွင်းရှိ အလွှာပေါင်းစုံမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။
 
ပေကျင်း ၊ အောက်တိုဘာ ၁