【နိုင်ငံတကာ】ဒုတိယအကြိမ် ကမ္ဘာလုံးဆိုင်ရာမီဒီယာဆန်းသစ်တီထွင်မှုဖိုရမ်ကို ရှန်ဟိုင်း၌ ကျင်းပ

【နိုင်ငံတကာ】ဒုတိယအကြိမ် ကမ္ဘာလုံးဆိုင်ရာမီဒီယာဆန်းသစ်တီထွင်မှုဖိုရမ်ကို ရှန်ဟိုင်း၌ ကျင်းပ

ဒုတိယအကြိမ် ကမ္ဘာလုံးဆိုင်ရာမီဒီယာ ဆန်းသစ်တီထွင်မှုဖိုရမ်ကို ရှန်ဟိုင်းတွင် ဇူလိုင် ၂၀ ရက်က ကျင်းပခဲ့ပြီး CPC ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် CPC ဗဟိုကော်မတီ၏ ဝါဒဖြန့်ချိရေးဌာန ဒါရိုက်တာ Li Shulei က ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကား ပြောကြားခဲ့ကြောင်း China Media Group သတင်းများအရ သိရသည်။

အဆိုပါ ဖိုရမ်ကို China Central Radio and Television နှင့် Shanghai Municipal People's Government တို့က ပူးတွဲကမကထပြု၍ ကျင်းပခြင်းဖြစ်ပြီး “ပွင့်လင်းမြင်သာမှု၊ အားလုံးပါဝင်မှု၊ အပြန်အလှန်အကျိုးခံစားခွင့်- ခေတ်မီတိုး တက်ရေးဆီသို့ အရောက်လှမ်းနိုင်ရေး”ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပခြင်းလည်း ဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန်၊ ဆက်သွယ်ရေးနည်းလမ်းများကို ဆန်းသစ်တီထွင်ရန်၊ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကိုဖြေရှင်းရန်နှင့် ယဉ်ကျေးမှုဖလှယ်ခြင်းနှင့် အပြန်အလှန်နားလည်မှုရရှိစေရန် ယဉ်ကျေးမှုဖလှယ်ခြင်းနှင့် အပြန်အလှန်နားလည်မှုကိုမြှင့်တင်ရန် တို့ကို စုစည်းဆောင်ရွက်သင့်ကြောင်း ယင်းဆွေးနွေးပွဲတွင် ဧည့်သည်တော်များက ပြောကြားခဲ့သည်။

တရုတ်ခေတ်မီတိုးတက်ခြင်းသည် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းသစ်များကို ပေးဆောင်ပြီး လူသားမျိုးနွယ်အတွက် မျှဝေသောအနာဂတ်ရှိသည့် အသိုက်အဝန်းတစ်ခုတည်ဆောက်ရေးတွင် ပံ့ပိုးပေးခြင်းဖြစ်ကြောင်း ပါဝင်သူများက ဆိုထားကြသည်။

ထိုဖိုရမ်သို့ နိုင်ငံတကာအဖွဲ့အစည်းများ၊ မီဒီယာအဖွဲ့အစည်းများ၊ တရုတ်နှင့် ပြည်ပမှ တတ်သိပညာရှင်များနှင့် နိုင်ငံစုံစီးပွားရေးလုပ်ငန်းများစသည့် နယ်ပယ်အသီးသီးမှ ကိုယ်စားလှယ် ၂၃၀ ကျော် တက်ရောက်ခဲ့ကြပြီး အွန်လိုင်းနှင့် အော့ဖ်လိုင်းပုံစံဖြင့် ပေါင်းစပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပေကျင်း၊ ဇူလိုင် ၂၀