【နိုင်ငံတကာ】နှစ်နိုင်ငံဆက်ဆံရေး အနှစ်သာရမှာ ရိုးသားမှု၊ ကောင်းမွန်သည့် အရာများ အတူမျှဝေခံစား၍ ပြဿနာများကို အတူရင်ဆိုင် ရန်ဖြစ်ကြောင်း ဇမ်ဘီယာသမ္မတ ထုတ်ဖော်ပြောဆို

【နိုင်ငံတကာ】နှစ်နိုင်ငံဆက်ဆံရေး အနှစ်သာရမှာ ရိုးသားမှု၊ ကောင်းမွန်သည့် အရာများ အတူမျှဝေခံစား၍ ပြဿနာများကို အတူရင်ဆိုင် ရန်ဖြစ်ကြောင်း ဇမ်ဘီယာသမ္မတ ထုတ်ဖော်ပြောဆို

နှစ်နိုင်ငံ ဆက်ဆံရေး အနှစ်သာရမှာ ရိုးသားမှု၊ ကောင်းမွန်သည့်အရာများကို အတူတကွမျှဝေခံစားပြီး ပြဿနာများကို အတူတကွ ရင်ဆိုင်ရန်ဖြစ်သည်ဟု ယုံကြည်ကြောင်း၊ ဥပမာအားဖြင့် ဇမ်ဘီယာနှင့် တရုတ်နှစ်နိုင်ငံစလုံးသည် ကမ္ဘာ့ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် ထောက်ခံအားပေးကြကြောင်း ဇမ်ဘီယာသမ္မတ Hakainde Hichilema က သီးသန့်တွေ့ဆုံရာ အင်တာဗျူးတစ်ခု၌ ပြောကြားကြောင်း China Media Group သတင်းမှာ ဖော်ပြပါတယ်။
 
ဆက်လက်ပြီး ၎င်းက ကျွန်ုပ်တို့သည် မိမိတို့နိုင်ငံမှ စတင်ကာ ပတ်ဝန်းကျင်ဒေသများ၊ တိုက်ကြီးများနှင့် ကမ္ဘာ့နိုင်ငံများတွင် တည်ငြိမ်အေးချမ်းမှုကို အတတ်နိုင်ဆုံး ထိန်းထားနိုင်သောအခါတွင် စီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးတို့သည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ် လိုအပ်ကြောင်း ပြောကြားပါတယ်။
 
ပြီးခဲ့သော စက်တင်ဘာ ၁၀ ရက်မှ ၁၆ ရက်အတွင်း ဇမ်ဘီယာသမ္မတ Hakainde Hichilema က တရုတ်နိုင်ငံသို့ နိုင်ငံတော် ခရီးစဉ်အဖြစ် သွားရောက်ခဲ့ပြီး ယခုလိုသီးသန့်တွေ့ဆုံမေးမြန်းမှုကို ဖြေကြားခဲ့သလို “တရုတ် လူမျိုးအားလုံးနှင့် "High-End Interview" အစီအစဉ်အတွက် ကျွန်ုပ်၏ ဆုမွန်ကောင်းတောင်းအပ်ပါသည်” ဟူ၍လည်း ကမ္ပည်းစာတစ်စောင်ကို ရေးသားခဲ့ပါတယ်။
 
ထိုသီးသန့်တွေ့ဆုံမေးမြန်းမှုတွင် ၎င်းမြင်တွေ့ခဲ့သည့် တရုတ်နိုင်ငံ၏ ခေတ်မီတိုးတက်မှုအခြေအနေများကို လည်းကောင်း၊ ဇမ်ဘီယာနိုင်ငံ၏ အခြေအနေများနှင့် စီးပွားရေးဆိုင်ရာ အလားအလာကောင်းများ ပိုင်ဆိုင်ထားသည့် အခြေအနေများကိုလည်းကောင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေးသင်္ကေတအဖြစ် အရေးပါသည့် တန်ဇန်းနီးယား-ဇမ်ဘီယာ မီးရထားလမ်းအကြောင်းတို့ကိုလည်း ပြောကြားခဲ့ကြောင်း သိရပါတယ်။
 
တရုတ်နှင့် ဇမ်ဘီယာနိုင်ငံတို့သည် ၁၉၆၄ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင် သံတမန်ဆက်ဆံရေးကို ထူထောင်ခဲ့ကြပြီး ဇမ်ဘီယာသည် အာဖရိကတောင်ပိုင်းတွင် တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်သည့် ပထမဆုံးနိုင်ငံလည်း ဖြစ်လာခဲ့ပါတယ်။ 
 
ပေကျင်း၊ စက်တင်ဘာ ၂၃