【နိုင်ငံတကာ】ပါတီဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ဆဋ္ဌမအကြိမ်မြောက် စုပေါင်း သင်ယူလေ့လာမှုလုပ်ဆောင်

【နိုင်ငံတကာ】ပါတီဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ဆဋ္ဌမအကြိမ်မြောက် စုပေါင်း သင်ယူလေ့လာမှုလုပ်ဆောင်

မာ့က်စ်ဝါဒ တရုတ်အသွင်ပုံစံကျအောင် ခေတ်နှင့်တပြေးညီဖြစ်စေရေးဆိုင်ရာ အခန်းကဏ္ဍသစ် ဖွင့်လှစ်ခြင်း နှင့်ပတ် သက်၍ ဆဋ္ဌမအကြိမ်မြောက် စုပေါင်းသင်ယူလေ့လာမှုကို တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနိုင်ငံရေး ဦးဆောင်အဖွဲ့က ဇွန်လ ၃၀ ရက် ညနေပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း China Media Group သတင်းမှ သိရသည်။

အဆိုပါ စုပေါင်းသင်ယူလေ့လာမှုကို တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖျင်က ဦးစီးပြုလုပ်ရာတွင် မာ့က်စ်ဝါဒတရုတ်အသွင်ပုံစံကျအောင် ခေတ်နှင့်တပြေးညီဖြစ်စေရေးဆိုင်ရာ အခန်းကဏ္ဍသစ် ဖွင့်လှစ်ရန် အရေးကြီးသောတာဝန်သည် ယခုခေတ်တရုတ်ကွန်မြူနစ်ပါတီဝင်များ၏ တည်ကြည်လေးနက်သော သမိုင်းပေး တာဝန်ဖြစ်ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံ အစီရင်ခံ စာတွင် သမိုင်းအတွေ့အကြုံများကို စုပေါင်းသုံးသပ်သည့် အခြေခံပေါ်တွင် သီအိုရီ တီထွင်ဆန်းသစ်မှု မြှင့်တင်ရန် သိပ္ပံနည်းကျသော နည်းလမ်းများကို တင်ပြပြီး ရှင်းလင်းဖော်ပြခြင်းမှာ ပါတီ၏ သီအိုရီ တီထွင်ဆန်းသစ်မှု ဆက်လက်မြှင့်တင်ရန်အတွက် အရင်းခံဦးတည်ချက်ကို ထောက်ပံ့ပေး၍ မိမိတို့အနေဖြင့် ကောင်းမွန်စွာ ကိုင်စွဲထားပြီး အသုံးပြုရန်လိုကြောင်း စသည်ဖြင့် အလေးထား ပြောကြားသွားခဲ့သည်။

ယင်းနှင့်ပတ်သက်၍ လုပ်ငန်းအကြံပြုချက်များကို တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပါတီဝန်ထမ်းကျောင်း ဒုတိယကျောင်းအုပ်ကြီး လီဝင်ထန်က ရှင်းလင်းဖော်ပြပြီး လုပ်ငန်းအကြံပြုချက်များကို တင်ပြခဲ့သလို ပါတီဗဟို ကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်များကလည်း ရှင်းလင်းဖော်ပြချက်ကို သေချာစွာ ကြားနာ၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပေကျင်း၊ ဇွန် ၃၀