【နိုင်ငံတကာ】ပါလက်စတိုင်း ပြဿနာ ဖြေရှင်းရန်အချက်သုံးချက်ကို တရုတ်သမ္မတ အဆိုပြု

【နိုင်ငံတကာ】ပါလက်စတိုင်း ပြဿနာ ဖြေရှင်းရန်အချက်သုံးချက်ကို တရုတ်သမ္မတ အဆိုပြု

တရုတ်နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော ပါလက်စတိုင်း သမ္မတအာဘာ့စ်နှင့် တွေ့ဆုံသည့် ဇွန်လ ၁၄ ရက် ညနေပိုင်းတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က ပါလက်စတိုင်း ပြဿနာ ဖြေရှင်းရန် အချက် သုံးချက်ကို အဆိုပြုခဲ့ကြောင်း China Media Group သတင်းတွင် ဖော်ပြချက်အရ သိရသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ပါလက်စတိုင်း သမ္မတ အာဘာ့စ်တို့ ပြည်သူ့ ခန်းမဆောင်ကြီး၌ တွေ့ဆုံခဲ့ကြပြီး ယခုလို အဆိုပြုဆွေးနွေးခဲ့ကြခြင်းလည်း ဖြစ်သည်။

ထိုအချက်များမှာ ပါလက်စတိုင်း ပြဿနာကို ဖြေရှင်းရန် အရင်းခံလမ်းကြောင်းမှာ ၁၉၆၇ ခုနှစ်က နယ်နမိတ်မျဉ်း ကြောင်းကို အခြေခံအဖြစ်ထားပြီး ဂျေရုဆလင်ကို မြို့တော်အဖြစ်ထားကာ၊ အချုပ်အခြာအာဏာကို လုံးဝ ပိုင်ဆိုင်၍ လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံကို တည်ထောင်ရမည်ဟူ၍လည်းကောင်း၊ ပါလက်စတိုင်း စီးပွားရေးနှင့် ပြည်သူ လူထု နေထိုင်မှုဘဝကို အာမခံပေးရမည်ဖြစ်ပြီး နိုင်ငံတကာ မိသားစုကြီးက ပါလက်စတိုင်းအား ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားချင်း စာနာထောက်ထားရေးဆိုင်ရာ ထောက်ပံ့မှုများကို တိုးမြှင့်ရမည်ဟူ၍လည်းကောင်း၊ ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးပွဲ၏ မှန်ကန်သော ဦးတည်ချက်ကို စွဲကိုင်ရမည်ဟူ၍ လည်းကောင်း စသည့်အချက်တို့ကို အဆိုပြုဆွေးနွေး ခဲ့ခြင်းလည်း ဖြစ်ကြောင်း သိရသည်။

ပေကျင်း၊ ဇွန် ၁၄