【နိုင်ငံတကာ】ယန်ဇီမြစ်ကြောင်း စီးပွားရေးခါးပတ် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုကောင်းမွန်စွာ ပံ့ပိုးကူညီဖို့နဲ့ တရုတ်ပုံစံ ခေတ်မီအောင် ဆောင်ရွက်နိုင်ဖို့ တရုတ်သမ္မတ ပြောကြား

【နိုင်ငံတကာ】ယန်ဇီမြစ်ကြောင်း စီးပွားရေးခါးပတ် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုကောင်းမွန်စွာ ပံ့ပိုးကူညီဖို့နဲ့ တရုတ်ပုံစံ ခေတ်မီအောင် ဆောင်ရွက်နိုင်ဖို့ တရုတ်သမ္မတ ပြောကြား

တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟို‌ကော်မတီ၊ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်သမ္မတနဲ့ ဗဟိုစစ်ကော်မရှင် ဥက္ကဌဖြစ်သူ ရှီကျင့်ဖျင်ဟာ အောက်တိုဘာလ ၁၂ ရက်နေ့က ကျင်းပခဲ့တဲ့ ယန်စီမြစ်ကြောင်း စီးပွားရေးခါးပတ်အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ရေးဆိုင်ရာ စာတမ်းဖတ်ပွဲကို တက်ရောက်ကာ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။သမ္မတ ရှီက အဆိုပါစာတမ်းဖတ်ပွဲမှာ အရေးကြီးမိန့်ခွန်းကိုလည်း ပြောကြားခဲ့ပါတယ်။
ဖွံ့ဖြိုးတိုးတက်မှု အယူအဆသစ်ကို အပြည့်အဝ တိကျစွာနဲ့ ပြည့်စုံစွာ အကောင်အထည်ဖော်ရန် လိုအပ်ပါကြောင်း၊ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ဖို့နဲ့ အကြီးစား ဖွံ့ဖြိုးတိုးတက်မှုတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရန် လိုအပ်ကြောင်း၊ ဂေဟဗေဒဆိုင်ရာ ဦးစားပေးမှုနဲ့ စိမ်းလန်းတဲ့ ဖွံ့ဖြိုးတိုးတက်မှုတို့ကို အထူးလိုက်နာရန် လိုအပ်ကြောင်း၊ သိပ္ပံနဲ့ နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုကို ဆောင်ရွက်ရန် လိုအပ်ပါကြောင်းနဲ့ ယန်ဇီမြစ် စီးပွားရေး ခါးပတ်အတွက် ပိုမိုကောင်းမွန်တဲ့ တရုတ်ပုံစံ ခေတ်မီ‌ရေးကို ဆောင်ရွက်ဖို့ လိုအပ်ကြောင်းလည်း တရုတ် သမ္မတ ရှီကျင့်ဖျင်က မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
 
ပေကျင်း၊ အောက်တိုဘာ ၁၅