【နိုင်ငံတကာ】ရှီကျင့်ဖျင်နှင့် ရာမာဖိုဆာတို့သည် တရုတ်-အာဖရိက ခေါင်းဆောင်များ ဆွေးနွေးပွဲကို ပူးတွဲကြီးမှူးကျင်းပ

【နိုင်ငံတကာ】ရှီကျင့်ဖျင်နှင့် ရာမာဖိုဆာတို့သည် တရုတ်-အာဖရိက ခေါင်းဆောင်များ ဆွေးနွေးပွဲကို ပူးတွဲကြီးမှူးကျင်းပ

 တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင် နှင့် တောင်အာဖရိကနိုင်ငံသမ္မတ ရာမာဖိုစာတို့သည် ဂျိုဟန်နစ္စဘတ်မြို့တွင် တရုတ်- အာဖရိကခေါင်းဆောင်များဆွေးနွေးပွဲကို သြဂုတ်လ ၂၄ရက်နေ့ ညက ပူးတွဲကြီးမှူးကျင်းပခဲ့ကြောင်း China Media Group သတင်းဌာနကဖော်ပြခဲ့ပါတယ်။
 
 သမ္မတရှီကျင့်ဖျင်သည် ခေတ်မီရေးလုပ်ငန်းများကို လက်တွဲတွန်းအားပေးပြီး တရုတ်- အာဖရိကသာယာသောအနာဂတ်ကို အတူဖန်တီးခြင်းဟူသောခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားခဲ့ပါတယ်။သမ္မတရှီကျင့်ဖျင်က လာမည့်အချိန်ကာလတွင် တရုတ်-အာဖရိကလက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ အာဖရိကတစ်ပြေးညီဖြစ်ရေးနှင့် ခေတ်မီရေးလုပ်ငန်းများကိုအထောက်အကူပြုရေးနှင့် ပတ်သက်၍ ဆောင်ရွက်ချက် ၃ ခု တင်ပြခဲ့ပါတယ်။ 
 
ပထမအနေနှင့် တရုတ်နိုင်ငံသည် အာဖရိက၏ စက်မှုလုပ်ငန်းထွန်းကားစေရေးကိုထောက်ခံရန် အဆိုပြုချက် တင်ပြရန် ဆန္ဒရှိခြင်းဖြစ်ပါသည်။ ဒုတိယအနေနှင့် တရုတ်နိုင်ငံသည် အာဖရိက၏ လယ်ယာစိုက်ပျိုးရေးခေတ်မီရေးတွင် တရုတ်နိုင်ငံမှ အထောက်အကူပြုရန်စီမံကိန်းကိုအကောင်အထည်ဖော်ရန် ဆန္ဒရှိခြင်းဖြစ်ပါတယ်။ တတိယအနေနှင့် တရုတ်နိုင်ငံသည် တရုတ်-အာဖရိက လူချွန်လူကောင်းများ  ပြုစုပျိုးထောင်မှုပူးပေါင်းဆောင်ရွက်ရန် စီမံကိန်းကို အကောင်အထည်ဖော်ရန် ဆန္ဒရှိခြင်းဖြစ်ပါတယ်။ 
 
အာဖရိကခေါင်းဆောင်များသည် တရုတ်-တောင်အာဖရိက နှစ်နိုင်ငံပူးတွဲဦးစီးကျင်းပသော ယခုအကြိမ် တရုတ်-အာဖရိကခေါင်းဆောင်များဆွေးနွေးပွဲကို တန်ဖိုးထားချီးကျူးခဲ့ကြပါတယ်။
 
ဆွေးနွေးပွဲတွင် တရုတ်-အာဖရိကခေါင်းဆောင်များ ဆွေးနွေးပွဲ ပူးတွဲကြေညာစာတမ်းကို အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ တရုတ်နိုင်ငံသည် အာဖရိက၏ စက်မှုလုပ်ငန်းထွန်းကားစေရေးထောက်ခံရန် အဆိုပြုချက်၊ အာဖရိက၏ လယ်ယာစိုက်ပျိုးရေးခေတ်မီရေးကို တရုတ်နိုင်ငံမှ အထောက်အကူပြုရေး စီမံကိန်းနှင့် တရုတ်-အာဖရိက လူချွန်လူကောင်းများ ပြုစုပျိုးထောင်မှု ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းကိုလည်း ထုတ်ပြန်ခဲ့ကြောင်း China Media Group သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
 
ဂျိုဟန်နစ္စဘတ်ချ် ၊ ဩဂုတ် ၂၅