【နိုင်ငံတကာ】ရှီကျင့်ဖျင်သည် ဆော်လမွန်ကျွန်းစုနိုင်ငံ ဝန်ကြီးချုပ် Manasseh Sogavare နှင့် တွေ့ဆုံနှုတ်ဆက်

【နိုင်ငံတကာ】ရှီကျင့်ဖျင်သည် ဆော်လမွန်ကျွန်းစုနိုင်ငံ ဝန်ကြီးချုပ် Manasseh Sogavare နှင့် တွေ့ဆုံနှုတ်ဆက်

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် ဇူလိုင်လ ၁၀ရက်နေ့ ညနေပိုင်းက ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီးတွင် တရားဝင် အလည်အပတ် ရောက်ရှိလာသော ဆော်လမွန်ကျွန်းစုနိုင်ငံဝန်ကြီးချုပ် Manasseh Sogavareနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း China Media Group သတင်းတွင် ဖော်ပြထားသည်။

နှစ်ဖက်တို့က တရုတ်နှင့် ဆော်လမွန်ကျွန်းစုနိုင်ငံတို့သည် ခေတ်ကာလသစ်တွင် အပြန်အလှန် လေးစားပြီး အတူတကွ ဖွံ့ဖြိုးတိုးတက်ကြသော ဘက်စုံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံမှုကို တရားဝင် တည်ဆောက်ကြောင်း အတူကြေညာခဲ့ကြသည်။

ရှီကျင့်ဖျင်က တရုတ်နှင့် ဆော်လမွန်ကျွန်းစုနိုင်ငံအကြား သံတမန်ဆက်ဆံရေး ထားရှိခဲ့ခြင်းသည် ခေတ်ရေစီးကြောင်းနှင့် လိုက်လျောညီထွေဖြစ်ပြီး နိုင်ငံတကာ အခြေအနေနှင့် ကိုက်ညီကာ နှစ်နိုင်ငံ ပြည်သူများ၏ အခြေခံ အကျိုးစီးပွားနှင့်လည်း ကိုက်ညီ၍ မှန်ကန်သော ရွေးချယ်မှု ဖြစ်ကြောင်း၊ တရုတ်ပြည်အနေနှင့် ဆော်လမွန်ကျွန်းစု နိုင်ငံနှင့် မဟာဗျူ ဟာ ကူးလူးဆက်ဆံမှုကို အားဖြည့်ပြုလုပ်ပြီး နယ်ပယ် အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေကာ နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံမှုကို ပိုမိုကောင်းမွန်စေရန်၊ ရေရှည်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နှစ်နိုင်ငံ ပြည်သူများအတွက် ချမ်းသာသုခများကို ပိုမိုကောင်းမွန်စွာ ဖန်တီးပေးရန် တွန်းအားပေးလိုကြောင်း ပြောကြားခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

Manasseh Sogavareကလည်း ဆော်လမွန်ကျွန်းစုနိုင်ငံသည် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူကို ခိုင်မာပြတ် သားစွာ စွဲကိုင်ထားပြီး တရုတ်ပြည်နှင့် အဆင့်မြင့် ကူးလူးဖလှယ်မှုကို ရင်းနှီးစွာ ပြုလုပ်ကာ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ ယဉ်ကျေးမှုနှင့် ဒေသန္တာရ စသည့် နယ်ပယ်များတွင် ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်၍ ရာသီဥတုပြောင်းလဲမှုစသည့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို အတူရင်ဆိုင်ပြီး ဆော်လမွန် ကျွန်းစု-တရုတ် ဘက်စုံ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံမှုကို ရှေ့သို့ အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးလိုကြောင်း ပြောကြားခဲ့သည်ဟု China Media Group သတင်းတွင် ဖော်ပြချက်အရ သိရသည်။

ပေကျင်း၊ ဇူလိုင် ၁၁