【နိုင်ငံတကာ】ရှီကျင့်ဖျင်သည် ဗဟိုပြုပြင်ပြောင်းလဲမှုဘက်စုံဇောက်ချ ပြုလုပ်ရေးကော်မရှင် ဒုတိယအကြိမ် အစည်းအဝေးကို ကြီးမှူးကျင်းပ

【နိုင်ငံတကာ】ရှီကျင့်ဖျင်သည် ဗဟိုပြုပြင်ပြောင်းလဲမှုဘက်စုံဇောက်ချ ပြုလုပ်ရေးကော်မရှင် ဒုတိယအကြိမ် အစည်းအဝေးကို ကြီးမှူးကျင်းပ

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီအထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံသမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗဟိုပြုပြင်ပြောင်းလဲမှုဘက်စုံဇောက်ချပြုလုပ်ရေးကော်မရှင် ဥက္ကဋ္ဌရှီကျင့်ဖျင်သည် ဇူလိုင်လ ၁၁ ရက်နေ့ ညနေပိုင်းတွင် ဗဟိုပြုပြင်ပြောင်းလဲမှုဘက်စုံဇောက်ချ ပြုလုပ်ရေးကော်မရှင် ဒုတိယအကြိမ်အစည်း အဝေးကိုကြီးမှူးကျင်းပခဲ့ကြောင်း China Media Group သတင်းတွင် ဖော်ပြချက်အရ သိရသည်။

အစည်းအဝေးတွင် အရည်အသွေးပိုမိုမြင့်မားသော တံခါးဖွင့် စီးပွားရေးစနစ်သစ်ကို တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးအခြေအနေသစ် တည်ဆောက်မှုတိုးမြှင့်ရေးဆိုင်ရာလမ်းညွှန်ချက်စာတမ်း၊ ကျေးလက်ဒေသပြုပြင် ပြောင်းလဲရေးဖော်ဆောင်မှု ဇောက်ချပြုလုပ်ရေးအစီအစဉ်စသည့် စာတမ်းများကိုစိစစ် အတည်ပြုခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ရှီကျင့်ဖျင်က အရည်အသွေးပိုမိုမြင့်မားသော တံခါးဖွင့် စီးပွားရေးစနစ်သစ်ကို တည်ဆောက်ရေး သည် တံခါးဖွင့်ရေးဖြင့် ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရန်အတွက် မဟာဗျူဟာမြောက် ဆောင်ရွက်ချက်ပင် ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးအခြေအနေသစ် တည်ဆောက်မှုအားအကျိုး ဆောင်ပေးခြင်းကို ဝိုင်းဝန်းပြီးစနစ်ဆိုင်ရာ တံခါးဖွင့်ရေးကို အဓိကထားဆောင်ရွက်ကာ ရင်းနှီးမြှုပ်နှံရေး၊ ကုန်သွယ်ရေး၊ ငွေရေးကြေးရေး၊ ဆန်းသစ်တီထွင်ရေးစသည့် နိုင်ငံခြားနှင့် ကူးလူးဆက်ဆံ၊ ပူးပေါင်းဆောင်ရွက်ရေး အဓိက နယ်ပယ်များ၌ စနစ်ဆိုင်ရာပြုပြင်ပြောင်းလဲရေးကို အလေးထားဖော်ဆောင်၍ တရုတ်နိုင်ငံ၏ တံခါးဖွင့်ရေး အရည်အချင်းကို အဆင့်မြှင့်တင်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရသည်။

ပေကျင်း၊ ဇူလိုင် ၁၂