【နိုင်ငံတကာ】သမ္မတရှီကျင့်ဖျင် တရုတ်နိုင်ငံ အရှေ့မြောက်ဒေသ အပြည့်အဝပြန်လည်ရှင်သန်ရေး ဆွေးနွေးပွဲတွင် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်

【နိုင်ငံတကာ】သမ္မတရှီကျင့်ဖျင်  တရုတ်နိုင်ငံ အရှေ့မြောက်ဒေသ အပြည့်အဝပြန်လည်ရှင်သန်ရေး ဆွေးနွေးပွဲတွင် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်

ခေတ်သစ်တွင်တရုတ်ပြည်အရှေ့မြောက်ဒေသရဲ့ ဘက်စုံပြန်လည်ရှင်သန်ရေးကို မြှင့်တင်ရေး၊အောင်မြင်မှု အသစ်တွေရရှိဖို့ မူဝါဒတွေနဲ့ အစီအမံချမှတ်ခြင်းစတဲ့ သဘောထားအမြင်တွေကို ပြန်လည်သုံးသပ်ဖို့

တရုတ်ကွန်မြူနစ်ပါတီ (CPC) ရဲ့ နိုင်ငံရေးဗျူရို၊ ဗဟိုကော်မတီ အစည်းအဝေးကို အောက်တိုဘာ ၂၇ ရက်က ခေါ်ယူခဲ့ပါတယ်။

အဆိုပါအစည်းအဝေးမှာ CPC ဗဟိုကော်မတီရဲ့ နိုင်ငံရေးဗျူရို ဥက္ကဋ္ဌအဖြစ် တရုတ်သမ္မတ ရှီကျင့်ဖျင်က ဆောင်ရွက်ခဲ့တယ်လို့ ဆင်ဟွာသတင်းမှာ ဖေါ်ပြထားပါတယ်။ တစ်ဆက်တည်းမှာပဲ တရုတ်နိုင်ငံ အရှေ့မြောက်ဒေသ ပြန်လည်ရှင်သန်ရေး မြှင့်တင်မှုဟာ ပါတီဗဟိုကော်မတီရဲ့ အဓိက မဟာဗျူဟာ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ အစည်းအဝေးမှာအလေးပေး ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အရှေ့မြောက်ဒေသဟာ ကြွယ်ဝတဲ့ အရင်းအမြစ်တွေ၊ ခိုင်မာတဲ့ စက်မှုအခြေခံအုတ်မြစ်တွေ၊ ထူးခြားတဲ့ ပထဝီဝင်တည်နေရာ အားသာချက်တွေနဲ့ ကြီးမားတဲ့ ဖွံ့ဖြိုးတိုးတက်မှု အလားအလာတွေရှိပြီး တိုင်းပြည် တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးတဲ့ ဗျူဟာမြောက် အနေအထားမှာရှိနေတယ်လို့ ဆိုပါတယ်။

ယခုနှစ်ဟာ တရုတ်နိုင်ငံ အရှေ့မြောက်ဘက် ပြန်လည်ရှင်သန်ရေး မဟာဗျူဟာကို အကောင်အထည်ဖော်မှု နှစ် ၂၀ ပြည့်ဖြစ်ပြီး ခေတ်သစ်ခရီးသစ်မှာ တရုတ်နိုင်ငံ အရှေ့မြောက်ဒေသ အပြည့်အဝ ပြန်လည်ရှင်သန်ရေးကို မြှင့်တင်ခြင်းနဲ့အတူ အခွင့်အလမ်းသစ်တွေနဲ့ ကြီးမားတဲ့အခွင့်အလမ်းတွေကို ရင်ဆိုင်ရမယ်လို့ ဆိုပါတယ်။

အဆိုပါအစည်းအဝေးမှာ အဓိကအနေနဲ့ တရုတ်နိုင်ငံ အရှေ့မြောက်ဘက် ကာကွယ်ရေး၊ စားနပ်ရိက္ခာ၊ ဂေဟစနစ်၊ စွမ်းအင်နဲ့ စက်မှုလုပ်ငန်းတွေမှာ တရုတ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို အကာအကွယ်ပေး ရေးအတွက် ခိုင်မာစေရေး ဆုပ်ကိုင်ထားရမှာဖြစ်တယ်လို့  အလေးပေးပြောကြားခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုနဲ့ဖွံ့ဖြိုးတိုးတက်မှုပုံစံသစ်ကို တည်ဆောက်ဖို့ မဟာဗျူဟာ ပန်းတိုင်ကို ခိုင်မာစွာ ဆုပ်ကိုင်ထားရမှာဖြစ်တယ်လို့လည်း ဖေါ်ပြထားပါတယ်။

ပေကျင်း အောက်တိုဘာ ၂၈