【နိုင်ငံတကာ】သီရီလင်္ကာသမ္မတနဲ့အဆင့်မြင့် အင်တာဗျူးပြုလုပ်

【နိုင်ငံတကာ】သီရီလင်္ကာသမ္မတနဲ့အဆင့်မြင့် အင်တာဗျူးပြုလုပ်

China Central Radio and Television ရဲ့ သတင်းထောက် Li Zhuo ဟာ သီရီလင်္ကာနိုင်ငံ မြို့တော်၊ ကိုလံဘိုသို့ ရောက်ရှိပြီး သီရီလင်္ကာသမ္မတ Wickremesinghe နဲ့ အထူးသီးသန့် အဆင့်မြင့် အင်တာဗျူးတစ်ခုကို အောက်တိုဘာ ၁၃ ရက်နေ့က လုပ်ဆောင်ခဲ့ပါတယ်။

သီရီလင်္ကာသမ္မတ Wickremesinghe က ခေတ်သစ် တရုတ်-သီရိလင်္ကာ ဆက်ဆံရေးအပေါ် ၎င်းအမြင်နဲ့ တရုတ်နိုင်ငံရဲ့ တတိယအကြိမ် “Belt and Road” နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ်အပေါ် အမြင်တို့ကို ပွင့်လင်းမြင်သာစွာ အင်တာဗျူးအတွင်း ဖြေကြားပေးခဲ့ပါတယ်။

နိုင်ငံတိုင်းဟာ ရာသီဥတုပြောင်းလဲမှုရဲ့ ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပြီး၊ စိမ်းလန်းတဲ့ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုကို အတူပူးပေါင်းတွန်းအားပေးဆောင်ရွက်ဖို့ လိုအပ်တယ်လို့ Wickremesinghe ဆိုပြီး၊ ကြီးမားတဲ့ ကမ္ဘာ့စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့အတွက် “Belt and Road” နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွင် အတူပါဝင်ခြင်းဖြင့် အဖြေရှာရန် မျှော်လင့်ထားကြောင်းလည်း သီရီလင်္ကာသမ္မတက ဖြေကြားပေးခဲ့ပါတယ်။

ပေကျင်း၊ အောက်တိုဘာ ၁၄