【နိုင်ငံတကာ】အလုပ်သမားလူတန်းစားများသည် ပါတီနဲ့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့မှာ အဓိကအင်အားစုအဖြစ် ပါဝင်ဟု ရှီကျင့်ဖျင်ပြော

【နိုင်ငံတကာ】အလုပ်သမားလူတန်းစားများသည် ပါတီနဲ့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့မှာ အဓိကအင်အားစုအဖြစ် ပါဝင်ဟု ရှီကျင့်ဖျင်ပြော

တရုတ်နိုင်ငံရဲ့ အလုပ်သမားလူတန်းများသည် ပါတီနဲ့နိုင်ငံဖွံ့ဖြိုးတိုးရေးတို့အတွက် အဓိကအင်အားစုများအဖြစ် ပါဝင်ခဲ့တယ်လို့ တရုတ်သမ္မတရှီကျင့်ဖျင်က ပြောကြားခဲ့ပါတယ်။

CPC ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖျင်က  တရုတ် နိုင်ငံလုံးဆိုင်ရာ ဖက်ဒရေးရှင်းရဲ့ ခေါင်းဆောင်မှုအဖွဲ့သစ်အဖွဲ့ဝင်များနဲ့ အောက်တိုဘာ ၂၃ ရက်နေ့က Zhongnanhai မှာ  တွေ့ဆုံအစည်းအဝေး၌ မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

နိုင်ငံရဲ့ အဓိကလုပ်ငန်းတွေဖြစ်တဲ့  စီးပွားရေးတည်ဆောက်မှု၊ သိပ္ပံနဲ့နည်းပညာဆန်းသစ်တီထွင်မှု၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနဲ့ ကျေးလက်ဒေသပြန်လည်ထူထောင်ရေး ၊ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး ၊ အရေးပေါ်ကယ်ဆယ်ရေး ၊ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးနဲ့ ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတွေမှာ ကြီးမားတဲ့တာဝန်တွေကို အလုပ်သမားထုတွေက ထမ်းဆောင်ခဲ့ကြတယ်လို့ သမ္မတရှီကျင့်ဖျင်က ဆက်လက် ပြောပါတယ်။

များစွာသော အလုပ်သမားထုအနေနဲ့ ပါတီအတွင်း စည်းလုံးညီညွတ်ကြပြီး ပါတီရဲ့ ဗဟိုတာဝန်များ၊ ဖွံ့ဖြိုးတိုးတက်ရေးပုံစံသစ်တွေကို တည်ဆောက်ရန်နဲ့ တီထွင်ဖန်တီးနိုင်မှု အလားအလာကောင်းတွေကို ကျွမ်းကျင်မှုနဲ့ ယှဉ်ပြိုင်မှုပုံစံ အမျိုးမျိုးတွေကို ဆက်လက်ဆောင်ရွက်သွားဖို့ သမ္မတရှီကျင့်ဖျင်က တိုက်တွန်းခဲ့ပါတယ်။

ပေကျင်း၊ အောက်တိုဘာ ၂၄