【နိုင်ငံတကာ】အီဂျစ်အထူးပြပွဲကို ကိုင်ရိုမြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာတွင် ကျင်းပခဲ့

【နိုင်ငံတကာ】အီဂျစ်အထူးပြပွဲကို ကိုင်ရိုမြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာတွင် ကျင်းပခဲ့

တရုတ်ဗဟိုရေဒီယိုနဲ့ ရုပ်မြင်သံကြားဌာနရဲ့ "Why Civilization"  ကမ္ဘာလုံးဆိုင်ရာ ခရီးသွားပြပွဲ၊ အီဂျစ်အထူးပြပွဲ ဖွင့်ပွဲအခမ်းအနားကို ကိုင်ရိုမြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာ၌ အောက်တိုဘာ ၂၆ ရက် က ကျင်းပခဲ့ပါတယ်။

ရှည်လျားလှတဲ့သမိုင်းမှာ တရုတ်ယဉ်ကျေးမှုနဲ့ ရှေးခေတ်အီဂျစ်ယဉ်ကျေးမှုတို့ အချင်းချင်းဖြည့်ဆည်းပေးကာ လူသားတွေရဲ့အရေးပါတဲ့ ယဉ်ကျေးမှုအတွက် ပံ့ပိုးကူညီမှုတွေ ပြုလုပ်နိုင်ခဲ့တယ်လို့ CPC ဗဟိုကော်မတီ၏ ဝါဒဖြန့်ချိရေးဌာန ဒုတိယ၀န်ကြီး Shen Haixiong က ပြောကြားခဲ့ပါတယ်။

"Why Civilization"   ကမ္ဘာလုံးဆိုင်ရာခရီးသွားပြပွဲ အီဂျစ်အထူးပြပွဲကို China Central Radio နဲ့ Television Middle East Station တို့အပါအဝင် အီဂျစ်ရှိ China Cultural Center တို့မှ ပူးပေါင်း ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါအထူးပြပွဲကို အောက်တိုဘာ ၂ ရက်ကနေ နိုဝင်ဘာ ၂ ရက်အထိ ပြသခဲ့ပြီး မိတ်ဆက်ပွဲအခမ်းအနားကို အီဂျစ်အမျိုးသားရုပ်မြင်သံကြား ဂြိုလ်တုချန်နယ်နဲ့ ချန်နယ် 2၊ အီဂျစ်နိုင်းရုပ်မြင်သံကြား၊ အီဂျစ်နိုင်ငံရဲ့ "National Echo Network"  အပြင် အခြားပြည်တွင်း၊ပြည်ပ နိုင်ငံအများအပြားကလည်း ဖော်ပြခဲ့ပါတယ်။

ကိုင်ရို၊ အောက်တိုဘာ ၂၇