【နိုင်ငံတကာ】China Media Groupနှင့် ကမ္ဘာ့ပညာမူပိုင်ခွင့်အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်ချုပ်ဆို

【နိုင်ငံတကာ】China Media Groupနှင့် ကမ္ဘာ့ပညာမူပိုင်ခွင့်အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်ချုပ်ဆို

ပညာမူပိုင်ခွင့်ဆိုင်ရာ ကာကွယ်ရေး၊ သတင်းဖြန့်ချိရေးနှင့် သက်ဆိုင်ရာ နိုင်ငံတကာ ကူးလူးဆက်ဆံရေးစသည့် နယ်ပယ်များတွင် အားဖြည့် ပူးပေါင်းဆောင်ရွက်ရန် China Media Group နှင့် ကမ္ဘာ့ပညာ မူပိုင်ခွင့်အဖွဲ့တို့  ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချွန်လွှာကို အောက်တိုဘာလ ၂၆ ရက်နေ့က လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြကြောင်း သိရပါတယ်။ 
 
တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီပြန်ကြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး၊ China Media Groupဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံ၊ ကမ္ဘာ့ပညာမူပိုင်ခွင့်အဖွဲ့ ဒါရိုက်တာချုပ် ဒိန်ဟုန်စိန်တို့သည် နှစ်ဖက်စလုံးကို ကိုယ်စားပြုပြီး ယင်းသဘောတူစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။  ဂျီနီဗာရှိ ကုလသမဂ္ဂဌာနရုံးနှင့် ဆွစ်ဇာလန်ရှိ အခြားနိုင်ငံတကာ အဖွဲ့အစည်းများ ဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ သံအမတ်ကြီး ချင်ရွှိကလည်း လက်မှတ်ရေးထိုးပွဲကို တက်ရောက်ခဲ့ ကြောင်း သိရှိရပါတယ်။
 
ပေကျင်း၊အောက်တိုဘာ ၂၇