【နိုင်ငံတကာ】China Media Groupမှ “Journey Through Civilizations” အထူးပြပွဲ ကျင်းပ

【နိုင်ငံတကာ】China Media Groupမှ “Journey Through Civilizations” အထူးပြပွဲ ကျင်းပ

“Journey Through Civilizations” အထူးပြပွဲကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် အောက်တိုဘာလ ၂၆ ရက်နေ့က China Media Group နှင့် ဂျီနီဗာဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ်အဖွဲ့တို့ ပူးပေါင်းကာ ကျင်းပခဲ့ကြောင်း သိရပါတယ်။ 
 
အဆိုပါအခမ်းအနားသို့ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ပြန်ကြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီနှင့်  China Media Group ဥက္ကဋ္ဌ ဖြစ်သူ  ရှင့်ဟိုင်ရှုံ၊ ဂျီနီဗာရှိ ကုလသမဂ္ဂ ဌာနရုံးမှ ယဉ်ကျေးမှုရေးရာကော်မတီဥက္ကဋ္ဌ  Francesco Pisano၊ ဂျီနီဗာရှိ ကုလသမဂ္ဂ ဌာနရုံး နှင့် ဆွစ်ဇာလန်ရှိ နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ  တရုတ် အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ သံအမတ်ကြီး ချင်ရွှိတို့ တက်ရောက်ကာ အမှာစကား ပြောကြားခဲ့ကြောင်း သိရပါတယ်။ 
 
ယင်းအခမ်းအနားသို့   ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂဌာနရုံး လက်အောက်ရှိ ဒါရိုက်တာချုပ်ရုံးမှ နိုင်ငံရေးရေးရာနှင့် မိတ်ဖက် ဆက်ဆံမှု ဆိုင်ရာအထူးအကြံပေး အရာရှိ Lydia Grigorieva၊ ဂျီနီဗာရှိ ကုလသမဂ္ဂ၏ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဂျီနီဗာဆိုင်ရာ နိုင်ငံပေါင်း ၃၀ ကျော်မှ အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါတယ်။
 
ပေကျင်း၊ အောက်တိုဘာ ၂၇