【နိုင်ငံတကာ】China Media Group နဲ့ နိုင်ငံတကာ အိုလံပစ်ကော်မတီတို့ ပူးပေါင်းဆောင်ရွက်ရေး စာချွန်လွှာတွင်လက်မှတ် ရေးထိုး

【နိုင်ငံတကာ】China Media Group နဲ့ နိုင်ငံတကာ အိုလံပစ်ကော်မတီတို့ ပူးပေါင်းဆောင်ရွက်ရေး စာချွန်လွှာတွင်လက်မှတ် ရေးထိုး

China Media Group (CMG) နဲ့  နိုင်ငံတကာအိုလံပစ်ကော်မတီ (IOC) တို့ ပူးပေါင်းပြီး အိုလံပစ်အားကစား ပြိုင်ပွဲများတွင် နက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်ရေးနိုင်ရေးအတွက် နားလည်မှုစာချွန်လွှာတစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့ကြတယ်လို့ CGTN သတင်းတစ်ပုဒ်မှ သိရပါတယ်။

အခုလိုလက်မှတ်ရေးထိုးရာမှာ China Media Group (CMG) ဥက္ကဌ Shen Haixiong နဲ့ နိုင်ငံတကာ အိုလံပစ် ကော်မတီ (IOC) ဥက္ကဌ Thomas Bach တို့နှစ်ဦးက ဆွစ်ဇာလန်နိုင်ငံ Lausanne မြို့မှာရှိတဲ့ IOC ရုံးချုပ်မှာ နားလည်မှုစာချွန်လွှာ (MoU) အသစ်ကိုရေးထိုးခဲ့ကြတာလို့ ဖေါ်ပြကြပါတယ်။

ဒီလို (MoU) အသစ်ရေးထိုးလိုက်တာဟာ အိုလံပစ်အားကစားပြိုင်ပွဲတွေအတွင်း လွှမ်းခြုံမှုနဲ့ အိုလံပစ် ယဉ်ကျေးမှုမြှင့်တင်ရေးတို့မှာ အဖွဲ့အစည်းနှစ်ရပ်အကြားပူးပေါင်းဆောင်ရွက်ရေးကို နက်ရှိုင်းစေမှာဖြစ်တယ်လို့ သိရပါတယ်။

ထို့အတူ ပဲရစ်အိုလံပစ်အားကစားပြိုင်ပွဲအတွက်အဓိက ထုတ်လွှင့်သူဖြစ်လာဖို့ မေလအစောပိုင်းမှာ CMG အနေနဲ့ IOC ရဲ့ အိုလံပစ်အသံလွှင့်ဝန်ဆောင်မှု  Olympic Broadcasting Services (OBS) နဲ့ MoU လက်မှတ် ရေး ထိုးခဲ့တယ်လို့လည်း ဆိုပါတယ်။

တစ်ချိန်တည်းမှာဘဲ အိုလံပစ်အဓိကပွဲ(၄) ခုဖြစ်တဲ့ ဂျွမ်းဘား၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်နှင့် တောင်တက် အားကစားပွဲတွေရဲ့ နိုင်ငံတကာ လူထု signals တွေအတွက် ထုပ်လွှင့်ရေး တာဝန် ရယူနိုင်ခဲ့တယ် လို့လည်း CGTN ကဖေါ်ပြပါတယ်။

အခုအခါမှာတော့ CMG အနေနဲ့ ပဲရစ် ၂၀၂၄ အိုလံပစ်ကျင်းပရေးကော်မတီနဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့တာလည်းဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ ဥက္ကဌ Shen က  ‘’ CMG ရဲ့ အိုလံပစ်ချန်နယ်ကို လွှင့်တင်တာ ၂ နှစ်ပြည့် နှစ်ပတ်လည် ဖြစ်ခဲ့ပြီဖြစ်ပြီး ထိုအချိန်တွင် Mou လုပ်ဆောင်ချက်က အိုလံပစ်ယဉ်ကျေးမှုကို မြှင့်တင်ရန် အရေးကြီးတဲ့ ပလက်ဖောင်းတစ်ခု ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

ထို့အတူ CMG အနေနဲ့ IOC နဲ့ ပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်ဖို့ ဆန္ဒရှိနေပြီး ရုပ်သံလွှင့်မှု နည်းပညာဆန်း သစ်တီထွင်မှု နှင့် e-sports ဂိမ်းများအပြင် မျိုးဆက်သစ်လူငယ်များအတွက် စျေးကွက်ချဲ့ထွင်တာတွေမှာလည်း ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လူသားမျိုးနွယ်အတွက် မျှဝေထားတဲ့ အနာဂတ်ကို တည်ဆောက်ရေးမှာ အထောက်အကူဖြစ်စေဖို့ မျှော်လင့်တယ်လို့ CGTN ကဖေါ်ပြထားပါတယ်။

Lausanne ၊ အောက်တိုဘာ -၂၈