【နိုင်ငံတကာ】CMG နှင့်Belt and Road မိတ်ဖက်နိုင်ငံများ၏ မီဒီယာများကြား ပူးပေါင်းဆောင်ရွက်မှု စတင်

【နိုင်ငံတကာ】CMG နှင့်Belt and Road မိတ်ဖက်နိုင်ငံများ၏ မီဒီယာများကြား ပူးပေါင်းဆောင်ရွက်မှု စတင်

နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးတွင် အရေးပါသော တတိယမြောက် Belt and Road ဖိုရမ် နီးကပ်လာသည်နှင့်အမျှ China Media Group (CMG) နှင့် BRI တွင်ပါဝင်သော မိတ်ဖက်နိုင်ငံများမှ မီဒီယာများကြား ပူးပေါင်းဆောင်ရွက်မှု အဆင့်သစ်တစ်ခုကို အောက်တိုဘာ ၉ ရက်က ပေကျင်းတွင် စတင်ခဲ့သည်။

အခမ်းအနားတွင် ယဉ်ကျေးမှုများကြား အပြန်အလှန်သင်ယူမှုကို မြှင့်တင်ရန်အတွက် CMG နှင့် Belt and Road မိတ်ဖက်နိုင်ငံများ မီဒီယာများ၏ ပူးတွဲအစပြုမှုကို ထုတ်ဖော်ပြသခဲ့သည်။

အဆိုပါ ပူးပေါင်းဆောင်ရွက်မှုသည် မီဒီယာကတိကဝတ်များဖြင့် ကမ္ဘာလုံးဆိုင်ရာစံတန်ဖိုးများ သယ်ဆောင်လာသူများအဖြစ်လည်းကောင်း၊  မတူကွဲပြားသော ကမ္ဘာ့ယဉ်ကျေးမှုများကို အကာအကွယ်ပေးသူများအဖြစ်လည်း‌ကောင်း၊ ပြည်သူများအကြား ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရာ တွင် ခေါင်းဆောင်များအဖြစ်လည်းကောင်း ထင်ဟပ်စေသည်ဟုဆိုသည်။

ယင်းအခမ်းအနားသို့ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၏ ပြန်ကြားရေးဌာန ဒုတိယ၀န်ကြီးနှင့်  China Media Group (CMG)  ဥက္ကဋ္ဌနှင့် အယ်ဒီတာချုပ်ဖြစ်သူ ရှန်ဟိုင်ရှုံ ၊ ကာဇက်စတန်သမ္မတနိုင်ငံ ယဉ်ကျေးမှုနှင့် ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ ပြန်ကြားရေးကော်မတီ ဥက္ကဋ္ဌနာဆာအာလီအဲလ်ဒိုဘီဂူ့ဒီဗက်ချ်  ၊တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဒုတိယဝန်ကြီး ရိုကွမ် ၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊နိုင်ငံခြားတိုင်းပြည်များနှင့် ချစ်ကြည်ရေးဆိုင်ရာ အသင်းဥက္ကဋ္ဌ ရန်ဝမ်မင်း ၊ CMG ၏ဒုတိယဥက္ကဋ္ဌ ရှင်ဘိုနှင့် သက်ဆိုင်ရာနိုင်ငံများမှ သံတမန်များ၊  မီဒီယာကိုယ်စားလှယ်များတို့ စုပေါင်းကာ  Belt and Road မိတ်ဖက် နိုင်ငံများအတွက် CMG ၏ ပရီမီယံပရိုဂရမ်ကို ပြသသည့် ရုပ်သံပြပွဲကို စုပေါင်းဖွင့်လှစ်ခဲ့သည်။

ယခုအခမ်းအနားသည်  ယခုနှစ်တွင်ကျရောက်သော Belt and Road Initiative (BRI) ၏ ၁၀ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုခြင်းဖြစ်သည်။

China Media Group (CMG)  ဥက္ကဋ္ဌနှင့် အယ်ဒီတာချုပ်ဖြစ်သူ ရှန်ဟိုင်ရှုံက BRI ၏ ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်မှုသည် တရုတ်၏ အစပျိုးမှုမှ ကမ္ဘာလုံးဆိုင်ရာ သဘောတူညီမှုတစ်ခုသို့ ကူးပြောင်းသွားပြီဖြစ်ပြီး ယခုအခါ ၎င်းသည် သိသာထင်ရှားသော နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ပလပ်ဖောင်းတစ်ခုအဖြစ် အသွင်ပြောင်းကာ ကမ္ဘာလုံးဆိုင်ရာ အများပြည်သူကောင်းကျိုးကို ပြောင်းလဲသွားပြီဖြစ်ကြောင်း ပြောခဲ့သည်။

၎င်းက CMG သည် BRI တွင်  ပါဝင်သူ၊ လေ့လာသူနှင့် တင်ဆက်ပြောသူအဖြစ် တက်ကြွစွာ ပါဝင်ဆောင်ရွက်ပြီး နိုင်ငံပေါင်း ၁၅၁ နိုင်ငံရှိ မီဒီယာအဖွဲ့အစည်းပေါင်း ၆၈၂ နှင့် သတင်းဝန်ဆောင်မှု သဘောတူညီချက်များကို လက်မှတ်ရေးထိုးနိုင်ခဲ့ကာ "Silk Road" ပေါင်းစည်းထားသော ချိတ်ဆက်မှုအဖြစ် အသုံး ပြု၍ ကမ္ဘာ့ပထမဆုံး နိုင်ငံတကာ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားမီဒီယာမဟာမိတ်အဖွဲ့ကို ထူထောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ရှန်က  ပိုးလမ်းမတစ်လျှောက် ချစ်ကြည်ရင်းနှီးမှု တိုးပွားစေရန် မီဒီယာများ၏ တာဝန်များကို မျှဝေခြင်း၊ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးများမြှင့်တင်ရာတွင် ပါဝင်ခြင်း၊ လူသားမျိုးနွယ်အတွက် မျှဝေထားသော အနာဂတ်ကို ထူထောင်ခြင်း၊လူ့ယဉ်ကျေးမှု ပုံစံသစ်များ ကြွယ်ဝခြင်းနှင့် တိုးတက်မှုတို့အတွက် နိုင်ငံအသီးသီးမှ မီဒီယာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြောခဲ့သည်။

BRI ၏ ပူးပေါင်းဆောင်ရွက်ဖွံ့ဖြိုးတိုးတက်မှုသည် လူသားမျိုးနွယ်အတွက် မျှဝေထားသော အနာဂတ်နှင့်အတူ ကမ္ဘာ့အသိုက်အဝန်းကို တည်ဆောက်ရန် မြင်သာထင်သာသော အားထုတ်မှု စံနမူနာပြကြောင်း ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဒုတိယဝန်ကြီး ရိုကွမ်က ပြောကြားခဲ့ပြီး မကြာသေးမီနှစ်များအတွင်း ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဝန်ကြီးဌာနသည် ၎င်းတို့၏ နိုင်ငံတကာ ဆက်သွယ်ရေး စွမ်းရည်ကို မြှင့်တင်ရန် CMG နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ပြီးBRI တွင် တရုတ်နိုင်ငံ၏ ပါဝင်ပတ်သက်မှုနှင့် ပံ့ပိုးမှုများ၏ နောက်ခံအကြောင်းကို ထိထိရောက်ရောက် ထုတ်ဖော်ပြသရန် ရည်ရွယ်ထားကြောင်း ပြောခဲ့သည်။

ကာဇက်စတန်သမ္မတနိုင်ငံ ယဉ်ကျေးမှုနှင့် ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ ပြန်ကြားရေးကော်မတီ ဥက္ကဋ္ဌနာဆာအာလီအဲလ်ဒိုဘီဂူ့ဒီဗက်ချ်က ကာဇက်စတန်သည် Belt and Road Initiative ကို ထောက်ခံပြီး အကျိုးဖြစ်ထွန်းသည့် ကနဦးနိုင်ငံများထဲရှိနေပါကြောင်း ပြောခဲ့သည်။

လွန်ခဲ့သော ဆယ်စုနှစ်အတွင်း စီးပွားရေး၊ ကုန်သွယ်မှုနှင့် ယဉ်ကျေးမှု အပါအဝင် နယ်ပယ်အသီးသီးတွင် တရုတ်နှင့် ကာဇက်စတန်တို့ကြား အပြန်အလှန် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်တိုက် တိုးတက်လာခဲ့ကြောင်း ၎င်းက ပြောခဲ့သည်။

Belt and Road မိတ်ဖက်နိုင်ငံများအတွက် CMG ၏ ပရီမီယံအစီအစဉ်များ ပါဝင်သည့် ရုပ်သံလွှင့်ပြပွဲကို စတင်ဖွင့်လှစ်ပြီးနောက် ပရိုဂရမ် ၃၀ကျော်ကိုဘာသာစကား ၃၄ မျိုးဖြင့် BRI ပါ၀င်သောနိုင်ငံပေါင်း ၅၂ နိုင်ငံရှိ ရုပ်သံနှင့် မီဒီယာပလက်ဖောင်းများတွင် ယခုအောက်တိုဘာလမှစတင်ကာ ပြသရန်စီစဉ်ထားကြောင်း သိရသည်။

“ထာ၀ရ ဂန္ထဝင်များ”နှင့် “ပိုးလမ်းမကြီး၏ခေါ်သံ” ကဲ့သို့သော ဆွဲဆောင်မှုရှိသည့်ပရိုဂရမ်များသည် ပြည်သူများကြား ဆက်သွယ်မှုများမှဖြစ်လာသော ဇာတ်လမ်းများကို ပြောပြထားသည်။

ဤအစီအစဥ်များသည် တရုတ်ယဉ်ကျေးမှု နှင့် ကမ္ဘာတစ်ဝန်းမှ အခြားယဉ်ကျေးမှုများ ပေါင်းစပ်ခြင်း၏ စစ်မှန်သော တွေ့ကြုံမှုကို ပရိသတ်များအား ခံစားကြည့်ရှုနိုင်စေမည်ဖြစ်သည်။