【နိုင်ငံတကာ】New Development Bank ဥက္ကဋ္ဌ Dilma Rousseff အား သီးသန့်တွေ့ဆုံမေးမြန်းခြင်း

【နိုင်ငံတကာ】New Development Bank ဥက္ကဋ္ဌ Dilma Rousseff အား သီးသန့်တွေ့ဆုံမေးမြန်းခြင်း

BRICS နိုင်ငံခေါင်းဆောင်များ (၁၅) ကြိမ်မြောက်တွေ့ဆုံပွဲအား မကြာမီကျင်းပတော့မည်ဖြစ်ရာ New Development Bank ဥက္ကဋ္ဌ ၊ ဘရာဇီးနိုင်ငံ သမ္မတဟောင်း Dilma Rousseff က “အဆင့်မြင့်တွေ့ဆုံမေးမြန်းမှု” ၏ သီးသန့်တွေ့ဆုံမေးမြန်းမှုကို ဖြေကြားခဲ့ကြောင်း China Media Group သတင်းတွင် ဖော်ပြထားသည်။

Dilma Rousseff က နုနယ်သေး၍ ဆက်လက်တိုးတက်နေဆဲ New Development Bank သည် ဖွံ့ဖြိုးဆဲနိုင်ငံ များ အတွက် ဘဏ္ဍာကြေးငွေထည့်ဝင်ရန်ကြိုးပမ်းနေပြီး ကမ္ဘာ့နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်ကို တွန်းအားပေးဖော်ဆောင်သည့် ဆန်းသစ်တီထွင်သော ပြုပြင်ပြောင်းလဲမှုဖြစ်သည်ဟုဆိုသည်။

Dilma Rousseff က ယခင်ကသမ္မတ တာဝန်ထမ်းဆောင်ခဲ့ဖူးသဖြင့် သူမသည် မိမိအကဲဆတ်ပြီး ဘဏ်ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်နိုင်ခြင်းဖြစ်သည်ဟုယူဆသည်။ Dilma Rousseff ကလည်း BRICS ပူးပေါင်းဆောင်ရွက်မှု ယန္တရားသည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့်အကျိုးထမ်းဆောင်မှုကို မုချဆောင်ရွက်ပေးမည်ဟုလည်း အလေးထားပြောကြားခဲ့သည်။

Dilma Rousseff က ဒဏ်ခတ်အရေးယူမှုနှင့် ဘဏ္ဍာရေးတို့အား “လက်နက်အဖြစ်အသုံးပြုခြင်း” ကိုကန့်ကွက်ပြီး အမေရိကန်ဒေါ်လာ လက်ဝါးကြီးအုပ်မှုကိုရင်ဆိုင်ရာမှာ သူမက မိမိနိုင်ငံငွေကြေးဖြင့်စာရင်းရှင်းရန် အားပေးကြောင်း၊ သူမသည် တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုပပျောက်သည့် အတွေ့အကြုံကို အမှတ်ရနေပြီး စန်းကျန့်နှင့် ယန်အမ်းသို့သွား ရောက်လိုသည့်အပြင် တရုတ်နိုင်ငံ၌ဖြစ်ပွားသည့်အရာမှန်သမျှသည် လူသားအားလုံး၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးသက်ရောက်မှုရှိသည်ဟုယူဆကြောင်း ပြောကြားခဲ့သည်။

ပေကျင်း ၊ ဩဂုတ် ၂၀