【 နိုင်ငံတကာ အနုပညာ 】 ဂျပ်စတင်ဘီဘာက ဂျေဒန် စမစ်နှင့် ကို့ချဲလာဂီတပွဲတွင် ပြန်တွေ့စဉ် အနမ်းပေး

【 နိုင်ငံတကာ အနုပညာ 】 ဂျပ်စတင်ဘီဘာက ဂျေဒန် စမစ်နှင့် ကို့ချဲလာဂီတပွဲတွင် ပြန်တွေ့စဉ် အနမ်းပေး

လော့စ်အိန်ဂျလိစ်၊ ဧပြီ - ၁၆
 
ကို့ချဲလာဂီတပွဲတွင် ကလေးဘ၀ သူငယ်ချင်းများဖြစ်သော ဂျပ်စတင်ဘီဘာနှင် ဂျေဒန် စမစ်သည် ထို ဂီတပွဲတွင် လွန်ခဲ့သောရက်သတ္တပတ်ကုန်က ပြန်လည်တွေ့ဆုံခဲ့ပါတယ်။
 
@daydayred အကောင့်က ရိုက်ကူးထားသည် ဗီဒီယိုတွင် အသက် ၂၅ နှစ်အရွယ် စမစ်ကို အသက် ၃၀ အရွယ် ဘီဘာက ခါးမှ ဆုပ်ကိုင်ပြီး ကပြခဲ့ပါတယ်။ထို့နောက် ဘီဘာက စမစ်၏ ပါးကို နမ်းလိုက်လိုက်ပါတယ်။
 
ထိုပို့စ်ကို တင်သူက နောက်ပိုင်းတွင် ပရိုက်ဗိတ်လုပ်သည် (သို့မဟုတ်) ဖျက်ပစ်လိုက်ပါတယ်။
စမစ်နှင် ဘီဘာတို့သည် ဘီဘာ၏ ၂၀၁၀ ခုနှစ်က သီချင်း “Never Say Never” အတွက် ပူးပေါင်း ဆောင်ရွက်ကြပြီး ထိုသီချင်းသည် စမစ်၏ The Karate Kid အတွက် ဇာတ်ဝင်တေးဖြစ်လာပြီး ဘီဘာ၏ အလားတူအမည်ဖြင့် မှတ်တမ်းရုပ်ရှင်အတွက် အမည်အဖြစ် သုံးခဲ့ပါတယ်။
 
စိုးချစ်
သတင်းရင်းမြစ် - indy