【 နိုင်ငံတကာ အနုပညာ 】 ဒစ္စနေက ထရိုင်ယန်ကို ဒါရိုက်တာဘုတ်အတွင်း အနိုင်ရ

【 နိုင်ငံတကာ အနုပညာ 】 ဒစ္စနေက ထရိုင်ယန်ကို ဒါရိုက်တာဘုတ်အတွင်း အနိုင်ရ

နယူးယောက်၊ ဧပြီ - ၄

ဝေါ့ဒစ္စနေကုမ္ပဏီသည် ၎င်း၏ ဒါရိုက်တာ ဘုတ်အဖွဲ့ကို နယ်လ်ဆင် ပဲ့လ်ဇ် ရန်ပုံငွေ ထရိုင်ယန်ရန်ပုံငွေက စိန်ခေါ်မှုကို ရင်ဆိုင်ရန် လုံလောက်သော ရှယ်ယာပိုင်ရှင်များ၏ ထောက်ခံမှုရကြောင်း ထိုကိစ္စကို သိသူများက အင်္ဂါနေ့တွင် ပြောခဲ့ပါတယ်။

ဒစ္စနေဒါရိုက်တာဘုတ်အဖွဲ့ဝင်များအနေဖြင့် ထရိုင်ယန်မှ ယှဉ်ပြိုင်သူ ၂ ဦးကို ကာကွယ်ရန် လုံလောက်သော မဲကို အင်္ဂါနေ့ ညနေက ပေးခဲ့ပါတယ်။ထိုသို့ စိန်ခေါ်သူ ၂ ဦးတွင် ပဲ့လ်ဇ်နှင် ဒစ္စနေဘဏ္ဍာရေးအရာရှိချုပ်ဟောင်း ဂျေး ရပ်စူလိုတို့ ပါဝင်သည်ဟု သတင်းရင်းမြစ်များက ပြောပါတယ်။

အခြားရင်းနှီးမြုပ်နှံမှု ရန်ပုံငွေဖြစ်သည့် Blackwells Capital သည်လည်း ဒစ္စနေတွင် ဒါရိုက်တာဘုတ်အဖွဲ့ဝင် ၃ ဦးထားရန် ကြိုးစားမှုလည်း မအောင်မြင်ကြောင်း သတင်းရင်းမြစ်များက ပြောပါတယ်။

ထိုသို့ ဒါရိုက်တာဘုတ်အတွင်း အားပြိုင်မှု ရလဒ်ကို ဗုဒ္ဓဟူးနေ့ ရှယ်ရာရှင်များ အစည်းအဝေးတွင် ကြေညာမည်ဖြစ်ပြီး ထုံးစံအတိုင်း အချို့ရှယ်ယာရှင်များသည် မဲပြောင်းပေးနိုင်ပါတယ်။၎င်းတို့က တရားဝင်ရလဒ် မကြေညာမီ အမည်ထုတ်ဖော်ခြင်း မပြုရန် တောင်းဆိုထားပါတယ်။

သို့သော် ပဲ့လ်ဇ်က အောက်တိုဘာလ အစောပိုင်းတွင် ဘုတ်အဖွဲ့ဝင်ဖြစ်ရန် ကြိုးစားနေသည်ဟု ကြေညာပြီးနောက် ကုမ္ပဏီရှယ်ယာတန်ဖိုး ၅၀ ရာခိုင်နှုန်း တက်လာသောကြောင့် ထရိုင်ယန်သည် ဒစ္စနေမှ ဘဏ္ဍာရေးအမြတ်အစွန်း တောင်းခံနိုင်သေးပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - Reuters