【 နိုင်ငံတကာ အနုပညာ 】 မိုက်ကယ်ဂျက်ဆင်၏ အဓမ္မပြုကျင့်ခံရသူများက သူတို့၏ကိုယ်လုံးတီးပုံများကိုရရန် တရားစွဲ

【 နိုင်ငံတကာ အနုပညာ 】 မိုက်ကယ်ဂျက်ဆင်၏ အဓမ္မပြုကျင့်ခံရသူများက သူတို့၏ကိုယ်လုံးတီးပုံများကိုရရန် တရားစွဲ

နယူးယောက်၊ ဧပြီ - ၇
 
၎င်းတို့ကလေးဘဝက မိုက်ကယ်ဂျက်ဆင်၏ လိင်ပိုင်းထိပါးမှုခံရသည်ဟုဆိုသူ ၂ ဦးက တရားရုံးတွင် ထိန်းသိမ်းထားသည့် မိုက်ကယ်ဂျက်ဆင်၏ ကိုယ်လုံးတီးပုံများကို ဖော်ထုတ်ရန် အမှုသစ် စွဲဆိုသောကြောင့် ထိုဓာတ်ပုံများ လူသိရှင်ကြားဖြစ်လာနိုင်နေပြီ ဖြစ်ပါတယ်။
 
၁၉၈၀ ခုနှစ်များနှင့် ၁၉၉၀ ခုနှစ်များက သူတို့၏ကလေးဘဝတွင် မိုက်ကယ်ဂျက်ဆင်က ၎င်း၏ နဲဗားလန်းခြံနှင့် အခြားနေရာများတွင် ၎င်းတို့ကိုအကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သည်ဟုအသက် ၄၁ နှစ်အရွယ် ဝိတ်ဒ် ရော့ဆန်နှင့် အသက် ၄၆ နှစ်အရွယ် ဂျိမ်းဆေ့ချပ်တို့ ပြောခဲ့ပါတယ်။
 
၎င်းတို့နှစ်ဦးသည် ဂျက်ဆင်၏ ထုတ်လုပ်ရေး ကုမ္ပဏီများကို ယခင်ကလည်း တရားစွဲခဲ့ပြီး လွန်ခဲ့သောနှစ်တွင် အသစ်တဖန် ပြန်လည်အားထုတ်တာဖြစ်ပါတယ်။
 
ယခုအခါ ၎င်းတို့ ၂ ဦးသည် မိုက်ကယ်၏ ၂၀၀၅ ခုနှစ် ကလေးသူငယ်နှင့် လိင်ဆက်ဆံမှု စွဲချက် နှင့်ပတ်သက်သည့် အများပြည်သူမသိစေရန် ရဲတပ်ဖွဲ့က ပိတ်ပင်ထားသည့် မှတ်တမ်းများကို ရယူရန် ကြိုးစားနေပြီး ထိုအမှုသည် လာမည့်နှစ်တွင် တရားခွင် စတင်နိုင်ပါတယ်။
 
သို့သော် မိုက်ကယ်ဂျက်ဆင် ၂၀၀၉ ခုနှစ်တွင် သေဆုံးပြီးနောက် သူ၏ပိုင်ဆိုင်မှုများကို ထိန်း သိမ်းသည့် အဖွဲ့ကပိုင်သည့်  MJJ Productions နှင့် MJJ Ventures ၏ ဥပဒေကိုယ်စားလှယ်များက ထိုအမှုသည် မိုက်ကယ်ဂျက်ဆင်ကို ရဲတပ်ဖွဲ့က မှတ်တမ်းရိုက်ယူထားသည့် ကိုယ်လုံးတီးပုံများကိုရရှိရန် ကြိုးစားမှုဖြစ်ကြောင်း ပြောခဲ့ပါတယ်။
 
ထိုဓာတ်ပုံများ၏အသေးစိတ်များကို မသိရသော်လည်း လိင်ပိုင်းဆိုင်ရာ ထိပါးမှုများကို စုံစမ်းစစ်ဆေးသည့် ရဲအရာရှိများသည် စွပ်စွဲခံရသူ၏ကိုယ်လုံးတီးပုံများ လိင်အင်္ဂါပုံများကို ဓာတ်ပုံရိုက်ယူပြီး စွပ်စွဲသူ၏ ပြောဆိုချက် မှန်၊ မမှန် ထူးခြားသော အမှတ်အသားများနှင့် တိုက်ဆိုင်စစ်ဆေးလေ့ရှိကြပါတယ်။
 
စိုးချစ်
သတင်းရင်းမြစ် - The Mirror