【 နိုင်ငံတကာ အနုပညာ 】 ABBA အဖွဲ့၏ ဝါတာလူး သီချင်း နှစ် ၅၀ ပြည့်ပွဲ ကျင်းပ

【 နိုင်ငံတကာ အနုပညာ 】 ABBA အဖွဲ့၏ ဝါတာလူး သီချင်း နှစ် ၅၀ ပြည့်ပွဲ ကျင်းပ

လန်ဒန်၊ ဧပြီ - ၈

ဝါတာလူး သီချင်းဖြင့် ABBA အဖွဲ့ အောင်ပွဲခံခဲ့သည်မှာ နှစ်ပေါင်း ၅၀ ပြည့်ပြီဖြစ်ပါတယ်။

လွန်ခဲ့သော ရာစုနှစ်တစ်ဝက်က စနေနေ့တွင် ဆွီဒင်မှ ဂီတပညာရှင် ၄ ဦးအဖွဲ့သည် ၁၉၇၄ ခုနှစ် ယူရိုဗီးရှင်းသီချင်းပြိုင်ပွဲတွင် မြူးကြွသော အချစ်သီချင်းဖြင့် အောင်ပွဲခံခဲ့ပါတယ်။

“ဝါတာလူးမှာ နပိုလီယံ လက်နက်ချခဲ့တယ်။ငါလည်း အလားတူကံကြမ္မာကို ရင်ဆိုင်ခဲ့တယ်” ဟု ထိုသီချင်းတွင် ရေးသားထားပါတယ်။

ထိုသီချင်းသည် လန်ဒန်မြို့ ဝါတာလူး ဘူတာရုံတွင် ထပ်မံပျံ့လွင့်လာပါတယ်။

ပြင်သစ်ခေါင်းဆောင် နပိုလီယံကို ချေမှုန်းသည့် ၁၈၁၅ ခုနှစ် စစ်ပွဲကို အစွဲပြုပြီး ထိုဘူတာရုံကို ဝါတာလူး ဘူတာဟု အမည်ပေးထားပါတယ်။ထိုသီချင်းဖြင့် ဂီတအဖွဲ့တစ်ခုက ခရီးသွားများကို ဖျော်ဖြေခဲ့ပါတယ်။

၁၉၇၄ ခုနှစ်က ယူရိုဗီးရှင်း သီချင်းပြိုင်ပွဲ ကျင်းပသည့် ဗြိတိန် ကမ်းရိုးတန်းမြို့ ဘရိုက်တန်ပရိသတ်များက ကခုန်ပြီး ABBA ၏ ဒစ္စကိုသီချင်း နှစ် ၅၀ ပြည့် ကျင်းပကြပါတယ်။

ထိုယူရိုဗီးရှင်းအောင်ပွဲကြောင့် ABBA အဖွဲ့သည် ပေါ့ပ်တေးဂီတလောကတွင် အအောင်မြင်ဆုံး အဖွဲ့ဖြစ်ခဲ့ပြီး ထိုဥရောပတိုက် သီချင်းပြိုင်ပွဲတွင်လည်း အအောင်မြင်ဆုံးဖြစ်ခဲ့ပါတယ်။ ၆၈ ကြိမ်မြောက် ယူရိုဗီးရှင်းပြိုင်ပွဲကို ABBA ၏ မိခင်နိုင်ငံ ဆွီဒင်တွင် မေလတွင် ကျင်းပမည်ဖြစ်ပါတယ်။

လွန်ခဲ့သောနှစ်က ပြိုင်ပွဲတွင် ဆွီဒင်အဆိုတော် လော်ရင်းသည် “Tatoo” သီချင်းဖြင့် အနိုင်ရပြီးနောက် ယခုနှစ် ယူရိုဗီးရှင်းနောက်ဆုံးပြိုင်ပွဲကို မေလ ၁၁ ရက်နေ့တွင် မယ်လ်မိုမြို့တွင် ကျင်းပမည်ဖြစ်ပါတယ်။

ABBA ၏ ဒစ္စကို ပေါ့ပ်သီချင်းကို ကမ္ဘာတစ်ဝှမ်း ဓာတ်ပြား သန်းရာချီ ရောင်းခဲ့ရပါတယ်။

ထိုသီချင်းကို အခြေခံသည့် “Mamma Mia!” စင်တင်ဂီတပြဇာတ်သည် သက်တမ်း ၂၅ နှစ်ရှိပြီး ရုပ်ရှင်နှစ်ကား ရိုက်ခဲ့ရပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - Oregon Public Broadcasting