【 နိုင်ငံတကာ အနုပညာ 】 Netflix က အိုလီဗီယာ မာချယ်၏ ပြင်သစ်ရဲအက်ရှင်ကား Bastion 36 စီစဉ်နေ

【 နိုင်ငံတကာ အနုပညာ 】 Netflix က အိုလီဗီယာ မာချယ်၏ ပြင်သစ်ရဲအက်ရှင်ကား Bastion 36 စီစဉ်နေ

နယူးယောက်၊ ဧပြီ - ၂၆

ကျော်ကြားသော ပြင်သစ်ဒါရိုက်တာ အိုလီဗီယာ မာချယ်နှင့် အဓိကကျသည့် တတိယစီမံကိန်းတစ်ခုကို Netflix လုပ်ဆောင်နေပါတယ်။

Bastion 36 ဟု အမည်ပေးထားပြီး ဧပြီလတွင် စတင်ထုတ်လုပ်နေသည့် ထိုသည်းထိတ်ရင်ဖို ရုပ်ရှင်နှင့်ပတ်သက်ပြီး သိရှိထားသမျှ အကျဉ်းချုပ်ကို ဖော်ပြလိုက်ပါတယ်။

မစ်ချယ်တော်ရှား၏ Flic Requiem ဝတ္တုကို အခြေခံပြီး ခေတ်သစ်ပါရီတွင် ဇာတ်အိမ်တည်ပြီး ဇာတ်လမ်းအကျဉ်းမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးရေးနှင့် တားဆီးကာကွယ်ရေးတပ်မမှ အဆင့်မြင့်ရဲအရာရှိ အန်တွိုင်း ဆာဒါကို ပြင်သစ်အမျိုးသားရဲတပ်ဖွဲ့ရဲချုပ်၏ အမိန့်ဖြင့်  ရာဇဝတ်မှုတိုက်ဖျက်ရေးတပ်မသို့ ပြောင်းရွှေ့တာဝန်ပေးလိုက်ပါတယ်။ထို့နောက် သူသည် သူ၏လုပ်ဖော်ကိုင်ဖက်များနှင့် တပ်ဖွဲ့ကို ကျောခိုင်းလိုက်ပါတယ်။

နောက် ၁၃ လကြာသောအခါ ၂၄ နာရီအတွင်း သူ၏ တပ်ဖွဲ့ဟောင်းမှ အရာရှိ ၂ ဦး သတ်ဖြတ်ခံရပါတယ်။တတိယတစ်ယောက်သည်လည်း ပဟေဠိဆန်ဆန် ပျောက်ဆုံးသွားသောအခါ သူကိုယ်တိုင် သီးခြားစုံစမ်းစစ်ဆေးရန် အန်တွိုင်း ဆာဒါ ဆုံးဖြတ်လိုက်ပါတယ်။သူ၏ စုံစမ်းစစ်ဆေးမှုသည် ရဲတပ်ဖွဲ့အတွင်း ပြင်းထန်သော အားပြိုင်မှုကို ဖော်ထုတ်လိုက်ပြီး သူ့ဘဝကိုလည်း ကြောက်မက်ဖွယ်ကောင်းသော သံသရာလည်မှု ဖြစ်စေခဲ့ပါတယ်။

ထိုဇာတ်လမ်းတွဲကို အမြန်ထုတ်လွှင့်နိုင်ဖို့ စိုင်းပြင်းနေကြောင်း ဆိုပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - What's on Netflix