【 နိုင်ငံတကာ အားကစား 】 တရုတ်လက်ဝှေ့မယ် ဇောင်ဝေ ပြည်တွင်းပြိုင်ဘက်ကို အနိုင်ယူပြီး UFC စတားဝိတ်တန်း ချန်ပီယံခါးပတ်ကို ကာကွယ်

【 နိုင်ငံတကာ အားကစား 】 တရုတ်လက်ဝှေ့မယ် ဇောင်ဝေ ပြည်တွင်းပြိုင်ဘက်ကို အနိုင်ယူပြီး UFC စတားဝိတ်တန်း ချန်ပီယံခါးပတ်ကို ကာကွယ်

ပေကျင်း၊ ဧပြီ - ၁၅
 
UFC ပြိုင်ပွဲသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် တရုတ်အမျိုးသမီး တိုက်ခိုက်ရေးသမားနှစ်ဦးဖြစ်သည့် ဇောင်ဝေနှင့် ယမ်ရှောင်အိုနမ်တို့ စနေနေ့က ပါရာဒိုက်နီဗားဒါးရှိ မိုဘိုင်းကြိုးဝိုင်းမှာ UFC 300 ၌ ချန်ပီယံလုပွဲ၌ ထိပ်တိုက်တွေ့ဆုံခဲ့ကြရာ ဇောင်ဝေက ပြိုင်ဘက်ကို ငါးချီထိုးသတ်ပြီး ဒိုင်အဆုံးအဖြတ်ဖြင့် UFC စတားဝိတ်တန်း ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့ကြောင်း သိရပါတယ်။
 
ဇောင်က ယခင်ထိုးသတ်သည့် အနိုင်ရသော ၁၇ ကြိမ်တွင် ၈ ကြိမ်မှာ အလဲထိုးဖြင့် အနိုင်ရခဲ့တာ ဖြစ်ပြီး ယမ်ကို ဇောင်က ပြိုင်ပွဲအတွင်း အကြိမ်ကြိမ်လှဲချနိုင်ခဲ့ပါတယ်။
 
ဆန့်ကျင်ဘက်အနေဖြင့် ရမ်ကို လှဲချကာ ပွဲကို ဦးဆောင်ရန် အခွင့်အရေးများစွာ ရခဲ့သော်လည်း ဇောင်မှာ ဒုတိယအချီတွင် သိသိသာသာ မောပန်းလာခဲ့သဖြင့် ယမ်မှာ ထိုအနေအထားမှ အကြိမ်ကြိမ်လွတ်မြောက်ခဲ့ပါတယ်။
 
စနေနေ့က အောင်ပွဲသည် ဇောင်၏ ပဉ္စမမြောက် ချန်ပီယံဆုဖလားပြိုင်ပွဲဖြစ်ပြီး အမျိုးသမီးစတားဝိတ်တန်း တိုက်ခိုက်ရေးသမားအားလုံးတွင် ဒုတိယအများဆုံးရရှိမှုဖြစ်ကာ ပိုလန်၏ အကောင်းဆုံး တိုက်ခိုက်ရေးသမား ဂျိုနာဂျာဒရီဇစ်စကီး၏နောက်တွင် ဒုတိယမြောက် အနိုင်ရမှုအများဆုံး ဖြစ်ခဲ့ပါတယ်။
 
“ယမ်ဟာ တိုက်ခိုက်ရေးစစ်သည်တော်လိုပါပဲ။သူမရဲ့ခံနိုင်ရည်က အလွန်ကောင်းပါတယ်” လို့ ဇောင်က ထိုးသတ်အပြီးမှာ ပြောခဲ့ပါတယ်။
 
“ကျမ သူမကို အရမ်းလေးစားပြီး ဒီပွဲပြီးရင် သူငယ်ချင်းတွေဖြစ်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြိုင်ဘက်ကို လေးလေးစားစား ပြောခဲ့ပါတယ်။
 
စိုးချစ်
သတင်းရင်းမြစ် - CMG