【 နိုင်ငံတကာ 】ကုလညီလာခံတွင် ဆော်လမွန်ကျွန်းစုဝန်ကြီးချုပ်က ဂျပန်ကို ဒေါသတကြီးအပြစ်တင်

【 နိုင်ငံတကာ 】ကုလညီလာခံတွင် ဆော်လမွန်ကျွန်းစုဝန်ကြီးချုပ်က  ဂျပန်ကို ဒေါသတကြီးအပြစ်တင်

(၇၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အထွေထွေဆွေးနွေးပွဲ၏ စက်တင်ဘာ ၂၂ ရက်တွင် ဆော်လမွန်ကျွန်းစု ဝန်ကြီးချုပ် ဆိုဂါဗားက ဂျပန်၏ နျူကလီးယားညစ်ညမ်းသော ရေများကို စွန့်ထုတ်ခြင်းနဲ့ပတ်သက်ပြီး ပြစ်တင်ခဲ့ကြောင်း Agent France Presse ကဲ့သို့သော မီဒီယာများ၏ ဖော်ပြချက်အရ သိရပါတယ်။
ဆိုဂါဗားက “ ဆော်လမွန်ကျွန်းဟာ သန့်စင်ထားတဲ့ နျူကလီးယား စွန့်ပစ်ရေ တန်ချိန် ၁ သန်းကျော် ကို သမုဒ္ဒရာထဲကို စွန့်ပစ်ဖို့ ဂျပန်ရဲ့ ဆုံးဖြတ်ချက်ကြောင့် တုန်လှုပ်မိသလို ပစိဖိတ်ကျွန်းသားတွေရဲ့ စိတ်တူ ကိုယ်တူနဲ့ ရပ်တည်နေပါတယ်”လို့ပြောခဲ့ပါတယ်။ 
၎င်းက ဒီနျူကလီးယား စွန့်ပစ်ရေဟာ ဘေးကင်းတယ်ဆိုရင် ဂျပန်နိုင်ငံမှာ သိမ်းဆည်းထားသင့်ပါတယ်လို့ ပြောခဲ့ပါတယ်။ 
သမုဒ္ဒရာထဲကို အမှိုက်ပုံလို စွန့်ပစ်တာ ဘာကိုပြနေသလဲဆိုရင် နယ်နိမိတ်တွေ ဖြတ်ကျော်ကာ မျိုးဆက်တွေ  ဖြတ်ကျော်သက်ရောက်စေပြီး ကမ္ဘာလုံးဆိုင်ရာယုံကြည်မှုနှင့် စည်းလုံးညီညွတ်မှုကို တိုက်ခိုက်ခြင်းဘဲလို့ ပြောခဲ့ပါတယ်။
 
ဒါကြောင့် ဂျပန်ရဲ့ ဆုံးဖြတ်ချက်က ဘာကိုရှင်းရှင်းလင်းလင်းပြနေသလဲဆိုရင် ကျွန်ုပ်တို့အသက်ရှင်မှုနဲ့  ကျွန်ုပ်တို့လူတွေက ဘာမှအရေးမကြီးဘူးဆိုတာပါဘဲ။
  
နယူးယောက်၊ စက်တင်ဘာ  ၂၅